ကားဝယ်စရာမလိုတော့ဘဲ စီးနိုင်မယ့်ခေတ်ဆီသို့ !!!!!

ကားဆိုတာ ယောက်ျားလေးတွေအတွက် ရှိသင့်တဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။
မိန်းကလေးချောချောလေးတွေနဲ့ လျှောက်လည်ဖို့အတွက်တော့ မဖြစ်မနေလိုအပ်ပါတယ်။
အဲ့ဒီအတွက် အသည်းအသန်အလုပ်လုပ်ကြပြီး၊ အရစ်ကျစနစ်နဲ့ကားဝယ်နိုင်တဲ့ခေတ်ရောက်လာပြီး ကားအရောင်းအဝယ်ဟာလည်း ကောင်းလာခဲ့ပါတယ်။

https://kinto-jp.com/kinto_one/lineup/

အချိန်ကြာမြင့်စွာစီးပွားရေးကျဆင်းလာမှုကြောင့် အခြေအနေတွေဟာ ကြီးကြီးမားမားပြောင်းလဲလာခဲ့ပါတယ်။
လူငယ်တွေရဲ့ဝင်ငွေဟာ နိမ့်နေဆဲဖြစ်ပြီး တက်ကြွမှုတွေလည်းလျော့နည်းလာပါတယ်။
မလိုအပ်တဲ့အရာတွေကိုတတ်နိုင်သမျှ ဖယ်ရှားရမယ်ဆိုတဲ့ခေတ်ရေစီးကြောင်းထဲရောက်လာပြီး၊ အထူသဖြင့် မြို့ဘက်မှာဆိုရထား system ကအတော်လေးကောင်းမွန်တိုးတက်နေတာကြောင့် ကားမရှိတဲ့လူငယ်တွေအရမ်းကိုများပါတယ်။

ကောင်မလေးရသွားရင် ကိုယ့်ကားနဲ့ကိုယ်လျှောက်လည်မယ်ဆိုတဲ့ ကျွန်တော်တို့ခေတ်နဲ့မတူတော့ဘဲ၊ အခုခေတ်ကလေးတွေက ကားဆိုတာဟာ ပိုက်ဆံကုန်ပေါက်တစ်ခုပဲ မလိုအပ်ဘူးလို့ရွေးချယ်လာကြပါတယ်။
နောက်ပြီး ပိုက်ဆံကုန်ရမယ်ဆို ကောင်မလေးတောင်မထားတော့ဘဲ အိမ်မှာပဲတစ်ယောက်တည်း ဂိမ်းဆော့ကြတဲ့နေထိုင်မှုဘဝသို့ရောက်လာပါတယ်။

ဒါကြောင့်လည်း ကားရောင်းဝယ်မှုလျော့ကျလာပါတယ်။
နယ်ဘက်မှာဆိုရင်တော့ သေချာပေါက်ကားလိုအပ်ပေမဲ့၊ ဒါကိုတောင်မှ ရောင်းရတဲ့ကားတွေဟာ ဈေးသက်သာတဲ့ကားအသေးလေးတွေလောက်သာဖြစ်ပါတယ်။
ကားအသေးဆိုတာကလည်း အမြတ်နှုန်းနည်းတာကြောင့် ဒီကားကုမ္ပဏီတွေဟာ ကြာကြာမခံနိုင်ပါဘူး။

အဲ့ဒီအထဲကနေထွက်လာတာကတော့ TOYOTA ရဲ့ KINTO ဆိုတဲ့ service ပဲဖြစ်ပါတယ်။
ကားကို ၃ နှစ်အကြာငှားပြီး၊ အသုံးပြုစရိတ်ကိုတော့ လတိုင်းပေးချေရတဲ့ပုံစံပါ..
လက်ရှိလည်း အကြွေးစနစ်နဲ့ဝယ်ယူပြီးလတိုင်းပြန်ဆပ်ရတဲ့ပုံစံပဲဖြစ်ပေမဲ့၊ လုပ်ပုံလုပ်နည်းကတော့ တော်တော်လေးကွဲပြားပါတယ်။

loan နဲ့ဝယ်တာဟာ နောက်ဆုံးအထိအကြွေးဆပ်နေရတဲ့သဘောပါပဲ..
နောက်ပြီးကားကိုမိမိတစ်ဦးတည်းကပဲ ပိုင်ဆိုင်တယ်ပေါ့…
အဲ့ဒီလိုဆို ကားအတွက်ကျသင့်မယ့် အခွန်၊ အာမခံ၊ မတော်တဆမှုဖြစ်ချိန်မှာပြန်ပြင်ဆင်ဖို့စရိတ်၊ နောက်ပြီးဂျပန်မှာတော့ မလိုက်နာရင်မရတဲ့ ယာဉ်စစ်ဆေးခြင်းကိုလည်း မိမိဘာသာပေးချေရပါတယ်..

နောက်ပြီး ကားကို ၃ နှစ်၊ ၅ နှစ်လောက်စီးပြီးတဲ့အခါ အသစ်ဝယ်လဲချင်တယ်ဆိုရင်လည်း ဒါဟာဘယ်လောက်နဲ့ရောင်းနိုင်မလဲ၊ ဈေးအမြင့်ဆုံးရမယ့်နေရာတွေကိုရှာပြီး ရောင်းတာကအစ မိမိကိုယ်တိုင်ကြိုးစားလှုပ်ရှားရတော့မှာဖြစ်ပါတယ်။
အကြီးစားယာဥ်တိုက်မှုတွေဖြစ်ပြီး ကားတစ်စစီပျက်ဆီးသွားရင်တော့ အကြွေးတွေသာဆက်ပြီးကျန်ခဲ့မှာပါ….

 

တစ်ဖက်မှာလည်း ပုံစံအသစ်ဖြစ်တဲ့ အငှားချတဲ့စတိုင်ကတော့ ပိုင်ဆိုင်သူဟာမိမိမဟုတ်ဘဲ၊ အငှားချပေးတဲ့ကုမ္ပဏီဖြစ်တဲ့ KINTO ကပဲပိုင်တာဟာလည်း ကြီးမားတဲ့ကွဲပြားချက်ဖြစ်ပါတယ်။
အာမခံရော၊ အခွန်ကိုပါ ကားရဲ့ပိုင်ဆိုင်သူကပဲပေးရမှာကြောင့် KINTO ရဲ့တာဝန်ပဲဖြစ်ပါတယ်။
အာမခံကလည်း KINTO ကအားလုံးစုပြီးထည့်မှာပါ။
အာမခံဟာပုံမှန်ဆို တစ်ဦးချင်းတစ်ဦးချင်းထည့်ရပေမဲ့၊ KINTO လိုမျိုးစုပြီးထည့်ရမယ်ဆိုရင်တော့ အာမခံကြေးဟာလည်းဈေးသက်သာသွားနိုင်မယ်မဟုတ်လား…ဒီအာမခံကြေးဟာလည်း သတ်မှတ်ထားတဲ့ဈေးထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။
ယာဉ်စစ်ဆေးခြင်းကလည်း KINTO ရဲ့တာဝန်ပါပဲ…
ယာဥ်တိုက်မှုဖြစ်ချိန်ပြန်ပြင်ဆင်စရိတ်ကတော့ အသုံးပြုသူဟာအများဆုံး ယန်း ၅ သောင်းလို့သတ်မှတ်ထားပြီး အဲ့ဒီထက်ကျော်သွားရင်တော့ ကျော်သွားတဲ့ပမာဏအတွက်KINTO ကတာဝန်ယူပါတယ်။

နောက်ပြီး ၃ နှစ်ကြာစီးပြီးရင်တော့ ကားပြန်အပ်ရုံပါပဲ..
ဘယ်လောက်ပြန်ရောင်းနိုင်မလဲ? ဆိုတာတွေလည်း စိတ်ပူစရာမလိုတော့ပါဘူး…

ဘယ်ဟာကပိုမြတ်သလဲ တွက်ချက်ကြည့်ရအောင်….
နှိုင်းယှဥ်ကြည့်မယ်ဆို Passo အသေးစားကို ၃ နှစ်ငှားမယ်ဆိုပါစို့…

အမျိုးမျိုးသောပစ္စည်းကိရိယာတပ်ဆင်မလာ မတပ်ဆင်ဘူးလာနဲ့လိုက်ကာ, ဈေးကလည်းပြောင်းလဲသွားမှာဖြစ်ပြီး

ကားအလုံးလိုက်အတွက်သာ တွက်လိုက်ရင်တော့ ၁ လကို ယန်း 32,780 ဖြစ်ပါတယ်။
၃ နှစ်စီးမှာဖြစ်လို့ စုစုပေါင်း 1,180,080 ယန်းကျသင့်မှာဖြစ်ပါတယ်။

ဝယ်စီးမယ်ဆိုရင်တော့
1,199,000 ယန်းပါ…
ဒီထဲမှာအမျိုးမျိုးသော ကုန်ကျမှုတွေကပ်ပါလာအုံးမှာပါ..

တစ်နှစ်ပတ်လုံးအတွက်အာမခံက ယန်း 4သောင်း x 3 နှစ် = 120,000 ယန်းတိတိ..
ကားအတွက်အခွန်က 34,500 ယန်း x3 နှစ် = 103,500 ယန်းတိတိ..

နောက်ပြီး အကြွေးစနစ်နဲ့ဝယ်မယ်ဆိုရင်တော့ အတိုးနှုန်းလည်းမတွက်လို့မရပါဘူး..

ဒါနဲ့ ဘယ်ဟာပိုမြတ်သလဲ?
အရမ်းကြိုက်တဲ့ကားကို မိမိတစ်ယောက်တည်းအချိန်အကြာကြီးစီးချင်တဲ့လူအတွက်တော့ ဝယ်လိုက်ဖို့အကြံပေးချင်ပေမဲ့၊ ပုံမှန်လူမျိုးအတွက်ဆိုရင်တော့ ၃ နှစ်လောက်နေရင်အသစ်တစ်စီးလဲစီးနိုင်တာက အခက်အခဲမရှိစိတ်ကျေနပ်မှုလည်း ရမယ်လို့ထင်ပါတယ်။
နောက်ပြီး ပြန်လည်ပြုပြင်ခြင်းတွေလည်းမလုပ်ချင်တော့ဘူးဆိုရင်တော့ ငှားစီးလိုက်တာအကောင်းဆုံးပါပဲ…

ကနဦးငွေပေးချေစရာလည်းမလိုတာကြောင့် အသေးစားကားတွေထက် ပိုပြီးကြီးတဲ့ကားတွေရွေးနိုင်ပြီမဟုတ်လား?
ဒီလိုကားရွေးချယ်မှုမှာလည်း နယ်ပယ်ကျယ်ပြန့်လာတာက အားသာချက်တစ်ခုပါပဲ..

“ ကားကိုတစ်ဦးတည်းမပိုင်တော့ဘဲ အငှားချတဲ့ခေတ်ဆီသို့…”
အဲ့ဒီခေတ်ကို KINTO ကဖွင့်ချလိုက်တာပါပဲ… စိတ်လှုပ်ရှားဖို့ကောင်းတယ်နော်…

စကားမစပ် ကျွန်တော်အမေကလည်းအရင်နေ့က KINTO မှာသွားလျှောက်လိုက်ပါပြီ…!!!
ကားရောက်လာဖို့ ၂ လလောက်စောင့်ရပါမယ်
ဒီလိုငှားရမ်းနိုင်တဲ့ခေတ်က မိမိရဲ့ခြေတစ်လှမ်းအသာလောက်မှာပဲရှိတာကြောင့် စမ်းသပ်ကြည့်ကြပါစို့နော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: