“မေမေ သေချင်တယ်” ရေခဲမှတ်အောက်ထိရောက်နေတဲ့ မြို့တစ်မြို့မှာ ၁၄ နှစ်အရွယ် မိန်းကလေးကို အနိုင်ကျင့်ခဲ့တဲ့ ဖြစ်ရပ်မှန်

“ ဖြစ်နိုင်ရင် ငါ့ကလေးကို အပြစ်ပေးစေချင်တယ်”

၁၄ နှစ်အရွယ် မိန်းကလေးကို သေစေခဲ့တဲ့ အနိုင်ကျင့်မှု ကျူးလွန်သူရဲ့ ဖခင်က အခုလို ပြောခဲ့ပါတယ်။

2021 ခုနှစ် မတ်လ ဟော့ကိုင်းဒိုး၊ Asahikawa မှာ (၁၄) နှစ်အရွယ် Saaya Hirose ဟာ အေးခဲသေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

Saaya ဟာ အလွန်ပြင်းထန်စွာ အနိုင်ကျင့်ခံခဲ့ရတာ ထင်ရှားပါတယ်။

မတ်လမှာ Asahikawa ဆိုတဲ့နေရာဟာ အလွန်အေးပြီး အဲ့ဒီနေ့က အနုတ် ၁၇ ဒီဂရီရှိပါတယ်

ဒီအေးခဲတဲ့အအေးဒဏ်ကြားမှာ Saaya ဟာအိမ်မှထွက်ပြေးပြီး ပျောက်ကွယ်သွားခဲ့တာပါ။

နှင်းတွေက သူမအပေါ်ကို စုပုံသွားတာကြောင့် သူမကိုရှာဖွေရာမှာ နှောင့်နှေးစေခဲ့ပါတယ်။

Saaya ဟာ 2019 ခုနှစ် ဧပြီလမှာ ဒေသတွင်း အလယ်တန်းကျောင်းမှာ တက်ရောက်ရမှာပါ

 မူလတန်းကနေ ဒီအလယ်တန်းကျောင်းသို့ လူအနည်းငယ်သာ တက်ခဲ့ကြပါတယ်။

သူမသိတဲ့ ကလေးတွေနဲ့ အများကြီးနဲ့မို့ ဒီမှာနေနေရတာ အဆင်ပြေခဲ့ပုံမပေါ်ပါဘူး

 

ကျောင်းဆင်းတဲ့အခါ သူမဟာ ကျူရှင်ချိန်မရောက်ခင်အထိ ဖျော်ဖြေရေးနဲ့ပတ်သတ်တာကိုလေ့လာတာမျိုး၊ စာအုပ်ဖတ်တာမျိုး လုပ်နေခဲ့ပါတယ်

အဲဒီမှာ သူ့ထက် နှစ်နှစ်ကြီးတဲ့ Ako ကိုတွေ့ခဲ့ပါတယ်

အစပိုင်းတွင် သူမဟာ A-san နဲ့ ရင်းရင်းနှီးနှီး စကားပြောနေခဲ့ပြီး A ရဲ့ သူငယ်ချင်း B နဲ့ C က စကားဝိုင်းထဲဝင်လာပါတယ်

ညဘက်မှာတော့ သက်ဆိုင်ရာ နေအိမ်တွေကို ပြန်သွားကြပေမယ့် ဖုန်းပြောရင်း အွန်လိုင်းဂိမ်းတွေ ကစားခဲ့ကြပါသေးတယ်

ဂိမ်းကစားနေတုန်း မဖွယ်မရာပြောဆိုမှုတွေ များလာခဲ့ပြီး အဲ့ဒီကတည်းက ဒီ၃ယောက်က စအနိုင်ကျင့်ခဲ့ပုံရပါတယ်

Saaya မျက်နှာက အပြုံးတွေ ပျောက်ကွယ်သွားပြီး “ မေမေ၊ သေချင်တယ်… အရာအားလုံးကို မုန်းတယ်…”လို့စပြောလာပါတော့တယ်

 

အဲဒီနောက်မှာတော့ Saaya ဟာ ညနက်သန်းခေါင်မှာ အိမ်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။

သူ့အမေက သူ့ကို တားပေမယ့် သူက “ခေါ်ထားတာ၊ ဒါကြောင့် သွားရမှာ” လို့ ထိတ်လန့်စွာပြောခဲ့ပါတယ်။

သူ့အမေက သူ့ကို အတင်းအကြပ်တားခဲ့ပေမယ့် အိမ်ကြောမှာလည်က်လး ကြောက်လန့်နေခဲ့ပါတယ်

နောက်မှ သိလိုက်ရတာက C က Saaya ဆီ ဒီလို မက်ဆေ့ချ် ပို့ခဲ့တာပါပဲ

 

 အဝတ်မပါတဲ့ ဗီဒီယိုတွေ ပို့ပေး

ဓာတ်ပုံလည်းရတယ်

မပို့ရင် ရာဘာ (ကွန်ဒုံး) မပါဘဲ လုပ်မယ်

 

Saaya က အကြိမ်ပေါင်းများစွာ ငြင်းဆိုခဲ့ပေမယ့်၊ အကြမ်းဖက် ခြိမ်းခြောက်နေတဲ့ယောက်ျားလေးဖြစ်တဲ့  C ကို ကြောက်ရွံ့တာကြောင့် နောက်ဆုံးမှာ ညစ်ညမ်းဓာတ်ပုံတွေကို ပေးပို့ခဲ့ရပါတော့တယ်

အဲ့ဒီအချိန်ကစပြီး A နဲ့ B တို့လည်း ပါဝင်ပြီး အနိုင်ကျင့်တာက ပိုမိုပြင်းထန်လာပါတော့တယ်

 

Saaya ရဲ့မိခင်ဟာ သူမရဲဲ့ ဆရာမနဲ့ အကြိမ်ကြိမ် တိုင်ပင်ခဲ့ပေမယ့် “အနိုင်ကျင့်မခံရဘူး” လို့ပဲ ပြောခဲ့ပါတယ်

ဒီလိုဖြစ်နေတုန်းမှာပဲ Saayaရဲ့ ညစ်ညမ်းဓာတ်ပုံတွေဟာ ပျံ့နှံ့သွားပါတော့တယ်

အနိုင်ကျင့်မှုတွေက ပိုဆိုးလာပါတော့တယ်

 

Saaya ကို A နဲ့ အခြားသူတွေက ဖျော်ဖြေအကတိုက်မယ်လို့ခေါ်ပြီး မမြင်ရတဲ့နေရာမှာ တစ်ကိုယ်ရည်အာသာဖြေခိုင်းခြင်းကို ခံခဲ့ရပါတယ်

သူမ အနီးနားရောက်လာတဲ့ လူအရေအတွက် ပိုများလာပြီး Saaya လည်းမငြင်းဆန်နိုင်ခဲ့ပါဘူး

 

အနိုင်ကျင့်မှုကို သည်းမခံနိုင်တော့ဘဲ Saaya ဟာ နောက်ဆုံးမှာ 4 မီတာမြင့်တဲ့ ကမ်းပါးကနေမြစ်ထဲကို ခုန်ချသွားပါတော့တယ်

မခုန်ချခင်မှာ သူ့ အလယ်တန်းကျောင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ပါသေးတယ်

ဖုန်းလက်ခံရရှိခဲ့တဲ့ အမေဖြစ်သူဟာ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတဲ့အခါ စိုရွှဲနေတဲ့ Saaya ဟာ “သေချင်ပြီ” လို့အော်ဟစ်နေခဲ့တာပါ

 

အံ့သြစရာကောင်းတာက လူအများအပြားဟာ ရေထဲခုန်ချနေတဲ့ အခြေအနေကို ဝိုင်းပြီး စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ခဲ့နေခဲ့ကြတယ်လို့ဆိုပါတယ်

 

ကံကောင်းထောက်မစွာနဲ့ Saaya ဟာ ဒဏ်ရာအပြင်းအထန်မရခဲ့သော်လည်း ကျူးလွန်သူတွေက ရဲကို မှားယွင်းထွက်ဆိုခဲ့ပါတယ်။

“ Saaya ကို သူ့အမေက နှိပ်စက်တယ်၊ နာကျင်ရတာကြောင့် ခုန်ချသွားတာ”

 

ပိုဆိုးတာက ရဲတွေက ဒီထွက်ဆိုချက်ကို ယုံကြည်ပြီး Saaya ကို ခေါ်သွားတဲ့ ဆေးရုံကို မိခင်ကို လိုက်မပို့တော့ဘဲနေပါတယ်

အမေရဲ့ အနိုင်ကျင့်တဲ့ အထောက်အထားမရှိတာကို တွေ့ရှိပြီးနောက် ရဲတွေက ကောင်လေးတွေကို သံသယဖြစ်သွားပါတယ်

Saaya ရဲ့ ညစ်ညမ်းရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကို သူတို့ စမတ်ဖုန်းမှာ တွေ့ရှိရပြီး အနိုင်ကျင့်မှုရဲ့ အဖြစ်မှန်ကို သိသွားပါတော့တယ်

 

ဒါပေမယ့် ဂျပန်နိုင်ငံမှာ အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးတဲ့ အရွယ်မရောက်သေးသူ ဥပဒေရှိပြီး ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်း မခံရပါဘူး

ဒါနဲ့ပဲ သူတို့ လုံးဝနောင်တမရဘဲ ဗီဒီယိုတွေနဲ့ ပုံတွေကို ဆက်ပြီး ဖြန့်ကြပါတယ်

 

Saaya လည်း အခြားကျောင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် အနိုင်ကျင့်မှုရဲ့ သက်ရောက်မှုကြောင့် ကျောင်းဆက်မတက်နိုင်တော့ပါဘူး

အဲဒီကနေ ၁ နှစ်။

Saaya ပျောက်ကွယ်သွားပြီး ၁၀ ရက်အကြာ နှင်းတွေအောက်မှာ ရုပ်ပျက်ဆင်းပျက် အနေအထားနဲ့ ရှာတွေ့ခဲ့ပါတယ်။

 

Saaya ကို ဘယ်သူက သတ်ပစ်ခဲ့တာလဲ။

မုဒိမ်းကျင့်ခဲ့တဲ့ ကျောင်းသားတွေမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်

ဒါပေမယ့် ကျောင်းကရော?

ရဲတွေရော?

လူကြီးတွေဟာ Saaya ကို ကယ်တင်နိုင်ခဲ့သင့်ပါတယ်

 

ရက်စက်စွာ အနိုင်ကျင့်တဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ အရွယ်မရောက်သေးတဲ့ ဥပဒေက တကယ်လိုအပ်သလား?

 

ဒီလို ဆိုးဝါးတဲ့ ဖြစ်အပျက်မှာ ဂျပန်ရဲ့ အမှောင်ထုကို ခံစားရမိပါတယ်

 

မိဘများနဲ့အတူ တွေ့ဆုံမေးမြန်းခဲ့တဲ့ ကလေး A မှာ နောင်တရတာမျိုး မမြင်ခဲ့ရပါဘူး

Saaya ကွယ်လွန်ကြောင်း ကြားသိရတဲ့အခါ ဘာမှမစဉ်းစားမိကြောင်း ပြောခဲ့ပါတယ်

ခြိမ်းခြောက်အကျပ်ကိုင်တာ မရှိကြောင်းကိုပဲ ဆက်တိုက်ပြောနေခဲ့ပါတယ်

 

သူတို့ကို အကာအကွယ်ပေးဖို့ ဥပဒေ တကယ်လိုသလား?

 

ယောက်ျားလေး၊ မိန်းကလေးငယ်တွေရဲ့ ရာဇ၀တ်မှုတွေဟာ ရက်စက်ကြမ်းကြုတ်လာပါပြီ

ဂျပန်မှာ အရွယ်မရောက်သေးသူဥပဒေကို စဉ်းစားရမယ့်အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ပတ်ဝန်းကျင်က လူကြီးတွေက အကူအညီတောင်းနေတဲ့ ကလေးတွေရဲ့အသံကို ပိုပြီးလေးလေးနက်နက် နားထောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

 

ဒီလို ကြေကွဲဖွယ် အဖြစ်အပျက်မျိုး ဘယ်တော့မှ ဖြစ်မလာတော့ဘူးလို့ မျှော်လင့်ပါတယ်။

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: