ဂျပန်နိုင်ငံက မီးရထားကြီးပျော်ပျော်စီး !

၁ လပိုင်းနဲ့  ၂ လပိုင်းဟာဆိုရင် ဂျပန်နိုင်ငံရဲ့စာမေးပွဲရာသီ ဖြစ်ပါတယ်။

အလယ်တန်းကျောင်းသားကနေ အထက်တန်းကျောင်းသားဖြစ်လာဖို့အတွက်နဲ့

အထက်တန်းကျောင်းသားကနေ တက္ကသိုလ်ကျောင်းသားတွေဖြစ်လာဖို့အတွက်

တစ်ပြိုင်နက်ထဲ စာမေးပွဲတွေဖြေဆိုကြတဲ့ရာသီမှာ ကျောင်းသားကျောင်းသူအားလုံး စိတ်လှုပ်ရှားနေလိမ့်မယ်လို့တွေးပြီးတော့ ဒီလိုရထားကိုမျိုးကို ပြေးဆွဲပေးခဲ့ပါတယ်။

https://fanfunfukuoka.com/travel/146953/

 

အဲ့ဒီချစ်စရာကောင်းတဲ့ ရထားပေါ်မှာ “吉(きち)” ( ခိချိ ) ဆိုတဲ့စကားလုံးကို ရေးသားထားပြီးတော့ ကံကောင်းစေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာ JR. ရထားလိုင်း နဲ့ အရမ်းကိုနာမည်ကြီးတဲ့ KitKat တို့အတူတကွ ပူးပေါင်းပြီးတော့ပြေးဆွဲပေးထားပါတယ်။

KitKat ဆိုတာက ဂျပန်မှာဆိုရင် အဲ့ဒီရာသီအတွက် အသံထွက်အတိုင်းဆိုရင် “きっと勝つ” “ခစ်တိုခစု့ဆိုတဲ့စကားလုံးဖြစ်ပြီး သေချာပေါက်အောင်ရမယ် ဆိုတဲ့ အဓိပ္ပာယ်က အတိတ်နိမိတ်ကောင်းစေတယ်လို့ ယူဆကြပါတယ်။

ရောင်းတဲ့သူတွေကလည်း ဒီလိုအချိန်မျိုးမှာ promotion တွေ သေချာပေါက်ပေးပါတယ်။

 

နောက်ပြီးတော့ ဘာကြောင့်ဒီရထားကိုရွေးရလဲဆိုတာနဲ့ အဲ့ဒီရထားရဲ့လိုင်းနာမည်က 吉都線(きっとせん) ( ခစ်တိုဆန် ) ဖြစ်နေရလဲဆိုတာကတော့……

ဟုတ်ပါတယ်။ KitKat ကြောင့်ဖြစ်လာရတဲ့ ခရီးစဥ်ဖြစ်တာကြောင့် KitKat ကိုအစွဲပြုထားတဲ့ နာမည် ဖြစ်ပါတယ်။

 

ဒီရထားလေးကိုစီးရင်း၊ KitKat လေးကို စားလိုက်ရုံနဲ့ စာမေးပွဲမှာအခက်အခဲတွေမရှိဘူးဆိုပြီးတော့ ဂျပန်နိုင်ငံမှာ

 験を担ぐ(げんをかつぐ)

ဂန်းဝိုခဇုခု ဆိုတဲ့ အယူအဆတွေကို အလေးအနက်ထားကြပါတယ်။

ဘယ် KitKat အမျိုးအစားကို စားရမယ်ဆိုတာမျိုးတော့ မရှိပါဘူး ။

 

မနှစ်က (ドトールコーヒー) Dodoru coffee ဆိုတာကို ရောင်းချခဲ့ပါသေးတယ်။

https://allabout.co.jp/gm/gc/472866/

( 受験に通る ) စာမေးပွဲကိုဖြတ်ကျော်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

နောက်ပြီးတော့ ( キットカット いよかん味 ) ( ခစ်တိုဂတ်တို အိယောကန် )ဆိုတဲ့

လိမ္မော်သီးအရသာ KitKat ဆိုတာက

https://allabout.co.jp/gm/gc/472866/

( きっと勝つ、いい予感 ) (ခစ်တိုကစု့ ၊ အိအိယောကန် ) နဲ့အသံထွက်တူတာကြောင့်

သေချာပေါက်အောင်မယ် ၊ ကောင်းတဲ့အတိတ်နိမိတ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

 

( ココナッツサブレ ) Coconut Sable ဆိုတဲ့ အုန်းသီးဘီစကွတ်မုန့်

https://allabout.co.jp/gm/gc/472866/

 

ရိုးရိုးအုန်းသီးဘီစကွတ်မုန့်ဆိုပေမယ့် ( ココナッツサブレ ) ဆိုတဲ့စကားလုံးမှာ ( ナッツ ) ကနေ ( 勝つ ) အောင်မြင်ခြင်းဆိုတဲ့စကားလုံးကို ပြောင်းလဲသွားရခြင်းပဲဖြစ်ပါတယ်။

 

チーズアーモンド ( Cheese Almond )

https://allabout.co.jp/gm/gc/472866/

အရှေ့မှာပါတဲ့  ( チーズ ) Cheese ကနေ ( 勝(か)つ ) အောင်မြင်ခြင်း ဆိုတဲ့စကားလုံးကိုပြောင်းသွားပြီး ( 勝ちーズアーモンド ) ချိစု့အာမွန်တို ဆိုပြီးဖြစ်လာတာဖြစ်ပါတယ်။

ဒါတွေကို ယုံကြည်ကြတာက ကလေးတွေပဲလား ? ? ? လို့ထင်နေမလားမသိပေမယ့် တကယ်တော့အဲ့လိုမဟုတ်ပါဘူး ။

နောက်ထပ်စားစရာမျိုးစုံရှိပါသေးတယ်။

အားလုံးသိကြတဲ့ ရှင်ဇိုအာဘေးစံက အရေးကြီးတဲ့ရွေးကောက်ပွဲမှာ カツカレー ( Katsu curry ) ကိုစားသုံးခဲ့ပါတယ်။ ဒီတစ်ခါတော့ ( 勝つカレー ) ကစုကာရီ ဖြစ်သွားမှာပေါ့နော်။

အဲ့ဒီလိုလေးနဲ့ ရည်ရွယ်ချက်တွေ ပြီးမြောက်အောင်မြင်နိုင်မယ်ဆိုရင် လွယ်လွန်းပါတယ်။ တကယ်တော့ အဲ့လောက်မလွယ်ဘူးဆိုတာကို သေချာပေါက်နားလည်ပေမယ့် ဘာရယ်မဟုတ်ပဲ ရွေးချယ်မိကြပါတယ်။

နောက်ပြီးတော့ အဲ့ဒီလိုအချိန်ကို အမိအရ အခွင့်ကောင်းယူတတ်တဲ့ စျေးကွက်တွေလည်းရှိပါတယ်။

အဲ့ဒီရာသီကိုရောက်ရင် မုန့်စက်ရုံတွေကလည်း အပြိုင်အဆိုင်ထုတ်လုပ်ကြတဲ့အတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်ပြီးတော့ အားလုံးအတွက် အမှတ်တရကောင်းတွေ ဖြစ်စေနိုင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: