အရိုးပြာလက်ဝတ်ရတနာကို ဂျပန်နိုင်ငံမှာလူကြိုက်များ

အရေးပါတဲ့သူတစ်ယောက်သာ သေဆုံးသွားခဲ့ရင် ………..

မီးသင်္ဂြိုဟ်ပြီး နောက်ဆုံး သင်္ချိုင်းမှာ မြှုပ်နှံလိုက်ကြရမှာပါ။

ကိုယ့်အနားမှာမရှိတော့တဲ့ခံစားချက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေကလွဲပြီးမသိနိုင်တဲ့ အထီးကျန်ဝမ်းနည်းမှုတွေရှိပါတယ်။

ဒီလောက်တောင်ချစ်ခဲ့ကြတဲ့သူတွေ ဒီလိုအဆုံးသတ်လိုက်ရတယ်ဆိုတာ တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။

ဂျပန်နိုင်ငံမှာ အခုတော့ ဒီလိုလူတွေအတွက်ရည်ရွယ်ပြီး ကျန်ရစ်နေခဲ့မယ့် လက်ဝတ်ရတနာတွေကို တဖြည်းဖြည်းနဲ့လူကြိုက်များလာခဲ့ပါတယ်။

 

ဘယ်လိုပုံစံတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

https://item.rakuten.co.jp/dearfamily/f00778/

ဒါကိုတော့ ကြည့်ရုံနဲ့သိမယ်ထင်ပါတယ်။

ဆွဲပြားလေးထဲမှာ အရိုးပြာတွေကို ထည့်ထားလို့ရပါတယ်။

Accessory တစ်ခုအနေနဲ့ ဝတ်ဆင်ထားမယ်ဆိုရင် ကိုယ်နဲ့အမြဲအတူရှိနေနိုင်ပါလိမ့်မယ်။

ဒီလိုနဲ့ အထီးကျန်မှုတွေ လုံးဝပျောက်ကွယ်သွားစေမှာတော့မဟုတ်ပေမယ့် အထီးကျန်မှုကို အနည်းအကျဥ်းတော့ သက်သာစေမှာသေချာပါတယ်။

 

နောက်ပြီး ကြည့်လိုက်တာအရိုးပြာထည့်ထားမှန်းမသိနိုင်တဲ့ ဒီဇိုင်းတွေရှိပါသေးတယ်။

https://item.rakuten.co.jp/kirakirame/180413014me/

https://item.rakuten.co.jp/e-butsudanya/btgtsubo30/

https://item.rakuten.co.jp/memoria-areca/towa-iris/

 

ဒါကို ကြည့်လိုက်ရုံနဲ့ အရိုးပြာထည့်ထားတယ်လို့မထင်ရလောက်အောင် သပ်ရပ်လွန်းလှပါတယ်။

နောက်ပြီး အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက်လည်းရှိပါတယ်။

https://item.rakuten.co.jp/dearpet/lu8451/

 

အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အတူနေထိုင်တဲ့သူတွေဆိုရင် သူတို့လေးတွေဟာလည်း မိသားစုဝင်တွေပါပဲ။

ဂျပန်နိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုပါ မီးသင်္ဂြိုဟ်ပေးတဲ့နေရာတွေရှိတာကြောင့် ပြာလေးတွေကိုဒီလိုသိမ်းထားလို့ရပါတယ်။

 

ဒါတွေအားလုံးထက် အံ့သြစရာကောင်းတာကတော့……….

ကျန်ရစ်ခဲ့တဲ့ပြာကနေ စိန်လုပ်လို့ရတယ်ဆိုတာကို ဗီဒီယိုထဲမှာ ကြည့်လိုက်နော်။

 

စိန်ဆိုတာဟာ မြေအောက်ရဲ့မြင့်မားတဲ့အပူချိန်၊ ဖိအားနဲ့ပတ်ဝန်းကျင်ကြောင့် ကာဗွန်ကနေ ပြောင်းလဲသွားတာဖြစ်ပါတယ်။

ဒါကို သိပ္ပံနည်းကျကျ ပြုလုပ်ထားတာဖြစ်ပါတယ်။

သူ့ရဲ့ကုန်ကြမ်းကတော့ အရိုးပြာကို 100% အသုံးပြုထားတာဖြစ်ပါတယ်။

https://www.algordanza.co.jp

သေချာသွေးထားတဲ့ကျောက်မြတ်ရတနာတွေကိုသွေးထားတာက ကောင်းပေမယ့် စိန်နဲ့လုပ်ထားတဲ့ကျောက်မြတ်ရတနာတွေက ပိုပြီးခိုင်ခန့်လိမ့်မယ့်ထင်ပါတယ်။

https://www.algordanza.co.jp/rough.html

လင်းလက်တောက်ပနေတဲ့ကျောက်တုံးထက် အတွင်းမှာပါဝင်တဲ့အရာကိုနှစ်သက်တဲ့ခံစားချက်နဲ့ ဝတ်ဆင်ရတဲ့လက်ဝတ်ရတနာက ပိုပြီးအဖိုးတန်လိမ့်မယ်ထင်ပါတယ်။

ဆုံးပါးသွားတဲ့သူကို အလေးအနက်ထားတဲ့ခံစားချက်ရှိနေတာကလည်း တကယ့်ကိုအရေးပါပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေဖို့မလိုပါဘူး။

အသက်ရှင်သန်နေတဲ့လူတစ်ယောက်ဟာ ဆက်ပြီးအသက်ရှင်သန်ဖို့ အရိုးပြာလက်ဝတ်ရတနာတွေကို အမြဲတမ်းဝတ်ဆက်ထားပြီး ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဘဝကိုရှင်သန်နေထိုင်တာက သေဆုံးသွားတဲ့သူအတွက်လည်း အထောက်အကူပြုစေမှာသေချာပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: