စစ်ပွဲတွေကို မရှုံးနိမ့်ခဲ့တဲ့တပ်မှူးရဲ့ လျှို့ဝှက်ချက်

အခုလက်ရှိဂျပန်မှာ ပြည်နယ်တွေက ၄၇ ခုကွဲနေပေမယ့် နိုင်ငံအနေနဲ့ကတော့ တစ်နိုင်ငံထဲပါပဲ။

ဒါကြောင့် ဥပဒေကိုလည်း တစ်ခုတည်းထုတ်ခဲ့ပေမယ့် ဟိုအရင်တုန်းက မျိုးနွယ်စုတွေ လို့ ခေါ်ပြီး နိုင်ငံအသေးလေးတွေအနေနဲ့ ကွဲနေခဲ့ပါတယ်။

မျိုးနွယ်စုအသီးသီးကလည်း ကိုယ်တိုင်ကောက်ပဲသီးနှံတွေကို စိုက်ပျိုးကြပြီးတော့ ကိုယ်ရဲ့တိုင်းပြည်ကို ကာကွယ်ဖို့အတွက် ဆာမူရိုင်းဂိုဏ်းကိုဖွဲ့စည်းခဲ့ပါတယ်။

အဲ့ဒီရဲ့ ထိပ်ဆုံးမှာရှိနေတာက 武将(ぶしょう)( ဘူရှော ) နဲ့ 殿様(とのさま) ( တိုနိုဆမ ) လို့ခေါ်တဲ့သူတွေပဲ ဖြစ်ပါတယ်။

ဆာမူရိုင်းတွေ အုပ်ချုပ်တဲ့နိုင်ငံရဲ့ ရာထူးကြီးဖြစ်တဲ့အတွက် ဆာမူရိုင်းရဲ့လူတွေကပဲ အုပ်ချုပ်သူတွေဖြစ်လာပါတယ်။

မိဘဆီကနေပြီးတော့ ကလေးဆီကို အဆက်ဆက် အမွေဆက်ခံခိုင်းခဲ့ပါတယ်။

ဂျပန်တစ်နိုင်ငံလုံးကိုအုပ်ချုပ်ဖို့အတွက် ဥပဒေတွေမရှိခဲ့တဲ့အတွက် ဘေးကနေ လုယူလိုက်မယ်ဆိုရင် ကိုယ်ပိုင်နယ်မြေဖြစ်လာပါတယ်။

အဲ့ဒီလိုခေတ်ဖြစ်တဲ့အတွက် တပ်မှူးတွေအတွက် အလိုအပ်ဆုံးအရာနဲ့ အရေးကြီးဆုံးအချက်က စစ်ပွဲမှာအနိုင်ရရှိဖို့ပဲဖြစ်ပါတယ်။

တပ်မှူးတွေအများကြီးရှိတဲ့ထဲမှာ ဒဏ္ဍာရီဆန်တဲ့စစ်မှတ်တမ်းတွေထဲမှာ ကျန်ရှိခဲ့တဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။

 

စစ်ပွဲပေါင်း 72 ပွဲမှာ အနိုင်ရရှိခဲ့တာက 49 ပွဲ၊ ရှုံးနှိမ့်မှုက ပွဲနဲ့  ပွဲ 20

သရေဖြစ်ခဲ့ပါတယ်။

 

ဟုတ်ပါတယ်။ 72ကြိမ် စစ်တိုက်ခဲ့တာတောင်မှ 3ကြိမ်ထက်ပိုပြီး မရှုံးနှိမ့်ခဲ့ဖူးပါဘူး။

စစ်ပွဲမှတ်တမ်းတစ်ခုထဲကိုကြည့်ပြီးတော့ အနိုင်ရရှိနှုန်းမြင့်မားတဲ့ တပ်မှူးတွေရှိပေမယ့် ဂျပန်နိုင်ငံပေါင်းစည်းရေးကို ဦးတည်ပြီးတော့ ခက်ခဲတဲ့စစ်ပွဲတွေကျင်းပနေတဲ့ကြားမှာ အနိုင်ရရှိမှုက ထူးထူးခြားခြားမြင့်မားတဲ့နှုန်းဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက ဂျပန်နိုင်ငံပေါင်းစည်းရေးဘက်ကိုလျှောက်လှမ်းခဲ့တဲ့ 織田信長(おだ のぶなが)( အိုဓ နိုဘုကန ) က 武田信玄(たけだしんげん) ( တခဲဓရှင်းဂန် ) နဲ့တိုက်ခိုက်တဲ့တိုက်ပွဲကို မတိုက်ဖို့အတွက်ပြောခဲ့ပါတယ်။

ရလဒ်အနေနဲ့ကတော့ ဂျပန်ပေါင်းစည်းရေးအတွက် လုပ်ဆောင်နေတဲ့အချိန်မှာ သေဆုံးသွားခဲ့တဲ့အတွက် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ဂျပန်ပေါင်းစည်းရေးအတွက် အနီးစပ်ဆုံးလူရှိခဲ့တယ်လို့ပြောပါတယ်။

 

အဲ့ဒါက 武田信玄(たけだしんげん) ( တခဲဓရှင်းဂန်း ) ဖြစ်ပါတယ်။

https://mag.japaaan.com/archives/77754

 

သူ့ဆီမှာ အရမ်းကိုတော်တဲ့ လက်အောက်ငယ်သား ၂၃ ယောက်ရှိပါတယ်။

https://mag.japaaan.com/archives/77754/img_1-5

 

အခုလက်ရှိအနေနဲ့ ပြောရမယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းမှာ မန်နေဂျာဆိုတဲ့ ရာထူးဖြစ်မှာပေါ့နော်။

သူတို့ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိန်းချုပ်ခဲ့တဲ့ 武田信玄(たけだしんげん) ( တခဲဓခဲရှင်းဂန်း )ရဲ့ ဗျူဟာကို ခေတ်သစ်မှာ ရှင်းပြလျက်ရှိပါတယ်။

 

 

  1. ဖွံ့ဖြိုးတိုးတက်စေတဲ့ ဗျူဟာကိုရှင်းလင်းခြင်း

 

ကိုယ့်ရဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲ ?

 

သိပ်ပြီးတော့ ပတ်ဝန်းကျင်ကောင်းတဲ့ဒေသ မဟုတ်ခဲ့တဲ့အတွက် နယ်မြေတိုးချဲ့တာကို လိုအပ်တယ်လို့စဥ်းစားပြီးတော့ နယ်မြေချဲ့တဲ့ ဗျူဟာကိုချမှတ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက အောင်မြင်မှုမြင့်မားတဲ့အခါမှာ မြေကိုအမြတ်အစွန်းအနေနဲ့ မျှဝေပေးခဲ့ပါတယ်။ အခုချိန်မှာပြောရမယ်ဆိုရင် ဘောနပ်စ်ပေးတယ် လို့ပြောရမှာပေါ့နော်။

သတိထားပြီးလုပ်ဖို့နဲ့ နောက်ထပ်ကြိုးစားဖို့အတွက် တိကျတဲ့တိုးတက်မှုဗျူဟာခင်းပြီးတော့ ရည်မှန်းချက်အောင်မြင်တဲ့အခါမှာ ဘောနပ်စ် ထုတ်ပေးတာပဲဖြစ်ပါတယ်။

ယခုခေတ်မှာလည်း အရေးကြီးတဲ့လုပ်ဆောင်မှုတစ်ခုလို့ ထင်ပါတယ်။

 

2.မရှုံးနှိမ့်တဲ့စစ်ပွဲကို ကျင်းပခြင်း

 

နိုင့်ထက်စီးနင်း ကျင်းပတဲ့စစ်ပွဲတွေမှာရှုံးနိမ့်သွားတာတွေလည်း ရှိပါတယ်။

ရှုံးနိမ့်သွားမယ်ဆိုရင် ပိုင်နက်ကလူတွေကလည်း မကျေနပ်ဘဲအပြစ်တင်ဝေဖန်ကြမှာဖြစ်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် မရှုံးနိမ့်တဲ့စစ်ပွဲကို တိုက်ဖို့လိုပါတယ်လို့ပြောတဲ့အခါမှာ အချက်အလက် စုံစုံလင်လင်နဲ့ အကြောင်းအရင်းတွေ စုဆောင်းထားတဲ့ ဗျူဟာတွေကို စုဆောင်းခဲ့ပါတယ်။

နောက်ပြီးတော့ တိကျတဲ့ဗျူဟာတွေနဲ့ လေ့ကျင့်ပါတယ်။

စစ်ပွဲမှာ သူသေကိုယ်သေတိုက်ခိုက်ကြပေမယ့် လွယ်လွယ်နဲ့တော့ အနိုင်မရနိုင်ပါဘူး။ သို့သော်လည်း အနိုင်ရဖို့ဆိုတာလည်း အရေးကြီးပါတယ်။

အကြံပြုချင်တာက ဘဝမှာ ၃ ကြိမ်ရှုံးနိမ့်နိုင်ပါတယ် ။ 村上義清(むらかみよしきよ) ( မူရကမိ ယောရှိခိရော ) ဆိုတဲ့လူဆီမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီအချိန်ရဲ့ နောက်ဆုံးအချိန်အထိ နိုင်နေတဲ့အရေအတွက် စုစုပေါင်းကို ကြည့်မယ်ဆိုရင် မရှုံးနိမ့်တဲ့လူဆိုပြီးတော့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

3.လက်အောက်ငယ်သားတွေကို တန်ဖိုးထားခြင်း

 

စစ်ပွဲတွေစတင်ပြီဆိုရင် လယ်သမားတွေလည်း စစ်ကူအနေနဲ့သွားရပါတယ်။

စစ်ပွဲတွေ ကြာရှည်နေမယ်ဆိုရင် လယ်ယာလုပ်ငန်းမှာလည်း လယ်ယာအလုပ်တွေမှာ လစ်ဟင်းတာတွေဖြစ်လာပါတယ်။

ကောက်ပဲသီးနှံတွေကိုလည်း မရိတ်သိမ်းနိုင်ပဲ နိုင်ငံအားနည်းတာတွေလည်းဖြစ်လာနိုင်တဲ့အတွက် 武田信玄(たけだしんげん) ( တခဲဓရှင်းဂန်း ) က လယ်ယာအလုပ်ကို ဦးစားပေးစဥ်းစားပြီးတော့ စစ်ပွဲတွေကို ကျင်းပတယ်လို့သိရပါတယ်။

မြစ်ရေကြီးခြင်းကို ကာကွယ်ဖို့အတွက် ရေကာတာတွေဆောက်လုပ်မှုမှာလည်း ကြိုးစားအားထုတ်ခဲ့ပါတယ်။

အနိုင်ရရှိဖို့ကပဲအရေးကြီးတာမဟုတ်ဘူးဆိုတာက သူ့ရဲ့ ပြောင်မြောက်လွန်းတဲ့ အတွေးအခေါ်တွေပါပဲ။

ဒီလောက်ထိလုပ်ပေးတဲ့တပ်မှူးတွေဆိုတာ တခြားမှာမရှိဘဲ 武田信玄(たけだしんげん) ( တခဲဓရှင်းဂန်း ) ရဲ့ ထိန်းချုပ်မှုကို ပြည်သူတွေက နှစ်သက်တယ်ဆိုတဲ့အတိုင်း ဒီနိုင်ငံရဲ့ စစ်တပ်ကအားကောင်းခဲ့တယ်လို့ပြောပါတယ်။

 

武田信玄(たけだしんげん)( တခဲဓရှင်းဂန်း )က ကြိုးပမ်းနေစဥ်အတွင်းမှာ မသေဆုံးခဲ့ဘူးဆိုရင် ဂျပန်နိုင်ငံရဲ့သမိုင်းကို ပြောင်းလဲသွားမယ်ထင်ပါတယ်။

စီမံထိန်းသိမ်းသူအနေနဲ့ သူ့ရဲ့နည်းပညာတွေကအရမ်းကိုကောင်းမွန်တာကြောင့် ယခုခေတ်ရဲ့စီးပွားရေးလုပ်ငန်းမှာလည်း အပြည်အဝအသုံးမချကြဘူးလားလို့တွေးမိပါတယ်။

 

ပြောရမယ်ဆိုရင် 武田信玄(たけだしんげん)( တခဲဓရှင်းဂန်း ) ရဲ့ သန့်စင်ခန်းဆိုတဲ့ အကြောင်းကနည်းနည်းနာမည်ကြီးပါတယ်။

အခုခေတ်တိုက်ခန်းတွေရဲ့ အခန်းထက် သူ့ရဲ့သန့်စင်ခန်းကပိုပြီးတော့ကျယ်ပါတယ်။

အကြောင်းအရင်းကတော့ ရိုးရိုးရေလောင်းအိမ်သာကို အသုံးပြုခဲ့လို့ဖြစ်ပါတယ်။

အလေးစွန့်ပြီးတဲ့နောက် ခေါင်းလောင်းတီးလိုက်တဲ့အခါမှာ လက်အောက်ငယ်သားတွေက ရေချိုးခန်းထဲမှာရှိတဲ့ ရေနွေးနဲ့လောင်းရပါတယ်။

အိမ်သာမှာ ခိုးရို လို့ခေါ်တဲ့ အမွှေးနံ့သာတွေကိုထားပြီးတော့ ဂျပန်ရဲ့အစ အိမ်သာအလှဆင်တာကို မိတ်ဆက်ပေးတဲ့သူလို့လည်းပြောကြပါတယ်။

 

ဂျပန်နိုင်ငံရဲ့အသန်မာဆုံးတပ်မှူးက အိမ်သာနဲ့ဆက်စပ်တဲ့နေရာမှာတောင် တကယ့်ကိုအံ့သြစရာပဲနော်….

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: