ဂျပန်လူမျိုးတွေရဲ့ အရင်းခံယုံကြည်ကြတဲ့ “ ရှင်းတိုး” ဆိုတာ …

ဂျပန်လူမျိုးတွေကို ဘာကိုးကွယ်လဲ? မေးလိုက်ရင် တော်တ်ောများများက၊ “ ဘာသာမဲ့ပါ” လို့ဖြေပါလိမ့်မယ်။
တကယ်တော့ ဒီလိုဖြေတာက အမှန်အတိုင်းပြောရရင် မှားနေပါတယ်။
ဂျပန်လူမျိုးတွေ ကိုယ်တိုင်တောင်မှ မသိကြတာများပြီး၊ ဂျပန်လူမျိုးတွေရဲ့ အခြေခံကိုးကွယ်မှုဟာ ရှေးခေတ်ကတည်းကရှိခဲ့တဲ့ ရှင်းတိုး ပဲဖြစ်ပါတယ်။

နတ်တွေဘာတွေမရှိဘူး၊ ကြိုက်သလို လုပ်ချင်သလိုလုပ်လို့ရတယ်!
လို့ပြောတဲ့ ဂျပန်လူမျိုးနည်းတာက၊ အမှားအမှန်ခွဲခြားသိပြီးပြုမူကြတဲ့ စိတ်ရင်းခံရှိတာကြောင့်လို့ ပြောကြပေမယ့်၊ ဒီစိတ်ရင်းခံရဲ့ အခြေခံက ရှင်းတိုး ပဲဖြစ်ပါတယ်။

ရှင်းတိုး ဆိုတာက နတ်ကွန်း တွေကိုသွားရောက်ရတဲ့ ဘာသာတရားဖြစ်ပြီး၊ တခြားဘာသာတရားတွေနဲ့ ကွာခြားပါတယ်။

အကြောင်းအရင်းတွေထဲက တစ်ခုကတော့ စတင်ဦးဆောင်သူကိုးကွယ်သူကို မသိကြလို့ပါ။

ခရစ်ယာန်ဘာသာမှာဆို ယေရှု ကစတင်ဦးဆောင်သူ။
အစ္စလာမ်ဘာသာမှာဆို မိုဟာမက်။
ဗုဒ္ဓဘာသာမှာဆို ဗုဒ္ဓ။

ဒီလိုကိုးကွယ်တာတွေကို စတင်လိုက်တဲ့သူဆိုပြီး မရှိတာက ရှင်းတိုးဘာသာ ရဲ့ထူးခြားချက်လေးပါပဲ။
ပြီးတော့ ဘယ်အချိန်ကစလဲဆိုတာလည်း သေချာမသိရပါဘူး။

နတ်ကိုလည်း Yaoyorozu no kami လို့ခေါ်ပြီး၊ ကမ္ဘာပေါ်ကဘယ်နေရာမှာမဆို နတ်တွေရှိကြတယ်ဆိုပြီး အယူအဆရှိကာ၊ ခရစ်ယာန်နဲ့ အစ္စဘာမ်ဘာသာမှာလို လက်ဆုပ်လက်ကိုင်ပြစရာတည်ရှိမှုလည်း မရှိပါဘူး။

စိတ်ဝင်စားဖို့ အကောင်းဆုံးအချက်ကတော့ ကိုးကွယ်တဲ့ရုပ်ထုမရှိတာပါပဲ။
သမ္မာကျမ်းစာနှင့်ကုရ်အာန်လိုမျိုး ဘာသာတရားကို သင်ပြပေးတဲ့ စာအုပ်တွေဘာတွေလည်း မရှိပါဘူး။

ဟုတ်ပါတယ်။
ဘာမှလည်း သင်ပေးတာမျိုး မရှိပါဘူး။ ဘာကိုမှလည်း လမ်းမညွှန်ပါဘူး။

ဒီရှင်းတိုးဘာသာရဲ့ ဗဟိုဖြစ်တဲ့ နတ်ကွန်းတွေရဲ့ အသက်လိုမျိုးဖြစ်နေတဲ့ တည်ရှိမှု၊ Gojintai ဆိုတာကို သိကြပါသလား?

နတ်ကွန်းတော်တော်များများမှာ မှန် တွေထားထားပါတယ်။
အဲ့တာကို ဘာအဓိပ္ပာယ်နဲ့ ထားထားလဲဆိုတာ ရှင်းပြထားတာမျိုး မရှိတဲ့အချက်က၊ ရှင်းတိုးရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့၊ ပြီးတော့ နားလည်ရခက်တဲ့ အရာပဲဖြစ်ပါတယ်။

မှန်က သင့်ရဲ့ပုံစံကို ပြသပေးပါတယ်။
မှန်ကန်တာတွေကို လုပ်နေသလား၊
သင့်ကိုယ်ကို ပြန်လည်သုံးသပ်ပါ။

ဆိုတာမျိုးနဲ့

မှန် (かがみ) ကတစ်ဆင့် မိမိ ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ ဂ “我(が)” ကိုဖယ်လိုက်ပါ။
ဖယ်လိုက်ရင် (ခဂမိ→ခမိ)かがみ→かみ ဖြစ်သွားပြီး၊ အဲ့ဒီနေရာမှာ သင်ယုံကြည်တဲ့ နတ်ပေါ်လာပါတယ်။

ဆိုပြီး အဓိပ္ပာယ်ယူကြတဲ့ လူတွေရှိကြပေမယ့်၊ တိုက်ရိုက်နားလည်ရတာကတော့ လူတစ်ယောက်ချင်းစီဆိုတာက ရှင်းတိုး ရဲ့အနက်လိုပါပဲ။
အတ္တကြီးတယ် (ဂ ဂဆုယို့အိ) (我が強い(ががつよい)) ဆိုတဲ့ စကားဂျပန်မှာရှိပါတယ်။
ကိုယ့်အတွက်ကို ရည်ညွှန်းတာ အရမ်းပြင်းထန်တယ်ဆိုတဲ့ မကောင်းတဲ့အခြေအနေကို ဖော်ပြတဲ့စကားလုံးပါ။

ဂျပန်ဟာ အဖွဲ့အစည်းတစ်ခုလုံး ဖွံ့ဖြိုးဖို့လုပ်ပြီး၊ တစ်ယောက်တည်း တိုးတက်ဖို့မလုပ်တဲ့ နိုင်ငံပါ။
တစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်နောက် လိုက်တာထက်၊ ဂျပန်ဆိုတဲ့ နိုင်ငံတစ်ခုလုံးကို စဉ်းစားပါ၊ ဆိုတာက ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့အယူရှိပြီး၊ ဒါကြောင့်လည်း
နှစ်ပေါင်း ၂၆၀၀ ကျော်တာတောင် နိုင်ငံတစ်နိုင်ငံ ဆက်လက်ရပ်တည်နေနိုင်တာလို့ ပြောနိုင်ပါတယ်။
ခုနောက်ပိုင်းတော့ (ဂ ဂဆုယို့အိ=အတ္တကြီးခြင်း) ဆိုတဲ့လူတွေ တော်တော်များလာပါတယ်…

ဂျပန်ရဲ့ ရိုးရာနတ်တွေက ဒီ ၃ မျိုးပါလို့ ပြောကြတဲ့လူတွေလည်းရှိပါတယ်။

・Makoto no Michi (誠の道)
မရှက်ပါနဲ့၊ မှန်တာကိုလုပ်ပါ။

・Nichi ni arata (日に新た)
နေ့တိုင်း လွယ်လွယ်ကူကူ ထပ်တလဲလဲဖြတ်သန်းမနေဘဲ၊ အမြဲတမ်း ရှေ့ကိုဆက်လှမ်း ကြိုးစားဖို့ ရည်ရွယ်ပါ။

・Sunaona kokoro (素直な心)
ကိုယ့်အမှားကို ရိုးရိုးသားသား လက်ခံနိုင်တဲ့ လိုက်လျောညီထွေရှိတဲ့ စိတ်မျိုးထားပါ။

https://www.mskj.or.jp/report/2976.html

ဒါကလည်း ရှင်းတိုး ကိုအခြေခံထားတဲ့ ယူဆပုံ ပဲဖြစ်ပါတယ်။

ဂျပန်ရဲ့ မူလတန်းကျောင်းတွေမှာ Dōtoku ( အမှားအမှန်ခွဲခြားသိနိုင်အောင် သင်ပေးခြင်း) ဆိုတဲ့ဘာသာရှိပါတယ်။
ဒါကြောင့် ဂျပန်လူမျိုးတွေက အမှားအမှန်ခွဲခြားသိပြီး ပြုပြင်နိုင်စိတ်ရှိသူတွေ များတာများလား? ဆိုရင် အဲံ့ဒီလိုတွေးလို့ ရတာပဲမဟုတ်လား။

ဘဝနေထိုင်ရာမှာ ရှင်းတိုး အယူအဆတွေ စိမ့်ဝင်နေပြီး၊ ဘာသာမဲ့လို့ တွေးနေကြပေမယ့် ရှင်းတိုး အယူအဆတွေက ဂျပန်လူမျိုးတွေရဲ့ နှလုံးသားထဲမှာ အရင်းတည် ရှိနေကြတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ထင်ပါတယ်။
ပြီးတော့ ဒါက ဂျပန်လူမျိုးမဟုတ်တောင်မှ အားလုံးလုပ်နိုင်တဲ့အရာပဲဖြစ်ပါတယ်။

အားလုံးပဲ မှန်ကိုကြည့်ကြပါ။
အရင်ဆုံး သင့်မျက်နှာကို သေချာကြည့်ပါ။
လိုချင်စိတ်တွေနဲ့ ပုံမှန်မဟုတ်တဲ့ မျက်နှာဖြစ်နေပါသလား?
သင်လုပ်တာတွေကို ဘယ်သူပဲမြင်မြင် ရှက်စရာမရှိဘူးလို့ ပြတ်ပြတ်သားသား ပြောနိုင်ပြီလား?

ပြီးတော့ မိသားစုအားလုံး၊ ဒေသခံအားလုံး၊ ကမ္ဘာပေါ်ကသက်ရှိအားလုံးအပေါ်မှာ မှန်ကန်တာတွေ လုပ်နေပါသလား?
တစ်ပတ်တစ်ကြိမ်လောက်ပဲ လုပ်ရင်ရတာကြောင့် အချိန်လေးယူပြီး လုပ်ကြည့်ကြည့်ပါ။

ပိုက်ဆံရမယ်ဆိုရင် လူတွေကိုလိမ်ညာလို့လည်း ရတယ်။
ပြောစကားနားမထောင်ရင် အတင်းအကျပ်လုပ်ရမယ်။

ဒီလိုအတွေးမျိုးတွေကို တစ်ယောက်ချင်းတစ်ယောက်ချင်းက ထုတ်ပယ်သွားလိုက်မယ်ဆိုရင် ဂျပန်လူမျိုးတွေလို နေထိုင်သွားနိုင်မှာပါ။
အခုတော့ ဂျပန်မှာ ဒီလိုအတွေးတွေ တော်တော်များများ ပျောက်ဆုံးနေပါပြီ။
အဲ့ဒီလိုတွေကြောင့်ပဲ ကျဆုံးဖို့ စတာပါ။

နိုင်ငံတစ်ခုကို နှစ်ပေါင်း ၂၆၀၀ ကျော် ဆက်လက်တည်ရှိနေဖို့ လိုအပ်တဲ့အတွေး၊ ရှင်းတိုး။
ဒါဟာ နိုင်ငံတင်ပဲမဟုတ်၊ သင့်နှလုံးသားကို တည်ငြိမ်စေဖို့ အချိန်အတော်ကြာ ဆက်လက်လုပ်ဆောင်သွားသင့်တဲ့ လမ်းညွှန်မှုလေးပဲ ဖြစ်မယ်ထင်ပါတယ်။…ဂျပန်လူမျိုးတွေရဲ့ အရင်းခံယုံကြည်ကြတဲ့ ရှင်းတိုး

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: