ဂျပန်လူမျိုးသက်ကြီးရွယ်အိုတွေရဲ့ စားဝတ်နေရေး

ဂျပန်လူမျိုးတွေဆိုတာ အလုပ်တွေအရမ်းလုပ်ကြပါတယ်။ နောက်ပြီး ဒီကုမ္ပဏီတစ်ခုတည်းမှာပဲ အချိန်အကြာကြီးဆက်ပြီးလုပ်လေ့ရှိကြပါတယ်။

သူတို့တွေဟာ အလုပ်တွေကို ရပ်နားလိုက်ပြီးတဲ့နောက်မှာ ဘဝကြီးကို ဘယ်လိုဖြတ်သန်းကြလဲ ?

ဂျပန်နိုင်ငံမှာတော့ ပင်စင်လစာပေးတဲ့စနစ် ရှိပါတယ်။

အလုပ်လုပ်နေတဲ့အတောအတွင်းမှာ စုဆောင်းထားပြီး နှစ်ပေါင်းများစွာ စုဆောင်းမိပြီး အသက်ကြီးလာတဲ့အခါ ပုံမှန်အတိုင်း ပိုက်ဆံရမှာြဖစ်ပါတယ်။

အမျိုးအစားတွေအမျိုးမျိုးခွဲခြားထားပြီး ဂျပန်နိုင်ငံမှာ ပင်စင်ကြေးတွေမဝင်ရောက်လာခဲ့ဘူးဆိုရင် ကြပ်တည်းမှုတွေဖြစ်လာမှာဖြစ်ပါတယ်။

https://ja.wikipedia.org/wiki/日本の年金

ပုံမှန်စည်းမျဥ်းအရ အသက် ၂၀ အထက်ကနေ အသက် ၆၀ အတွင်း ဂျပန်မှာနေထိုင်တဲ့နိုင်ငံသားဆိုရင် ပင်စင်လစာရမယ့် စာရင်းထဲဝင်ရောက်သွားမှာဖြစ်ပါတယ်။

နေထိုင်တဲ့ကာလ ၃ လအထက်ရှိတဲ့ နိုင်ငံခြားသားဆိုရင်တောင် ဒီစာရင်းထဲကိုဝင်ပြီဖြစ်ပါတယ်။

နောက်ပြီး အသက်ကြီးတဲ့အခါ စိတ်ချလက်ချနဲ့နေထိုင်ရပြီး ကုမ္ပဏီကထောက်ပံ့ပေးတဲ့ ပင်စင်လစာတွေရတဲ့အပြင် အဲ့ဒီရရှိတဲ့ပင်စင်လစာတွေဟာ ငွေပမာဏအများကြီးဖြစ်ပါတယ်။

ပင်စင်လစာတွေဟာ ရာထူးရဲ့လစာ( အဲ့ဒီပေါ်မှာမူတည်ပြီး ပေးတဲ့ပင်စင်လစာအနည်းအများကွာခြားမှု ) နဲ့ အလုပ်လုပ်ကိုင်ခဲ့တဲ့ နှစ်အရေအတွက်ကိုလိုက်ပြီး ပိုများလာတာကြောင့် ပျမ်းမျှအားဖြင့် တစ်လကို ယန်း ၁၅ သောင်း လောက်ရတယ်လို့ပြောကြပါတယ်။

https://fuelle.jp/life/detail/id=4153

 

အလားတူ အသက်ကြီးတဲ့အရွယ်မှာ အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်ရင်တောင် အသက်အရွယ်အိုမင်းတဲ့ဘဝမှာ လတိုင်း ယန်း သောင်း ၄၀ လောက်လိုအပ်တယ်လို့ပြောတာကြောင့် ဂျပန်နိုင်ငံရဲ့ ပင်စင်လစာဟာ တော်တော်လေးကိုနည်းပါတယ်။

ဒါဟာလည်း အသက်ကြီးတဲ့အချိန်မှာ အသုံးပြုတဲ့ ကုန်ကျစရိတ်တွေ ခြားနားတာကြောင့်လို့လည်းဆိုကြပါတယ်။

အိမ်စောင့်ရင်းနဲ့ အိမ်ခြံမြေအခွန်အတွက် ကုန်ကျစရိတ်အတွက် နှစ်တိုင်းပေးဆောင်ရမှာကတော့ အတူတူပါပဲ။

ဒါပေမယ့် ဂျပန်နိုင်ငံမှာ လျော့ပေါ့ပေးတယ်ဆိုတာမျိုးမရှိပါဘူး။

နောက်ပြီး ဂျပန်နိုင်ငံမှာ အခွန်ဝန်တွေကိုလည်း အသက်ကြီးတဲ့အခါ ပေးဆောင်းမှုတွေကို ရပ်တန့်စေမယ်ဆိုရင် ဝမ်းသာစရာဖြစ်လာမှာဖြစ်ပါတယ်။

ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်တွေလည်း တစ်ယောက်ကို ၁၀ ရာခိုင်နှုန်း  လျော့ချပေးထားတာကြောင့် ပိုက်ဆံတွေအများကြီးမကုန်ကျပါဘူး။

အသက်ကြီးတဲ့အရွယ်မှာ ခန္ဓာကိုယ်တွေလည်း အားနည်းလာတာကြောင့် ဆေးကုသစရိတ်တွေဟာ ဈေးသက်သက်သာသာနဲ့ ကုလို့မပျောက်တဲ့ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

နောက်ပြီး ကုမ္ပဏီတွေတော်တော်များများက အငြိမ်းစားယူဖို့အတွက် စီစဥ်ပေးထားတတ်ကြပါတယ်။

အလုပ်လုပ်ခဲ့တဲ့သက်တမ်း၊ ရရှိလာတဲ့ လစာအရေအတွက်အပေါ်မူတည်တာကြောင့် အခြေခံအားဖြင့် ပင်စင်လစာရတဲ့ကာလဟာလည်း ရှည်လျားပြီး ငွေပမာဏအမြောက်အမြားကို လက်ခံရရှိမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ယန်း သောင်း ၂၀၀၀ လောက်တော့ ရရှိမှာသေချာပါတယ်။

နောက်ပြီး အိမ်ရဲ့အကြွေးတွေကိုကြေအောင်ဆပ်ပြီးသားဆိုရင်တော့ ကောင်းကောင်းမွန်မွန် ဇိမ်ခံပြီးတောင်နေလို့ရပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အိုမင်းရတဲ့ဘဝက ကောင်းလိုက်တာလို့ တွေးမိကြလိမ့်မယ်လို့ထင်ပါတယ်။

ဒါပေမယ့် ခုတော့အခြေအနေတွေဟာ တော်တော်ကြီးကိုပြောင်းလဲသွားခဲ့ပါပြီ။

အရင်ကထက် ပင်စင်လစာတွေလည်း တဖြည်းဖြည်း လျော့နည်းလာပါပြီ။

နောက်ပြီး လစာတွေစတင်ရရှိလာပြီဆိုတာနဲ့ အသက်တွေကလည်းတဖြည်းဖြည်း ကြီးလာမှာဖြစ်ပါတယ်။

ပင်စင်လစာဆိုတာ လူငယ်လေးတွေ အလုပ်လုပ်ရင်းကနေရရှိလာရာကနေ ပြန်ပေးနေတာဖြစ်လို့ လူငယ်လေးတွေ တဖြည်းဖြည်းလျော့နည်းလာတာကြောင့် ပေးမယ့်လူနဲ့ ရမယ့်လူအရေအတွက်မညီမျှတာကြောင့် ကျပ်တည်းမှုတွေဖြစ်လာရတာဖြစ်ပါတယ်။

ပင်စင်လစာကိုပဲ မျှော်လင့်စောင့်စားနေရပြီး ငွေပမာဏက တဖြည်းဖြည်းလျော့နည်းလာတဲ့ကြားက တာဝန်မသိတတ်တဲ့ လူငယ်တွေကလည်း ပိုပိုပြီးတော့များလာပါတယ်။

ဆေးကုသစရိတ်တွေလည်း ပိုများလာတယ်လို့လည်း ပြောကြပါတယ်။

အစိုးရကထောက်ပံ့တဲ့ ဆေးကုသကုန်ကျစရိတ်တွေလည်း တော်တော်များတယ်ဆိုပေမယ့် ဘဏ္ဍာရေးတွေလည်း ကျပ်တည်းလို့လာပါတယ်။

နောက်ပြီး ကုမ္ပဏီတွေရဲ့ ပင်စင်လစာကိုလည်း ကုမ္ပဏီဆက်လက်တည်ရှိနေတဲ့အချိန်အတွင်းမှာပဲရရှိမှာဖြစ်လို့ ရုတ်တရက် ဒေဝါလီခံသွားမလားဆိုတာ ခန့်မှန်းလို့မရတဲ့ခေတ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့သက်ကြီးရွယ်အိုတွေ စိုးရိမ်နေကြတာဟာ အရင်က ကိစ္စတွေဆက်ပြီးဖြစ်ပေါ်လာမယ့်အရာတွေ ဖြစ်နိုင်ပါတယ်။

ဒါဆိုရင်တော့ ကိုယ်တိုင်အလုပ်လုပ်နိုင်တဲ့ အချိန်မှာ ရှာဖွေစုဆောင်းထားဖို့က အရေးကြီးတာပဲနော်…..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: