家紋(かもん)Kamon ဆိုတဲ့ယဥ်ကျေးမှု !!!!

ဂျပန်ရဲ့သမိုင်းဆိုင်ရာဒရာမာမှာ 水戸黄門(みとこうもん)Mito Komon လို့ခေါ်တဲ့အစီအစဥ်ရှိပါတယ်။
သရုပ်ဆောင်တွေကိုအစားထိုးမယ်ဆိုရင်တောင် အဆုံးမရှိဆက်သွားနေမယ့် ဒရာမာဖြစ်ပြီး ဇာတ်လမ်းကလည်းရိုးရှင်းပါတယ်။

အဲ့ဒီအချိန်အစိုးရအရာရှိတစ်ဦးဖြစ်ခဲ့သူဟာ အသက်ကြီးလာပြီးအနားယူလိုက်ကာ, ဂျပန်တစ်ခွင်လျှို့ဝှက်စွာခရီးထွက်ခဲ့ပါတယ်။ သွားခဲ့တဲ့နေရာမှာကြုံတွေ့ရတဲ့လူယုတ်မာတွေကို သုတ်သင်ပယ်ရှင်းတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။

https://kuro-numa.com/archives/14876

 

အပေါ်ကပုံရဲ့အလယ်မှာပါတဲ့အဖိုးကြီးက Mitsukuni Mito ဖြစ်ပြီး အစိုးရ No.2 နေရာမှာတာဝန်ထမ်းဆောင်ခဲ့သူတစ်ခုဖြစ်ပါတယ်။
သူ့ရဲ့နောက်လိုက်တွေနဲ့အတူ ခရီးသွားပြီး၊ လူဆိုးသူခိုးတွေနဲ့တွေ့တဲ့အခါ ဒီ印籠(いんろう)ကိုထုတ်ပြပါတယ်။

ဒီအမှတ်အသားမမြင်ဘူးလား !!!!

လို့ဆိုလိုက်တဲ့အခါ အားလုံးဟာဦးညွှတ်ကြတယ်…
ဒါကိုနိုင်ငံခြားသားတွေအတွက်တော့ နားလည်ဖို့ခက်ခဲပါလိမ့်မယ်။

စကားမစပ် 印籠(いんろう)Inro အမှတ်အသားအတုံးဆိုတာကတော့ ခရီးသွားတဲ့အခါယူသွားတဲ့ ဆေးထည့်လို့ရတဲ့အရာဖြစ်ပါတယ်။

ဒီမှာပါ…

ဒါကို Tokugawa မိသားစု၊ နောက်ပြီး ဆက်စပ်နေတဲ့ Mito မိသားစု စတဲ့ကန့်သတ်ထားတဲ့လူတွေကလွှဲပြီး သုံးခွင့်မရှိတဲ့ 家紋(かもん)Kamon မိသားစုအမှတ်အသားဖြစ်ပါတယ်။
မိမိသဘောနဲ့အသုံးပြုမယ်ဆို အပြစ်ကြီးအဖြစ်သတ်မှတ်ထားပါတယ်။
ဒါကြောင့် 家紋(かもん)Kamon ထဲကတစ်ခုခုကိုပိုင်ဆိုင်ထားတယ်ဆိုတာ အင်အားကြီးတဲ့ပါဝါကိုပိုင်ဆိုင်ထားတာနဲ့အတူတူပါပဲ။
မျက်မှောက်ခေတ်မှာတော့ လက်ဆောင်ဝယ်လို့ရတဲ့ဆိုင်တွေမှာ 印籠(いんろう)Inro တွေကိုပုံမှန်လိုရောင်းချနေပေမဲ့လည်း….

အရင်ကတည်းက ဒီ 家紋(かもん)Kamon တွေဟာ အမျိုးအစား ၆၀၀၀ ရှိခဲ့ပါတယ်။ ပုံစံမတူတဲ့သေးငယ်တဲ့ဒီဇိုင်းတွေကိုပါ ထည့်ရင် အမျိုးအစားပေါင်း ၂၀၀၀၀ ရှိပါတယ်။
ဒီအမှတ်အသားကိုတော့ မြင်ဖူးသူတွေအများကြီးရှိကောင်းရှိမှာပါ…

ဧကရာဇ်မိသားစုရဲ့ အမှတ်အသားဖြစ်ပါတယ်။

ဒီအမှတ်အသားကို ဂျပန်ရဲ့ရိုးရာအဝတ်အစားမှာလည်း အသုံးပြုခဲ့ပါတယ်။

 

 

 

https://costume.takami-bridal.com/lookbook/detail.php?p=5682&c=5

အပေါ်ထပ်အဝတ်ရဲ့ ရင်ဘက်မှာ မိမိအိမ်ရဲ့အမှတ်အသားကိုထည့်တာဟာ ရိုးရာအဝတ်အစားဖြစ်ပါတယ်။
အခုတော့ ဝတ်ဖို့အခွင့်အရေးသိပ်ပြီးမရှိတော့သလို၊ လက်ထပ်ပွဲကိုဂျပန်ရိုးရာအဝတ်အစားနဲ့ကျင်းပတယ်ဆိုရင်တော့…
အရင်ကအထက်လူကြီးကိုသေသေချာချာနှုတ်ဆက်ရမယ့်အခြေအနေမှာ ဒါကိုဝတ်ဆင်ခဲ့ကြပါတယ်။

家紋(かもん)Kamon ဖြစ်ပေါ်လာတဲ့နောက်ခံကတော့ ဂျပန်အိမ်၊ မိသားစုနဲ့ပတ်သက်တဲ့တွေးခေါ်ပုံရဲ့ မူရင်းဆိုတာရှိပါတယ်။

-အိမ်ကအသေးငယ်ဆုံးယူနစ်ဖြစ်သည်။(အိမ်သည် တစ်ဦးတစ်ယောက်ချင်းစီထက် အရေးကြီးသည်)
-သားစဥ်မြေးဆက် ထာဝရတိုင်တည်ရှိသွားမည်။
-ဘေးနားရှိမိသားစုအိမ်နဲ့ကွဲပြားသည်။

ဒီအယူအဆကို သင်္ချိုင်းအုတ်ဂူတွေမှာလည်းတွေရပါတယ်။
ဂျပန်ရဲ့သင်္ချိုင်းဟာ တစ်ဦးတည်းသီးသန့်မဟုတ်ဘဲ မိသားစုလိုက်ဖြစ်ပါတယ်။
မြင်တောင်မမြင်ဖူးခဲ့တဲ့ဘိုးဘေးတွေနဲ့အတူ မြှပ်နှံကြပါတယ်။
နောက်ပြီး ပိုပြီးပင်ပန်းတာကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေပါ…

လက်ထပ်ပြီးတာနဲ့ အဲ့ဒီမိသားစုဝင်ဖြစ်ရတော့မှာမို့လို့ မိသားစုနာမည်ပြောင်းရပါတော့မယ်။
အဲ့ဒီမိသားစုဝင်ဖြစ်သွားတာကြောင့် သင်္ချိုင်းအုတ်ဂူလည်း ထိုအတိုင်းပါပဲ။ ခင်ပွန်းသည်မိသားစုရဲ့ အုပ်ဂူမှာမြှပ်နှံပါတယ်။

“ သေတဲ့အထိတော့ ယောက္ခမတွေနဲ့အတူမရှိချင်ဘူး”

ဆိုပြီး ဒီဘက်ခေတ်မှာ မိမိရဲ့မိသားစုရှိတဲ့နေရာမှာပဲအုတ်ဂူပြန်လုပ်သူတွေများလာခဲ့ပေမဲ့ အရင်အချိန်ကတော့ ဒီလိုယဥ်ကျေးမှုဖြစ်ပါတယ်။

မူလကတော့ မင်းမျိုးမင်းနွယ်ဝင်တွေသာပိုင်ဆိုင်တဲ့အရာကနေ၊ အင်အားကြီးတဲ့ဆာမူရိုင်းတွေလက်ထဲရောက်လာပါတယ်…
ဒါနဲ့ပဲ တစ်စတစ်စ သာမန်အိမ်ထောင်စုများဆီသို့လည်း ထိုးဖောက်လာခဲ့ပါတယ်။

ဒီနေ့အချိန်ကာလကတော့ 家紋(かもん)တွေကို အုတ်ဂူမှာသာအမှတ်အသားလုပ်ကြတော့တယ်…မဟုတ်သေးဘူး..
အခုနောက်ပိုင်းတောင် အုတ်ဂူတွေမှာ 家紋(かもん)တွေတောင်မလုပ်တော့ဘဲ၊ မိမိ မိသားစုရဲ့ အမှတ်အသားကိုမသိတော့တဲ့လူတွေပိုပြီးများလာတဲ့ ခေတ်လို့ ထင်မိပါတယ်။

စကားမစပ် ကျွန်တော်မိသားစုရဲ့အမှတ်အသားကတော့ ဒီမှာပါ…


ကျွန်တော်အတွက်တော့ တစ်ခါမျှအသုံးမပြုဖူးပါဘူး….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: