Made in JAPAN ဆိုင်ကယ်တွေကို ကမ္ဘာ့အဆင့်ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ပြိုင်ကားသမား

၂၀၂၂ ခုနှစ် မတ်လ၊ ပြိုင်ကားမောင်းသူဟောင်းဖြစ်တဲ့ Kunimitsu Takahashi ဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်

ဂျပန်နိုင်ငံရှိ မော်တော်ဆိုင်ကယ်လုပ်ငန်းကို များစွာပြောင်းလဲစေခဲ့သူပါ

သူသာမရှိခဲ့ဘူးဆိုရင် ဂျပန်နိုင်ငံက မော်တော်ဆိုင်ကယ်လုပ်ငန်းတွေဟာ အခုလို ကမ္ဘာ့အဆင့်မှီ ဖြစ်လာမှာမဟုတ်ပါဘူး

သူမရှိရင် ဂျပန်စက်ဘီးထုတ်လုပ်သူတွေဟာ ယနေ့ခေတ်မှာ ကမ္ဘာ့အဆင့်မီမှာ မဟုတ်ပါဘူး။

သူ့ရဲ့အောင်မြင်မှုတွေကို ပြန်ကြည့်ကြည့်လိုက်ရအောင်

HONDA ကိုလူတိုင်းသိမယ်ထင်ပါတယ်

အခုကတော့ ကားကိုအဓိကထားထုတ်လုပ်ပြီး၊ လေယာဥ်ပျံအထိပါ ထုတ်လုပ်နေပြီဆိုပေမယ့် စစချင်းမှာတော့ ဆိုင်ကယ်ထုတ်လုပ်ခဲ့တာပါ

ဂျပန်စစ်ပြီးပြီးချင်း HONDA တည်ထောင်သူ Soichiro Honda ဟာ လူအများ ဘာလိုချင်မလဲဆိုတာကို တွေးတောခဲ့ပါတယ်

ကိုယ်တိုင်ပိုင်ဆိုင်နိုင်တဲ့ မော်တော် (အင်ဂျင်ပါဝါ) ပါတဲ့စီးစရာ ယာဥ်တစ်ခု

ဒါကိုလည်း မြန်မြန်နဲ့ရောင်းထွက်မယ်လို့ တွေးခဲ့ပါတယ်

အဲ့ဒီအချိန်မှာ တစ်ဦးတစ်ယောက်ချင်းက ကား၊ ဆိုင်ကယ်လိုမျိုးတွေကို ပိုင်ချင်တယ်ဆိုပြီးမရှိခဲ့လို့ မရောင်းရခဲ့ပါဘူး

ငွေကြေးပြဿနာကြောင့်လည်းပါပါတယ်

အဲ့ဒါနဲ့ပဲသူဟာ ရှိနေပြီးသားစက်ဘီးမှာ အင်ဂျင်တပ်မယ်လို့ စဥ်းစားခဲ့ပါတယ်

ဂျပန်စစ်တပ်ကထုတ်ရောင်းတဲ့ အင်ဂျင်တွေနဲ့ ပြန်လည်တီထွင်ခဲ့တာပါ

အဲ့ဒီနောက်မှာ အင်ဂျင်တွေကုန်သွားတော့ ကိုယ်တိုင်ထုတ်လုပ်ဖို့ လိုလာပါတော့တယ်

တကူးတကထုတ်ရမှာဆိုတော့ ပိုပြီးအားကောင်းတာကို ထုတ်ချင်တယ်၊

ဒါပေမယ့် အင်ဂျင်ကို ပိုအားကောင်းအောင် လုပ်ရင် ဖရိန်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီအတွက်လည်း ဒီဇိုင်းထုတ်ထားရမယ်

ဒီလိုနဲ့ ဆိုင်ကယ်ထုတ်လုပ်သူဆိုပြီး စတင်ခဲ့တာပါ။

၁၉၅၀ ခုနှစ်မှာ

ကမ္ဘာ့နံပါတ်တစ် မော်တော်ဆိုင်ကယ်ပြိုင်ပွဲဖြစ်တဲ့ Isle of Man TT မှာဝင်ရောက်ယှဥ်ပြိုင်ပါတယ်

ရလဒ်အနေနဲ့ သူတို့မျှော်လင့်ထားတဲ့ ရလဒ်ကိုတော့ မအောင်မြင်နိုင်ခဲ့ပေမယ့်၊ Soichiro က ပြိုင်ပွဲမှာ အနိုင်ရမယ်လို့ ကတိပြုခဲ့ပြီး ကားနဲ့ ဆိုင်ကယ် နှစ်ခုစလုံးကို ထိပ်ဆုံးကို အဆင့်ထိရောက်အောင် ဆက်လက်ကြိုးစားခဲ့ပါတယ်

၁၉၅၈ခုနှစ်မှာ ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဆိုင်ကယ်ပြိုင်ပွဲမှာ အဲ့ဒီအချိန်က ၁၈ နှစ်သာရှိသေးတဲ့ Kunimitsu ဟာအနိုင်ရခဲ့ပါတယ်

ဒီမှာပဲ “Kunimitsu ရဲ့ဒဏ္ဍာရီ” ဟာစတင်ပါတော့တယ်

နောက်တစ်နှစ် ပြိုင်ပွဲမှာလည်း အနိုင်ရရှိပြီး

Honda ဆိုင်ကယ်နဲ့ ပြိုင်ပွဲဝင်ဖို့ကမ်းလှမ်းခံရတာကစပြီး သူ့ဘဝကပြောင်းလဲခဲ့ပါတော့တယ်

အနောက်ဂျာမဏီမှာကျင်းပတဲ့ ပြိုင်ပွဲမှာလည်း ဆက်ပြီး အနိုင်ရရှိခဲ့ပါတယ်

ဂျပန်လူမျိုးစီးတဲ့ ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်နဲ့ နိုင်ငံတကာမှ အနိုင်ရခဲ့ပါတယ်

စစ်ကြီးပြီးတဲ့နောက်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တဲ့ ဂျပန်နိုင်ငံအတွက် အလင်းရောင်အသစ် ဖြစ်စေခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်သွားပါတော့တယ်

Made in JAPAN ဆိုတာ ကောင်းတာမဟုတ်ဘူး၊ ချက်ချင်းပျက်တာလို့ အပြောခံရတာတွေ ပျောက်ကွယ်သွားတာကတော့ နှစ်လိုဖွယ်ကောင်းတဲ့ ရလဒ်တစ်ခုပါပဲ

HONDA ကိုအမှီလိုက်မယ်! ဆိုပြီး ဂျပန်နိုင်ငံမှာ ဆိုင်ကယ်ထုတ်သူတွေ ဆက်တိုက်ပေါ်လာပါတော့တယ်

YAMAHA、Kawasaki、SUZUKI。

အကုန်လုံးက ကမ္ဘာမှာ နာမည်ရနေတဲ့ brand တွေပါပဲ

ဂျပန်ဆိုင်ကယ်တွေက ကောင်းတယ်မပျက်ဘူးလို့ ပြောခံရစေခဲ့တဲ့၊ ဒီလိုပုံရိပ်ကို ဖန်တီးပေးခဲ့သူကတော့ ဒီပြိုင်ပွဲကစားသမား Kunimitsu ပါပဲ

ဂျပန်နိုင်ငံ နောက်ထပ်တိုးတက်အောင်မြင်ဖို့ Kunimitsu လိုလူတွေ လိုအပ်နေဦးမယ် ထင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: