ပြိုင်ပွဲပေါင်း ၁၁၃ ခုမှာ အနိုင်ရမှုက သုည !!! (အနိုင်မရခြင်းဖြင့်နာမည်ကြီးတဲ့ပြိုင်မြင်း ဟရုအုရရ)

လျှင်မြန်စွာပြေးနိုင်စေဖို့အတွက် မျိုးရိုးကိုထိန်းချုပ်မှုပြုလုပ်ပြီးမှ မွေးလာတဲ့မြင်းကို သိန္ဓောမြင်းလို့ခေါ်ပါတယ်။
ဘယ်မြင်းထက်မဆို မြန်မြန်ပြေးနိုင်စေဖို့ကိုပဲအဓိကထားပြီး မွေးမြူထားတဲ့မြင်းတွေဖြစ်တာကြောင့် လေ့ကျင့်ရေးကျောင်းတွေဘက်ကလည်း အံ့သြစရာကောင်းလှတဲ့ငွေပမာဏ ကုန်ကျနေပါတယ်။


အနိုင်ရရင် ဆုကြေးငွေရမှာဖြစ်ပါတယ်။
ရှုံးရင်တော့ ပြိုင်ပွဲမှာတောင် တော်တော်နဲ့ ဝင်ပြိုင်နိုင်တော့မှာမဟုတ်ပါဘူး?
ပြီးတော့ အသတ်ရခံရတဲ့မြင်းတွေကလည်း မနည်းမနောပါဘဲ။
အနိုင်မရရင် အသက်မရှင်နိုင်တဲ့ ကြမ်းတမ်းတဲ့လောကကြီးမှာ တစ်ခါမှအနိုင်မရဘဲနဲ့ လူကြိုက်အရမ်းများနေတဲ့ မြင်းတစ်ကောင်ရှိနေပါတယ်။

အဲ့ဒါကတော့ မြင်းလေး ဟရုအုရရ ဖြစ်ပါတယ်။


https://www.sankei.com/gallery/20180822-XNX6VMSDJRMZVG5II2E2LET2BY/

တစ်သက်တာလုံးမှာ ပြိုင်ခဲ့တဲ့ပြိုင်ပွဲက ၁၁၃ ပွဲ။
နိုင်ခဲ့တဲ့ပြိုင်ပွဲကတော့ သုညပါ။
ဒါဆို တစ်ခါလေးတောင် မနိုင်ခဲ့ဖူးဘူးပေါ့။

ဒါပေမယ့် ဟရုအုရရက သန်မာပြီးတော့ ပြိုင်ပွဲတွေ ဆက်တိုက်ယှဥ်ပြိုင်နိုင်တဲ့အတွက် နှစ်စဥ် ပွဲစဥ် ၂၀ လောက် ပြေးနိုင်ပါတယ်။
မနိုင်လည်း ပြိုင်ပွဲဝင်အသစ်အနေနဲ့ ယန်း ၆ သောင်း (မြန်မာငွေ ၇ သိန်းခွဲခန့်) လောက် ရနိုင်တဲ့အတွက် တစ်နှစ်ကို ယန်း ၁၂ သိန်းလောက် (မြန်မာငွေ သိန်း ၁၅၀ ခန့်) ရရှိနိုင်ပါတယ်။
ဒါပေမယ့် ဟရုအုရရရဲ့ မွေးမြူရေးကုန်ကျစရိတ်ကတော့ တစ်နှစ်ကို ၁၃ သိန်းကနေ ၁၄ သိန်းကြား (မြန်မာငွေ ၁၅၆ သိန်း ကနေ ၁၆၈ သိန်းခန့်) ကုန်ကျတဲ့အတွက် အနှုတ်တောင် ထွက်နေပါသေးတယ်။
ဒါပေမယ့် အနှုတ်ပြငွေပမာဏက နည်းပါးတဲ့အတွက် “ ပြေးနိုင်တဲ့အချိန်တော့ ပြေးခိုင်းဦးမယ်” ဆိုပြီး မစွန့်ပစ်ဘဲ ဆက်တိုက်အနိုင်မရတဲ့မှတ်တမ်းကိုပဲ ယူဖို့ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့
“ အနိုင်မျဥ်းကို လုံးဝမထိတဲ့မြင်း”

ဆိုတဲ့ သတင်းနဲ့ကျော်ကြားသွားပါတော့တယ်။ ပြီးတော့ ဟရုအုရရရဲ့ လောင်းကြေးလက်မှတ်ဟာ ယာဥ်အန္တရာယ်ကင်းရှင်းမှုထိန်းသိမ်းရေးအဖြစ် နာမည်ကြီးလူကြိုက်များလာခဲ့ပါတယ်။

လုံးဝမထိဘူး →ယာဥ်အန္တရာယ်ကင်းရှင်းမှု
ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ တစ်ခုခုနဲ့ ထိတိုက်တယ်ဆိုတာကို “Ataru_ထိသည်” ဆိုတဲ့ စကားလုံးနဲ့ သုံးပါတယ်။
တစ်ခုခုနဲ့ မထိတိုက်ဘူးဆိုတာက ယာဥ်နဲ့မတိုက်ဘူးဆိုတာကို သွယ်ဝိုက်ပြောသလိုပေါ့။
ဒီအတွေးတွေးမိတဲ့သူက ဉာဏ်ကောင်းလိုက်တာနော်။

https://canlubang.exblog.jp/111166/

ဒီဟရုအုရရမြင်းရဲ့ လောင်းကြေးလက်မှတ်တစ်ခုတည်းက ပြိုင်ပွဲတစ်ခုတည်းမှာ ၁၂၁၇၅၀၀၀၀ ယန်းဖိုး ရောင်းချခဲ့ဖူးပါတယ်။ မီဒီယာတွေမှာလည်း ဖော်ပြခြင်းခံခဲ့ရပြီး ဆက်တိုက်အနိုင်ရနေတဲ့ ထိပ်ဆုံးပြိုင်မြင်းထက် အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ထူးဆန်းဖွယ်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
ကုန်ပစ္စည်းတွေလည်း ရောင်းချနိုင်တဲ့အတွက် အဲ့ဒီကနေ ရတဲ့ငွေကြေးဟာ ပြိုင်ပွဲကနေရတဲ့ဆုကြေးထက်တောင် ကျော်လွန်သွားပါတယ်။

ပြိုင်ပွဲပေါင်း ၁၀၉ ပွဲဆက်တိုက်ရှုံးပြီးတဲ့နောက် ၁၁၀ ပြိုင်ပွဲမြောက်မှာတော့ နံပါတ် ၂ ရခဲ့တဲ့အတွက် ဆက်တိုက်အနိုင်မရတဲ့မှတ်တမ်း ရပ်သွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တစ်ကြိမ်မှ ပထမဆုမရဖူးဘဲနဲ့ အနားယူလိုက်ပါတော့တယ်။

ပုံမှန်အားဖြင့် ပြိုင်ပွဲမှာ ပြိုင်စေတဲ့ သိန္ဓောမြင်းကို အနားယူပြီးတဲ့နောက် အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါတယ်။

・သားဖောက်မြင်းဖြစ်သွားခြင်း
ဆက်တိုက်အနိုင်ရတဲ့ သန်မာတဲ့မြင်းဟာ သန်မာတဲ့မြင်းငယ်ကို မွေးဖွားပေးချေ မြင့်မားတဲ့အတွက် သားဖောက်ဖို့ ချန်ထားကြပါတယ်။

・လူစီးမြင်းအဖြစ် ချန်ထားခြင်း
အချို့မြင်းတွေကိုတော့ လူစီးမြင်းအနေနဲ့ ပြန်လည်ပြုစုပျိုးထောင်ပေးပြီး ဖြည်းဖြည်းချင်း ပြေးနိုင်အောင် သင်ကြားပေးလျက်ရှိပါတယ်။

・စားသောက်ရန်အသားဖြစ်သွားခြင်း
ဂျပန်လူမျိုးတွေက မြင်းသားကို ဆာရှိမိနဲ့ စားကြပါတယ်။
ပြိုင်မြင်းဘဝကို အနားယူလိုက်တဲ့မြင်းရဲ့ ၉၀% ဟာ အသတ်ခံရပါတယ်။
ဒဏ်ရာရသွားတဲ့မြင်းအများစုအတွက်တော့ ဒီတစ်လမ်းပဲ ရွေးချယ်စရာရှိပါတယ်။
စိတ်မကောင်းစရာဘဲနော်။ ပြိုင်မြင်းရဲ့ အသားကိုလည်း စားကြတာပဲလား။

အဲ့ဒီရွေးချယ်စရာတွေထဲကမှ ဟရုအုရရလေးဟာတော့ ချိဘခရိုင်ရဲ့ မွေးမြူရေးခြံမှာ စိတ်အေးလက်အေးနဲ့ သူ့ရဲ့ ကျန်ရှိတဲ့ဘဝကို ဖြတ်သန်းနေပါတယ်။
အခုတော့ ဟရုအုရရမှာ အလုပ်အသစ်ရသွားပါပြီ။
ချိဘခရိုင် ရဲစခန်းရဲ့ ပိုစတာမှာ မော်ဒယ်အနေနဲ့ပေါ့။

ကားနဲ့ လုံးဝ မတိုက်မိစေနဲ့နော်။

အနိုင်မရခြင်းနဲ့ လူကြိုက်များလာပြီး အနိုင်မရခြင်းဆိုတဲ့အချက်နဲ့ ငြိမ်းချမ်းတဲ့လူမှုဘဝကို ဖော်ဆောင်ပေးတဲ့ ပြိုင်မြင်းကလေး။
ဒါမျိုးဥပမာကတော့ တော်တော်နဲ့ရှိတော့မှာ မဟုတ်ဘူးလို့ထင်ပါတယ်။

အားလုံးလည်း ဟရုအုရရလေးပိုစတာလေးကို ကြည့်ပြီး ယာဥ်မတော်တဆမှုကိုလည်း ဂရုစိုက်ကြပါနော်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: