မူလတန်းပထမနှစ်နဲ့ အစိုးရပညာရေးအပေါ်သံသယဝင်ခဲ့ပြီး အထက်တန်းပထမနှစ်မှာ ယခင်တက်ခဲ့တဲ့ကျောင်းကိုဝယ်လိုက်သူ !!!

သင်ကြားရေးမူဝါဒအသစ်သို့ပြောင်းလဲလာသလို ကိုရိုနာပြဿနာလည်းရှိတာကြောင့် မြန်မြန်ဆန်ဆန်ပဲ အလှည့်အပြောင်းတစ်ခုဖြစ်လာတဲ့
ဂျပန်နိုင်ငံရဲ့ပညာရေးလောက..
“ အဖွဲ့လိုက်” ကနေ “ တစ်ဦးချင်းစီ” ကိုဦးစားပေးတဲ့ direction သို့ပြောင်းလဲလာရင်းနဲ့ မူလတန်း ပထမနှစ်မှာ ဂျပန်နိုင်ငံရဲ့ပညာရေးကို
သံသယတွေဝင်လာပြီး၊ ရှိပြီးသားပညာရေးလမ်းစဥ်ကို ပြောင်းလဲချင်သူတစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။

မူလတန်း၊အလယ်တန်း၊အထက်တန်းအတွက်ရည်ရွယ်ပြီး “ မိမိတို့ဘဝအတွက် တိုးတက်မှုစွမ်းအားကို ပျိုးထောင်ပေးဖို့
ပညာရေးအစီအစဥ်ကိုပေးမယ့် TimeLeap ဆိုတဲ့ကုမ္ပဏီရဲ့ ကိုယ်စားလှယ်အဖြစ်လုပ်သွားမယ့် 仁禮彩香(みれい あやか)Mirei Ayaka ” ဆိုတဲ့မိန်းကလေးပဲဖြစ်ပါတယ်။

 

https://toyokeizai.net/articles/-/367260?ismmark=a

 

ဒီကုမ္ပဏီမှာကတော့ မူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းသားတွေကိုဦးတည်ပြီး “ မိမိရဲ့ကိုယ်ပိုင်ဘဝအတွက်တိုးတက်စေရန်စွမ်းအား”
ကိုသင်ကြားပေးမယ့် Education program ကို ပို့ချလျှက်ရှိပါတယ်။

မူလက မိမိကိုယ်ကိုဖော်ပြပြီး လူမှုအဖွဲ့အစည်းနဲ့ချိတ်ဆက်တဲ့ဘာသာရပ်ကို လေ့လာတဲ့ Leaper School ,
ငွေအကြောင်းကိုလေ့လာတယ်၊ လက်တွေ့ပရောဂျက်ကို လုပ်ဆောင်ခြင်းဖြင့် ငွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလေ့လာတဲ့ Money School
လို့ခေါ်တဲ့ ဒီprogram ၂ ခုကိုအကောင်အထည်ဖော်ခဲ့ပါတယ်။

နောက်ပြီး ကိုရိုနာရဲ့သက်ရောက်မှုကိုကြောင့်လည်း TimeLeap Academy ဆိုတာကိုပါ ထပ်မံဖွင့်ပြီး program ၃ ခုတည်ထောင်လိုက်ပါတယ်။

 

Online ကနေပဲ သင်ခန်းစာတွေကိုသင်ကြားနေတဲ့ ဒီ program ရဲ့အဓိကရည်ရွယ်ချက်က
မူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းသားတွေကိုဦးတည်တဲ့ စီးပွားစွမ်းဆောင်မှုပညာရေး ပဲဖြစ်ပါတယ်။
သို့သော် ဒီ program ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အရာက စစ်မှန်တဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

ကလေးတွေအတွက်ဦးတည်တဲ့ စီးပွားစွမ်းဆောင်မှုပညာရေး လို့ပြောပေမဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်ကအဲ့ဒါမဟုတ်ပါဘူး..
“ မိမိရဲ့ကိုယ်ပိုင်ဘဝအတွက်တိုးတက်စေရန်စွမ်းအား” ကို သင်ကြားပေးတာပဲဖြစ်ပါတယ်။
အဲ့ဒါရဲ့ရလဒ်အနေနဲ့ စီးပွားရေးလုပ်ငန်းအပေါ် ရွေးချယ်ထားသူအတွက်တော့ ကောင်းတယ်လို့ဆိုရပါမယ်….

仁禮 Mirei ဟာ မူလတန်းပထမနှစ်အချိန်က ရှိပြီးသားပညာရေးမှာ သံသယတွေကိုခံစားမိပြီး၊ ဘယ်လိုပုံစံက အကောင်းဆုံးဖြစ်မလဲ
ဆိုတာကိုစဥ်းစားရင်း အလယ်တန်း ဒုတိယနှစ်မှာ ဒီလုပ်ငန်းကို အစပြုလိုက်ပါတယ်.
ပညာရေးနဲ့ပတ်သက်တဲ့စီးပွားရေး၊ ကျောင်းသူ/သား နဲ့ လုပ်ငန်းအတွက်ဦးတည်တဲ့ လေ့ကျင့်မှု စတာတွေကို အစပြုစေခဲ့ပါတယ်။

 

ထို့နောက်အထက်တန်းပထမနှစ်မှာ သူမရဲ့ မိခင်ကျောင်းဖြစ်တဲ့ Shonan International School ကိုဝယ်ယူပြီး
အဲ့ဒါပြီးတဲ့နောက် ပညာရေးနဲ့ဆိုင်တဲ့စီးပွားရေးကိုအခြေပြုတဲ့ Hand-C(လက်ရှိ TimeLeap ကုမ္ပဏီ) ကိုတည်ထောင်လိုက်ပါတယ်။

 

မူလတန်း ပထမနှစ်နဲ့ ဘာကြောင့်အဲ့ဒီလိုသံသယစိတ်တွေရှိနေခဲ့သလဲ ဆိုတာကတော့ သူမ kindergarten မှာရရှိခဲ့တဲ့ပညာရေးကြောင့်ပဲလို့ ပြောပါတယ်။
သူမဟာ Shonan International School လို့ခေါ်တဲ့ Private school မှာ မူကြိုအရွယ်က တက်ရောက်ခဲ့ပါတယ်။

ဒီ kindergarten မှာ ပြဿနာတစ်စုံတစ်ခုဖြစ်ပွားတဲ့အချိန်၊ တစ်ခုခုကိုဆုံးဖြတ်ရမယ့်အချိန် ဆရာ၊ဆရာမတွေက
ချက်ချင်းကြားဖြတ်ဝင်ပြီးမဆုံးဖြတ်ပေးလိုက်ဘဲ
“ ဘာကြောင့်ဒီလိုထင်ရသလဲ?” “ ဘာကြောင့်ဒီလိုလုပ်ရသလဲ” စတဲ့ တစ်ဦးချင်းတစ်ဦးချင်းရဲ့စဥ်းစားပုံကိုမေးပြီး အားလုံးလက်ခံတဲ့ process နဲ့
ကလေးအချင်းချင်း လေးလေးနက်နက်စကားပြောစေပြီးဖြေရှင်းတဲ့ ပညာရေးလမ်းစဥ်ပဲဖြစ်ပါတယ်။

နောက်ပြီး “ emotion” နဲ့ “ reason” ကိုခွဲခြားပြီးတွေးခေါ်တတ်ဖို့လည်းအသေးစိပ်သင်ကြားပေးကာ၊ မိမိလုပ်ချင်တဲ့အရာအပေါ်
ပိုပြီးဆန္ဒပြင်းပြလာဖို့ သင်ကြားပေးတယ်လို့ ဆိုပါတယ်။
မူလတန်းအရွယ် ရောက်လာချိန်မှာတော့ အစိုးရမူလတန်းကျောင်းကိုပြောင်းရပြီး ဒါသင်၊ဒါလုပ်ရုံပဲဆိုတဲ့
ပညာရေးလမ်းစဥ်အပေါ် သဘောမကျမှုကနေအစပြုခဲ့တယ်လို့
ပြောပါတယ်။

သဘောမကျမှုကို ခံစားပြီးတဲ့နောက် 仁禮さん ရဲ့အပြုအမှုဟာ အရမ်းကိုအံ့သြစရာကောင်းခဲ့ပါတယ်။
သူမတက်ခဲ့တဲ့ kindergarten ရဲ့ ကျောင်းအုပ်ကြီးနဲ့တိုက်ရိုက်တွေ့ဆုံပြီး တောင်းဆိုမှုကြောင့် မူလတန်းကျောင်းပြုလုပ်ခွင့်ရလိုက်ပါတယ်။
ဒုတိယနှစ်မှာပဲ အဲ့ဒီကျောင်းသို့ပြောင်းကာ လိုချင်ခဲ့တဲ့စံပြပညာရေးကို ရရှိခဲ့ပါတယ်။

 

သို့သော် သူမရဲ့အံ့သြစရာကောင်းပုံကတော့ အဲ့ဒီကျောင်းမှာပဲအေးအေးဆေးဆေး ပညာသင်သွားတာမဟုတ်ဘဲ၊ သူမ မကြိုက်တဲ့အချက်ကိုအသေးစိပ်
သိချင်တယ်လို့တွေးကာ အလယ်တန်းနှစ်ရောက်လာတဲ့အခါမှာတော့ ပုံမှန်ကျောင်းသို့ပြန်ပြောင်းခဲ့ပါတယ်။

နောက်ပြီး ဂျပန်ရဲ့ပညာရေးကို မပြောင်းလဲရင်မဖြစ်တော့ဘူးလို့တွေးကာ အလယ်တန်းဒုတိယနှစ်မှာ ပထမဆုံး ကုမ္ပဏီကိုထောင်ခဲ့ပါတယ်။

 

လုပ်ငန်းအစပြုဖို့ရင်းနှီးငွေကိုတော့ အရင်ကသွားတက်ခဲ့ဖူးတဲ့ Aikido သင်ပေးတဲ့ဆရာက ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ လုပ်ငန်းအစပြုမယ့် plan ကို
ရှင်းပြပေးပြီး ဆရာ့ထံကရင်းနှီးငွေရရှိခဲ့ပါတယ်။
မိဘတွေကတော့ ပုံမှန်လခစားဝန်ထမ်း ၂ ဦးပါ။

ဒါကြောင့် 仁禮さんရဲ့ သဘောထားကို သေသေချာချာနားမလည်ပေးနိုင်တဲ့အပိုင်းတွေလည်း များစွာရှိခဲ့ပေမဲ့၊ လုပ်ငန်းရဲ့ အကြောင်းအရင်းကခိုင်မာနေတာကြောင့် အားပေးမှုရခဲ့တယ်လို့ ဆိုပါတယ်။

 

 

နောက်ပြီး ပထမဖော်ပြခဲ့တဲ့အတိုင်း အထက်တန်းပထမနှစ်အချိန်မှာပဲ မိခင်ကျောင်းဖြစ်တဲ့ Shonan International School ကိုဝယ်ယူလိုက်ပြီး
ကျောင်းရဲ့စီမံခန့်ခွဲမှုကို အစပြုခဲ့ပါတော့တယ်……

仁禮さんစဥ်းစားတဲ့ ဂျပန်ပညာရေးမှာ လက်ရှိလိုအပ်နေတာက ဘာဖြစ်မလဲ?

ဂျပန်နိုင်ငံရဲ့ပညာရေးက ပိုပြီးပြောင်းလဲမှုတွေဖြစ်သင့်တယ်။ အဲ့ဒီအတွက်လည်း လက်ရှိပညာရေးရဲ့ သွားနိုင်မယ့်အတိုင်းအတာကို ဘယ်လောက်အထိ
ချဲ့နိုင်မလဲ? အဲ့ဒီအဓိကအကြောင်းအရာကို တဖြည်းဖြည်းဆွဲထုတ်သွားရမယ့်အချိန်ပဲလို့ စဥ်းစားနေပုံရပါတယ်။

ကျောင်းဆရာ၊ဆရာမတွေက သင်ခန်းစာအပြင် လုပ်စရာတွေကများလွန်းပြီး စာသင်ချိန်မလောက်ပါဘူး။
ကျောင်းသားတွေရဲ့အနာဂတ်ကို ပိုပြီး focus ထားနိုင်ဖို့၊ ရုံးနဲ့ဆိုင်တဲ့အလုပ်ကို အခြားလူတွေက support လုပ်ပေးတဲ့ system
ပြင်ဆင်ဖို့လာအပ်လာပါပြီ…..

နောက်ပြီး ကြီးမားတဲ့ပြဿနာအနေနဲ့ လက်ရှိဂျပန်နိုင်ငံရဲ့ပညာရေးဟာ မိမိကဘယ်လိုလူမျိုးလဲဆိုတာသိဖို့
လမ်းကြောင်းပေးမှုက နည်းလွန်းတယ်လို့ဆိုပါတယ်။

 

 

သူမကိုယ်တိုင်က ပညာသင်ယူနေတဲ့အရွယ်ဖြစ်တာကြောင့်လည်းပဲ သဘောမကျမှုတွေကိုခံစားရခြင်းဖြစ်ပါတယ်။
ဒါကို အရွယ်ရောက်တဲ့အထိမပြောင်းလဲဘဲ ဆက်ပြီးသယ်သွားဖို့ကအခက်ဆုံးအလုပ်ပါတဲ့..!!!

မပြောင်းလဲဘဲထားမယ်ဆို ကျင့်သားရသွားတာတို့၊ လက်လျော့အရှုံးပေးတာတို့ ဝင်လာပြီး
ပြင်းပြတဲ့စိတ်အားထက်သန်မှုတွေလည်း ပျောက်ကွယ်သွားမှာပါ…..

ကျောင်းသူဖြစ်နေတာကြောင့် လုပ်နိုင်တာကို ချက်ချင်းအစပြုလိုက်တဲ့ 仁禮 Mirei ….!!!
သူမလိုမျိုးကလေးတွေက ဂျပန်နိုင်ငံရဲ့ပညာရေးကို ပြောင်းလဲပစ်မယ့်အချိန် ရောက်လာပြီလား? လို့ထင်မိပါတယ်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: