အသန်မာဆုံးအမျိုးသမီးရဲ့ အပြီးသတ်အနားယူခြင်း

နပန်း ၊ လက်ဝှေ့ ၊ ဂျူဒို စတဲ့ ကိုယ်ခံပညာအမျိုးမျိုးရှိတဲ့ထဲမှာ ဘယ်ပြိုင်ပွဲက အင်အားအကောင်းဆုံးလဲဆိုတာကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။

သူ့လို အားကောင်းတဲ့အားကစားသမားက နှစ်ယောက်မရှိဘူးဆိုတာ ဒီလိုပါ …

အသန်မာဆုံးအမျိုးသမီး

 

လို့တောင်ခေါ်ရတဲ့အထိ ယော်ရှိဓ ဆအိုရိ ဆိုတဲ့ အားကစားသမားက အနားယူဖို့ ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့အမျိုးသမီးနပန်းပွဲမှာ ၁၆ ကြိမ် အနိုင်ရရှိပြီး ၂၀၆ ကြိမ် ဗိုလ်စွဲခဲ့တဲ့အပြင် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

https://www.mag2.com/p/news/382052

 

ပုံမှန်တွေ့ရရင်တော့ ဒီလိုသာမာန်မိန်းကလေးပဲဖြစ်ပါတယ်။

https://bluesea0925.com/sports/5399/

 

Yoshida San ကို ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။

သူမရဲ့ အဖေဖွင့်ထားတဲ့ နပန်းသင်တန်းကနေ ၃ နှစ်အရွယ်ကစပြီး နပန်းအားကစားကို စတင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ် နဲ့  ၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပြီး၊ ၂၀၀၀ ခုနှစ် နဲ့ ၂၀၀၁ ခုနှစ်မှာလည်း နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်လာရာကနေ သူမရဲ့အောင်ပွဲတွေ အဆက်မပြတ်ရှိလာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ အာရှအားကစားပြိုင်ပွဲမှာ ၅ ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး အာရှအားကစားသမားတွေရဲ့ သမိုင်းမှာရှိတဲ့စံချိန်ကိုတောင် ချိုးနိုင်ခဲ့ပါတယ်။

နောက်ပြီးတော့ ၂၀၀၄ ခုနှစ်ရဲ့ Athens Olympics မှာ ပါဝင်ခဲ့ပြီး ပထမဦးဆုံးအကြိမ်မှာပဲ အနိုင်ရရှိခဲ့ပါတယ်။

နောက်ထပ်အနိုင်ရရှိခဲ့တဲ့ နပန်းပွဲကတော့ ၂၀၀၈ ခုနှစ် ပေကျင်းမြို့မှာ ကျင်းပတဲ့အိုလံပစ်ပွဲဖြစ်ပါတယ်။ တခြားပွဲစဥ်တွေတိုင်းမှာလည်း အနိုင်ရရှိခဲ့ပါတယ်။

နောက်တစ်ခုက ၂၀၁၂ ခုနှစ် London Olympics မှာလည်းပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။

ဘယ်သူကမှ ယောရှိတ ကိုမနိုင်တာကြောင့် အဲ့ဒီကနေစပြီး အသန်မာဆုံးအမျိုးသမီး လို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ၂၀၁၃ ခုနှစ်မှာ ၁၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ရာက ဂင်းနစ်စံချိန်ဝင်ခဲ့ပြီး ဒါကို ဆက်ပြီးထိန်းထားဖို့ ဆက်ကြိုးစားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့အားကစားပွဲတော်ရဲ့ ပွဲစဥ်တိုင်းမှာ ပြိုင်ဘက်ကိုတစ်ချက်လေးမှအလွတ်မခံဘဲ ဆက်တိုက်အနိုင်ရရှိခဲ့ပြီး ပြီးပြည့်စုံတဲ့ပွဲစဥ်တွေဖြစ်လာခဲ့ပါတယ်။

အဲ့ဒီမှာ ၁၅ ပွဲ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ရဲ့နွေရာသီအိုလံပစ်မှာ အနိုင်ရရှိအောင်ယှဥ်ပြိုင်ခဲ့ပြီးတဲ့နောက် သူမရဲ့အောင်နိုင်မှုတွေက ဒီမှာပဲရပ်တန့်ခဲ့ပါတယ်။

 

၁၅ နှစ်အတွင်းမှာ အောင်ပွဲ ၂၀၆ ပွဲပွဲစဥ်ကြီးအောင်ပွဲ ၁၆ ပွဲ တောင် ရှိခဲ့ပါတယ်။

ယောရှိတစံ က ၁၅ နှစ်တိုင်တိုင် နှစ်လရှည်ကြာ ပထမနေရာကို လွှမ်းမိုးထားခဲ့ပါတယ်။

သူမ ကမ္ဘာ့အားစားပွဲမှာရရှိခဲ့တဲ့ ဆုတံဆိပ်အရေအတွက် ၂၀ ရှိပါတယ်။

ရရှိခဲ့တဲ့ ဆုတံဆိပ်တွေကတော့ ကြေးနီ ၀ ၊ ငွေ ၀ ၊ ရွှေ ၂၀ ဖြစ်ပါတယ်။

၁၅ နှစ်ဆိုတဲ့ အချိန်အကြာကြီးက မြန်မာနိုင်ငံမှာလည်း နာမည်ကြီးတဲ့ NARUTO အခန်းဆက်တွေမထုတ်ခင်ကတည်းကဖြစ်ပြီး NARUTO ဇာတ်သိမ်းသွားတာတောင် ဆက်ပြီးအနိုင်ယူခဲ့တဲ့ ပွဲစဥ်တွေရှိနေဆဲပဲ ဖြစ်ပါတယ်။

NARUTO Manga ကတော်တော်ရှည်တာတောင်မှ ……

https://matome.naver.jp/odai/2147150544986973601

သူ့ကို တရုတ်နိုင်ငံမှာ “絶望(ぜつぼう)”  ( ဇက်စုဘိုး ) စိတ်ပျက်ဝမ်းနည်းစရာ ဆိုတဲ့ နာမည်ပြောင်ကိုပေးထားပါတယ်။

သူနဲ့ပြိုင်ဘက်ဖြစ်ရတာက စိတ်ပျက်ဝမ်းနည်းစရာကလွဲပြီး တခြားမှမရှိဘဲနော်…

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် တိုကျိုအိုလံပစ်မှာ ပါဝင်ဖို့ရည်ရွယ်ထားပေမယ့် ၂၀၁၉ ခုနှစ် ၁ လပိုင်း ၈ ရက်နေ့မှာ အနားယူဖို့ကြေငြာခဲ့ပါတယ်။

 

သူမရဲ့ ဖြေကြားခဲ့တဲ့စကားတွေက တကယ့်ကို အံ့သြဖို့ကောင်းလွန်းပါတယ်။

   ချစ်စရာကောင်းတဲ့ နိုင်ငံခြားသူပြိုင်ဘက်တွေနဲ့ ယှဥ်ပြိုင်ရတဲ့အခါမှာ စိတ်အာရုံစူးစိုက်ထားရပါတယ် ။

  (ကိုင်ပေါက်နိုင်ရမယ်) ဆိုပြီးတော့ တွေးထားရပါတယ်။

 မိန်းကလေးအနေနဲ့ မွေးလာခဲ့လို့ တော်ပါသေးတယ်။

 ယောကျ်ားလေးသာဆိုရင် ပြိုင်ပွဲတွေမှာ လူတောင်သတ်မိလိမ့်မယ် ထင်ပါတယ်။

လူတွေကိုဒီလိုပြောမယ်ဆိုရင် လှောင်ရယ်စရာမဖြစ်လောက်ပါဘူးနော်….

ယောရှိတစံက အရမ်းကိုအားပြင်းတဲ့အတွက်ကြောင့် နိုင်ငံခြားကစားသမားတွေက သူ့ရဲ့လျှို့ဝှက်ချက်တွေကို လေ့လာချင်တာကြောင့် အတူတွဲပြီးလေ့ကျင့်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့လေ့ကျင့်မှုတွေက အရမ်းကိုပြင်းထန်လွန်းတာကြောင့် သူတို့ရဲ့နိုင်ငံကို ပြန်သွားကြပါတယ်။

ပြောရမယ်ဆိုရင် သူမမှာရှိတဲ့ အင်အားတွေကအရမ်းကို အံ့သြဖို့ကောင်းနေတာဖြစ်ပါတယ်။

ပုံမှန်မိန်းကလေးတွေတော်တော်များများက ၈၅ ကီလိုဂရမ် အလေးချိန်နဲ့ ယောကျ်ားလေးဆိုရင်တော့ ၁၄၀ ကီလိုဂရမ် ရှိကြပြီး သူမကတော့ ၂၀၀ ကီလိုဂရမ် ရှိပါတယ်။

ယောကျ်ားလေးတွေနဲ့ နှိုင်းယှဥ်လိုက်ရင် အတွင်းအားကောင်းတဲ့ ထိပ်တန်းမှာ ၅ ရာခိုင်နှုန်းလောက်ပါဝင်နေပါတယ်။

ကိုယ်ခံပညာတွေအများကြီးရှိတဲ့ထဲမှာ အသန်မာဆုံးအမျိုးသမီးလို့ပြောတာက ပုံကြီးချဲ့ပြီးပြောတာမဟုတ်လောက်ဘူးလို့ထင်ပါတယ်။

၃ နှစ်အရွယ်ကတည်းကနေ နပန်းအားကစားကို ကစားခဲ့တဲ့ ယော်ရှိဓစံလည်း အရမ်းကိုပင်ပန်းသွားလောက်ပါပြီ။

သူ အခုကနေစပြီးတော့ ပျော်ရွှင်စွာနဲ့ ဘဝကိုဆက်လက်ဖြတ်သန်းနေတာ မြင်ချင်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: