(၅)ရက်နေ့၊ တိုကျိုမြို့ကူးစက်လူနာအသစ် ၂၆၉ ဦးရှိကြောင်းအတည်ပြု

တိုကျိုမြို့အတွက်ကတော့ ယနေ့ (၅)ရက်နေ့မှာ ကူးစက်လူနာအသစ် ၂၆၉ ဦးရှိကြောင်းအတည်ပြုခဲ့ပါတယ်။ ၄ ရက်နေ့က ၁၂၂ ဦး၊ ၃ ရက်နေ့က ၂၀၉ ဦးရှိခဲ့ပါတယ်။

ကူးစက်အတည်ပြုခဲ့သူတွေထဲမှာ အသက် ၁၀ နှစ်ကနေ အသက် ၉၀ နှစ်အတွင်းအမျိုးသားအမျိုးသမီး စုစုပေါင်း ၂၆၉ ဦးတို့ဖြစ်ပါတယ်။ နှစ်အလိုက်အသက်အရွယ်အားဖြင့်
အသက် ၂၀ နှစ် = ၇၇ ဦး
အသက် ၃၀ နှစ် = ၅၅ ဦး
အသက် ၄၀ နှစ် = ၅၀ ဦး
အသက် ၅၀ နှစ် = ၂၈ ဦးတို့ဖြစ်ပြီး
ရောဂါလက္ခဏာပြင်းထန်နိုင်တဲ့ အသက် ၆၅ နှစ်နှင့်အထက်လူကြီးများ = ၃၀ ဦးတို့ဖြစ်ပါတယ်။
ယနေ့လည်း ရောဂါလက္ခဏာပြင်းထန်သူ ၃ ဦးတိုးလာတာကြောင့် စုစုပေါင်း ၃၈ ဦးထိရှိလာပါတယ်။ တိုကျိုမြို့စုစု‌ပေါင်း ကူးစက်လူနာတွေကတော့ ၃၁,၈၉၄ ဦးရှိနေပါပြီ။

အုပ်ချုပ်ရေးမှူး Koike က အပြင်မှာအေးလာပေမဲ့ အခန်းတွင်းလေဝင်လေထွက်ကောင်းမွန်အောင်လုပ်ဖို့တောင်းဆိုထားပါတယ်။ ထို့အတူပဲ နှစ်ကုန်နှစ်သစ်ကူးအချိန်အခါတွေမှာ စားပွဲသောက်ပွဲတွေပိုတိုးလာမယ်လို့ခန့်မှန်းထားပေမဲ့၊ အခြေခံအဆင့်ကူးစက်မှုကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေကို သေချာစွာအကောင်အထည်ဖော်စေချင်တယ်လို့ ပြောထားပါတယ်။
source:ANN

JAPO Myanmar

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: