Uber EATS ရဲ့ deli သမားတို့ကြုံတွေ့ရတဲ့ ထူးဆန်းအံ့သြဖွယ်ရာများ

ကိုရိုနာကြောင့် အပြင်မထွက်ဖို့ယာယီသတိပေးခြင်းခံရတဲ့လူတွေများလာတာကြောင့် အလျင်အမြန်ပဲစီးပွားရေးတိုးတက်လာတာကတော့ စားစရာတွေပို့ပေးရတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။
ထိုအထဲမှာလည်း ဂျပန်မှာတော့ Uber EATS ကနာမည်ကြီးပြီး၊ ဘယ်သူမဆို deli service man ဖြစ်နိုင်တယ်ဆိုပြီး တီဗွီအစီအစဥ်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ခေါ်ယူလာပါတယ်။

https://english.kyodonews.net/news/2020/07/bbe3f0d19ff7-uber-eats-union-wants-better-accident-compensation-amid-virus.html

ဒါပေမဲ့ ဒီလိုပုံစံနဲ့ deli သမားတွေကိုခေါ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်အရည်အသွေးကွဲပြားမှုများစွာရှိပြီး ဖောက်သည်တွေကလည်း မကြာခဏ complain တက်မှုတွေရှိပါတယ်။
ဒါပေမဲ့ ဒီ complain က deli သမားတွေအတွက် ကောင်းဖို့ဖြစ်လာတာတွေလည်းရှိပါတယ်။

ဝန်ဆောင်မှုမကောင်းတဲ့ deli သမားတွေထဲမှာတောင် ကြိုးစားရှာပါတယ်လို့ အကဲဖြတ်ပေးတဲ့ customers တွေလည်းရှိပါတယ်။
Tip money ပေးတဲ့ customers တောင်ရှိပါတယ်။ ဒါပေမဲ့ ဂျပန်မှာ Tip money ပေးတဲ့အလေ့အထတော့မရှိဘူးပေါ့…

ဒီလို ကြိုးစားတဲ့ deli သမားတွေကို တစ်ဖက်သတ်တိုက်ခိုက်တဲ့ customers တွေလည်းရှိနေပြန်ပါတယ်။

အိမ်ကိုပစ္စည်းပို့တယ်ဆိုတာက ထိုအိမ်ရဲ့ ကိုယ်ရေးကိုယ်တာအချို့ကိုပါ မြင်လိုက်ရတဲ့သဘောပါ။
အင် “ ဘယ်လိုလူလဲ?” ဆိုပြီးပြောသူတွေရှိပါတယ်။

ဘယ်လိုလူတွေလဲဆိုတော့…
ဝတ်စလစ်နဲ့အမျိုးသမီး


အိမ်ရှေ့တံခါးကိုဖွင့်လိုက်တဲ့အခါ ဝတ်စလစ်နဲ့အမျိုးသမီးက ပြုံးပြုံးကြီးနဲ့စောင့်နေခဲ့တယ်။ တစ်ခုခုရှိနေပုံရပါတယ်။
ဘဲလ်သံမြည်ပြီး အထဲကနေတံခါးဖွင့်လာတဲ့အခါ အမျိုးသမီးကပြုံးပြုံးကြီးနဲ့စောင့်နေတယ် ဒါပေမဲ့ သူမှာအဝတ်မပါဘူး။
ဒါဘာလဲ သူမအိမ်အလည်လာဖို့ဖိတ်ခေါ်ခံရသလိုနဲ့… ဒါပေမဲ့အဲ့ဒီလိုမဟုတ်ဘဲ သူမကပြုံးပြုံးနဲ့ပစ္စည်းလက်ခံပြီး အေးဆေးပဲငွေရှင်းပေးတယ်..
အဲ ဒါဆိုဘာလို့ကိုယ်လုံးတီးနဲ့လဲ?

ဒီလိုဝတ်စလစ်ကိစ္စနောက်တစ်ခုလည်း ရှိပါသေးတယ်။
ဒီတစ်ခါတော့ မိန်းကလေးကရှက်ပြီး လက်နဲ့ဖုံးဖိရင်းထွက်လာတယ်။
အခန်းထဲမှာတော့ တစ်ခွီးခွီးနဲ့ရယ်နေတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။
ဒါဟာ ဒီမိန်းကလေးကိုအပြစ်ပေးအရှက်ခွဲတာပဲဆိုတာကို နားလည်ရပါတယ်။
ဒါပေမဲ့ ပထမပြုံးနေတဲ့အမျိုးသမီးကိုတော့ ဘယ်လိုမှနားမလည်ပါဘူး…..

 

တစ်ခန်းထဲမှာပဲ နာမည်ကွဲနေတယ်။
Uber EATS ကဘယ်လောက်အထိ ဝန်ဆောင်မှုကောင်းလဲဆိုရင် တစ်ခါသုံးလိုက်တာနဲ့အဲ့ဒီအဆင်ပြေမှုကိုသဘောကျကြလို့ အမြဲတမ်းအသုံးပြုကြတဲ့ customers တွေရှိပါတယ်။
ဒါပေမဲ့ အိမ်နံပါတ်တူနေတာတောင် အကြိမ်တိုင်း customers နာမည်တွေကပြောင်းနေတယ်။
ကွန်ဒိုဖြစ်လို့ အိမ်နံပါတ်များမှားနေသလားထင်ပြီး ပြန်ကြည့်တော့လည်း အိမ်နံပါတ်ကအမှန်ပါပဲ။
မှာတဲ့လူကတိုက်ရိုက်ထွက်မယူဘဲ အိမ်အဝင်အဝမှာပဲထားခဲ့ပါလို့ မှာထားတာကြောင့်လည်း လူတစ်ယောက်တည်းကပဲ နာမည်အမျိုးအမျိုးသုံးနေတာလား? ဒါမှမဟုတ် ဒီအိမ်ထဲမှာလူအများကြီးစုပြီးနေနေတာလား? စတဲ့ဇဝေဇဝါဖြစ်စရာတွေ ရှိလာပြန်ပါတယ်။

 

ကျေးဇူးတင်ကြောင်းထုပ်ပိုးတဲ့စာရွက်
ငယ်ငယ်ရွယ်ရွယ်မိန်းကလေးကို deli ပို့ပေးခဲ့ချိန် ဒီစာရွက်ကိုလက်ခံရရှိခဲ့ပါတယ်တဲ့….


https://fundo.jp/284227

“ お疲れ様です” တာဝန်ကျေပါတယ် လို့ရေးထားတဲ့ စာရွက်..
ယူပြီးပြန်လာလို့ဖွင့်ကြည့်လိုက်ချိန်၊ စာနဲ့အတူချောကလက်၊ နောက်ပြီး ပိုက်ဆံပါထည့်ထားတယ်။


“ နောက်ကျတဲ့အထိ deli ပို့ပေးလို့ ပင်ပန်းသွားပါပြီ။.
convenience stores ကကော်ဖီပဲဖြစ်ဖြစ် ဒီနေ့ပြီးရင်သောက်လိုက်ပါ။ “

ဒါရေးပေးတဲ့ customer က အထက်တန်းကျောင်းသူသာသာပဲ ရှိသေးတယ်တဲ့…
စိတ်ထားလေးက ချီးကျူးစရာပါ။

နောက်တစ်မျိုးကတော့ လုံးဝနားမလည်နိုင်တဲ့ကိစ္စပါ။

လိပ်စာကိုတမင်သက်သက်အမှားထည့်ထားတဲ့လူ…
ရေးထားတဲ့လိပ်စာအတိုင်းရောက်သွားတဲ့အခါ ဘယ်သူမှမမှာထားပါဘူးလို့ပြောပြီး၊ မှာယူသူရဲ့အချက်အလက်အရ ဖုန်းနံပါတ်ကိုဆက်ကြည့်တဲ့အခါ
“ လိပ်စာကိုသင့်တော်သလိုထည့်လိုက်လို့ ဒီကိုပဲယူလာပါ” ဆိုပြီး လိပ်စာပြောင်းသွားပြန်တယ်။
ဒုတိယလိပ်စာအတိုင်းသွားပြန်တော့လည်း နောက်ကျတယ်ဆိုပြီး ဒေါသထွက်တယ်။
ဒီ customer , ဦးနှောက်မှကောင်းသေးရဲ့လားမသိဘူးနော်?

 

နောက်တစ်မျိုးကတော့
customer တစ်ယောက်ဆီကနေ အော်ဒါရရှိပြီး deli ပို့ဖို့သွားတဲ့အခါ နေရာကသင်္ချိုင်းအနီးအနားဖြစ်နေတယ်။
ည ၉ နာရီ သင်္ချိုင်းအနီးကိုမဖြတ်သွားချင်ပေမဲ့၊ လက်ခံပြီးသားကိုပြန်ငြင်းဖို့လည်းမရ ဖြစ်သွားပါတယ်။
ကြောက်ကြောက်နဲ့သွားရင်း ပေးထားတဲ့လိပ်စာ ၃ လွှာတိုက်ကိုရောက်တဲ့အခါ၊ ထပ်ကြုံရတာက မှောင်မည်းနေတဲ့လှေကားပါပဲ။ ဖြစ်ချင်တော့ အဲ့ဒီနေရာကမီးပျက်နေတာပါ။

နည်းနည်းအလင်းရောင်ရတဲ့နေရာရောက်မှာ သတိထားမိလိုက်တာက..
ညာဘက်လက်မှာ အနီရောင်အရည်တွေစေးကပ်နေတာကိုပါ….

ဒါကလူသတ်ကားထဲကလို သွေတွေများဖြစ်နေမလားလို့ထင်လိုက်ပေမဲ့ တကယ်ကဆေးသုတ်ထားတဲ့နေကို သွားထိမိလိုက်တာပါတဲ့… ဒီထက်ပိုပြီးကြောက်စရာကောင်းတာ မရှိတော့ပါဘူး။

ဒီအလုပ်ဟာ ပျော်စရာတွေရော ကြောက်စရာကောင်းတာတွေအထိပါ ကြုံတွေ့ရမှာပါ။ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ privacy ရှိတာကြောင့် ဒါတွေကိုကြုံတွေ့ရတဲ့ deli သမားတွေရဲ့ဘဝကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: