ဂျပန်လူငယ်တွေက မချစ်ကြိုက်ချင်ကြတော့တာ ဘာကြောင့်လဲ ?

ဂျပန်လူမျိုးတွေ လက်ထပ်ထိမ်းမြားခြင်းတွေ လျော့နည်းလာတာကြောင့် ပြဿနာတစ်ခုအနေနဲ့ဖြစ်လာပါတယ်။

ဂျပန်လူမျိုးယောက်ျားလေးတွေရဲ့ အသက် ၂၀ ကနေ ၂၄ နှစ်အတွင်း လက်မထပ်ထားတဲ့ရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းအထက်မှာရှိပြီး၊ အသက် ၂၅ နှစ်ကနေ ၂၉ နှစ်အတွင်းဆိုရင်လည်း ၇၀ ရာခိုင်နှုန်းအထက်မှာရှိနေပါတယ်။ အသက် ၃၀ ကနေ ၃၄ နှစ်အတွင်းဆိုရင် တစ်ကိုယ်တည်းသမားတွေက တစ်ဝက်ထက်ကျော်ပါတယ်။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့

 

“ ချစ်ကြိုက်ရတာပင်ပန်းတယ် ”

 

ဒါက လက်ထပ်တယ်လက်မထပ်ဘူးဆိုတာရဲ့ပြဿနာတစ်ခုတည်းတင်မဟုတ်ဘဲ၊ ချစ်ကြိုက်ရတာဟာ ဒုက္ခများတဲ့အရာတစ်ခုလို့ မြင်နေကြတာဖြစ်ပါတယ်။

ဘာကြောင့်လဲ ?

https://w.grapps.me/love/20180227-5/

ဂျပန်နိုင်ငံမှာ စီးပွားရေးအလွန်တိုးတက်နေတာကြောင့် ဖြစ်ပါတယ်။

စစ်ပွဲပြီးခါစမှာမွေးဖွားလာခဲ့တဲ့ စာရေးသူတို့အဖေမျိုးဆက်တုန်းက Showa ခေတ်မှာ ကောင်းကောင်းမွန်မွန်နဲ့အသက်ရှင်နိုင်တဲ့ခေတ်ဖြစ်ခဲ့ပါတယ်။

လစာတွေကလည်း ပိုပိုပြီးတိုးလာပါတယ်။

နှိမ့်ကျနေတဲ့ဘဝကနေ တဖြည်းဖြည်းတိုးတက်လာပြီး လိုချင်တာတွေလည်း တဖြည်းဖြည်းနဲ့ ရလာခဲ့ပါတယ်။

အခုလက်ရှိအရှေ့တောင်အာရှနိုင်ငံတွေနဲ့ အတူတူလောက်ပါပဲ။

https://www.pinterest.com.mx/pin/760334349563514475/

 

ပိုက်ဆံတွေသုံးလိုက်မိရင်တောင် နောက်ထပ်ဝင်ငွေတွေရှိနေသေးရင် အဆင်ပြေပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ပိုက်ဆံတွေကို လုံလုံလောက်လောက်သုံးစွဲနိုင်ခဲ့တဲ့ခေတ်ဖြစ်ပါတယ်။

ဒီလိုလုပ်လို့မရတော့တဲ့ ယနေ့ခေတ်ဂျပန်နိုင်ငံမှာ စီးပွားရေးကျဆင်းခဲ့တာက နှစ်ပေါင်း ၃၀ ကျော်လောက်ရှိပါပြီ။

အလုပ်လုပ်နေရင်တောင် လစာကတိုးမလာပါဘူး။

နောက်ပြီးဒီလိုခေတ်ကို သင်္ကေတအနေနဲ့ ကလေးတွေက ပညာအသစ်တွေမှာယှဥ်ပြိုင်မှုမရှိတော့တာတွေကို တွေ့ရပါတယ်။

သူတို့လေးတွေက အားလုံးပေါ်မှာ အခြေခံပြီး အားသွန်ခွန်စိုက်အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့သူတွေက ပိုများလာပါတယ်။

အလုပ်တစ်ခုတည်းတင်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာမှာလည်း စိတ်နှစ်ထားကြပါတယ်။

 

ဂျပန်နိုင်ငံတစ်နိုင်ငံလုံးက ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ကြောင့် ခုချိန်မှာစီးပွားရေးတွေကောင်းမွန်နေတယ်ဆိုပေမယ့် အိုလံပစ်ပွဲပြီးဆုံးသွားတဲ့အထိ လူတိုင်းကယာယီသွားရောက်နေထိုင်နေကြရာမှာ အင်အားမရှိတော့တာတွေလည်း ဖြစ်လာနိုင်တာကြောင့် ဘာမှမတတ်နိုင်ဘူးလို့ထင်ပါတယ်။

အခုချိန်ထိတော့ တစ်ယောက်တည်းနေမယ်ဆိုရင် စားသောက်ဆိုင်ထဲဝင်ရတာခက်ပြီး တစ်ယောက်တည်းစားရင်လည်း တစ်ယောက်စာထက်ပိုနေတတ်တာကြောင့် တစ်ယောက်တည်းနေတာများလာတဲ့အပေါ်မှာမူတည်ပြီး ဆိုင်တွေက တစ်ယောက်စာထုတ်ကုန်နဲ့ ဝန်ဆောင်မှုလေးတွေပေးမယ်ဆိုရင် အဆင်မပြေမှုတွေ တဖြည်းဖြည်းဖြစ်လာပါတော့မယ်။

ကောင်မလေးရလာတဲ့အခါမှာ အတူတူသွားစားဖြစ်ကြတော့မှာမဟုတ်ပါဘူး။

အဲ့ဒါက ပြဿနာပါ။

ဒီလိုမျိုးတွေစဥ်းစားမိလိုက်ရင် ချစ်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

စီးပွားရေးဘက်ကိုပဲလိုက်နေတဲ့သူတွေ ရှိပေမယ့် အရမ်းကိုစိတ်ဆင်းရဲနေရတဲ့ပုံပေါ်ပါတယ်။

ဂျပန်နိုင်ငံက နောက်ဆိုဘယ်လိုဖြစ်လာမလဲ ?

ဒီလိုတစ်ယောက်တည်းဖြစ်နေတာက ကောင်းပါ့မလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: