ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါကို သာမန်တုပ်ကွေးရောဂါအဖြစ် သတ်မှတ်လိုက်ပြီ

ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါဒဏ်ကို ၃ နှစ်တာအလူးအလဲ ခံပြီးနောက် အစိုးရက ဒီရောဂါနဲ့ပတ်သက်တဲ့ ဆေးပညာဆိုင်ရာစည်းမျဉ်းတွေကို လျှော့ချပြီး၊ တုပ်ကွေးရောဂါတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၇ ရက်က ကြေညာလိုက်ပါတယ်။
ကိုဗစ်ရောဂါကနေ ကာကွယ်ဖို့အတွက် ကိုယ်တိုင်သတိပြု လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါကျွမ်းကျင်ပညာရှင်တွေကတော့ ကူးစက်ခံရသူတွေ တိုးပွားလာနိုင်တာကြောင့် ဆေးကုသဌာနတွေကို အဆင်သင့်ပြင်ထားပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။
အစိုးရကတော့ positive ဖြစ်ရင် ကွာရန်တင်း ၇ရက်၊ ကူးစက်ခံရသူနဲ့ ထိတွေ့မိသူကို ၅ ရက်စတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါ ကူသဖို့အတွက်ကိုလည်း ဆေးရုံတက်ရင် လူနာကကျခံရမှာဖြစ်ပြီး၊ အထောက်အပံ့တွေကလည်း ဆက်ရှိနေဦးမှာပါ။ ကူးစက်ခံရရင်လည်း သာမန်ဆေးရုံတွေမှာပဲ တက်လို့ရနိုင်ပါပြီ။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: