ဂျပန်နိုင်ငံရဲ့ အားသာချက်ဆိုရင် ကျေးလက်ဒေသကို အရင်ကြည့်လိုက်ပါ

အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုရင် စိတ်တိုင်းကျတာက LG တို့ Samsung တို့ဖြစ်ပါတယ်။

နောက်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းအပိုင်းမှာ တရုတ်နိုင်ငံက ပိုအားကြီးပြီး စီးပွားရေးလုပ်ငန်းအရ ဂျပန်နိုင်ငံကို အခက်တွေ့စေတဲ့ နိုင်ငံတစ်နိုင်ဖြစ်နေတယ်လို့ ထင်တဲ့သူတွေများတယ်နော်။

တိုကျိုမြို့ထက် ရှန်ဟိုင်းမြို့ကပိုကြီးတယ်လို့ဆိုတဲ့သူများတယ်ဆိုပေမယ့်လည်း ဂျပန်နိုင်ငံရဲ့တကယ့် အားသာချက်ကိုသိချင်ရင်တော့ ကျေးလက်ဒေသတွေကို သွားတာပိုကောင်းပါတယ်။

 

လမ်းပမ်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ခြင်း

 

https://twitter.com/hashtag/%E9%AB%98%E8%A6%8F%E6%A0%BC%E5%B9%B9%E7%B7%9A%E9%81%93%E8%B7%AF

အဆင့်မြင့်အဝေးပြေးလမ်း၊ အဝေးပြေးလမ်းမကြီးတွေ စတာတွေကို အထူးပြုပြင်ထိန်းသိမ်းထားတာက မြို့ထက်ကလမ်းတွေပါအပါအဝင်ဆိုရင် ပုံထဲကလို ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ဆက်သွယ်ထားတာဖြစ်ပါတယ်။

အဝေးပြေးကားတွေဟာ အမြန်လမ်းမကြီးတွေမှာ ဘေးကင်းကင်းနဲ့ အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။

စုစုပေါင်းအကွာအဝေး 11,500 ကီလိုမီတာတောင်ရှိပါတယ်။

အဲ့ဒီ မိန်းလမ်းမကြီးကနေဆင်းလိုက်မယ်ဆိုရင်လည်း ကတ္တရာတွေနဲ့ သေချာခင်းထားတာကြောင့် ကားနဲ့သွားလာမယ်ဆိုရင်လည်း အခက်အခဲမရှိပါဘူး။

 

 

ဝင်ငွေနည်းပါးမှုမရှိခြင်း

 

https://www.j-cast.com/kaisha/2017/08/30306921.html

 

လယ်သမားတစ်ယောက်ကို နှစ်စဥ်ဝင်ငွေယန်း သောင်း၄၅၀ လောက် ရှိပါတယ်။

စကားမစပ် ဂျပန်နိုင်ငံရဲ့ လခစားတစ်ယောက်အနေနဲ့ ပျှမ်းမျှနှစ်စဥ်ဝင်ငွေက ယန်း သောင်း ၃၆၀ လောက်ပဲရှိပါတယ်။

မြို့ပေါ်မှာအလုပ်လုပ်နေတဲ့သူတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ကျေးလက်ဒေသက အစားအစာကုန်ကျစရိတ်၊ နေထိုင်မှုစရိတ်စတာတွေဟာ ပိုပြီးသက်သာပါတယ်။ ဒါ့အပြင် ဝင်ငွေကပိုများတယ်ဆိုတာကလည်း မနာလိုစရာပဲနော်။

 

 

အင်တာနက်အမြန်နှုန်းမြင့်မားခြင်း

https://wakuwork.jp/archives/15637

 

ဂျပန်နိုင်ငံအတွင်း ဘယ်နေရာကိုပဲရောက်ရောက် ဆွဲအားကောင်းတဲ့အင်တာနက်ကို အသုံးပြုနိုင်ပြီး ဖုန်းလိုင်းကလည်း ဘယ်မှာပဲဖြစ်ဖြစ် လိုင်းမိပါတယ်။

ဒါကတော့ ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံထက်တောင် ပိုပြီးအဆင်ပြေပါသေးတယ်။

 

 

ပစ္စည်းအချိန်မှန်မှန်ရောက်ရှိခြင်း

https://honote.macromill.com/report/20180605/

 

ဝေးလံခေါင်ပါးတဲ့ကျွန်းတွေမှာပဲဖြစ်ဖြစ် ဂျပန်နိုင်ငံအတွင်းမှာဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်။

အင်တာနက်မှာ မှာယူလိုက်တာနဲ့ အဲ့ဒီပစ္စည်းကို ချက်ချင်းပို့ပေးပါတယ်။

ရေခဲသေတ္တာ၊ အေးခဲနေတဲ့ပစ္စည်းတွေကအစ ပို့ပေးတာကြောင့် အနီးနားမှာဆိုင်မရှိရင် ဒုက္ခရောက်ရတာမျိုး လုံးဝမရှိပါဘူး။

 

 

နေရာတိုင်းမှာ ရှု့ခင်းများလှပခြင်း

 

https://www.msn.com/ja-jp/travel/news/%E5%BE%8C%E4%B8%96%E3%81%AB%E6%AE%8B%E3%81%97%E4%BC%9D%E3%81%88%E3%81%9F%E3%81%84%E3%80%8C%E6%97%A5%E6%9C%AC%E3%81%AE%E7%BE%8E%E3%81%97%E3%81%84%E8%87%AA%E7%84%B6%E3%80%8D/ss-BBB0lHS

 

တောင်တန်းတွေရော စိုက်ပျိုးထားခြင်းမရှိသေးတဲ့ နေရာတွေမှာလည်း ဂျပန်နိုင်ငံကထောက်ပံ့ငွေတွေကို ရရှိတာကြောင့်  သန့်ရှင်းနေအောင် ထိန်းသိမ်းထားကြပါတယ်။

ဂျပန်နိုင်ငံမှာ သဘာဝပတ်ဝန်ကျင်ကို လှပသန့်ရှင်းအောင် အမြဲတမ်းထိန်းသိမ်းကြပါတယ်။

အမှိုက်တွေလည်း ပစ်မချဘဲ မြက်ပင်ပေါင်းပင်တွေဆိုတာမျိုးလည်းမရှိပါဘူး။

ပြုပြင်ထိန်းသိမ်းရင်းနဲ့ လှပလာတဲ့သဘာဝပတ်ဝန်ကျင်ဟာ ဂျပန်နိုင်ငံကျေးလက်ဒေသတွေရဲ့ အဓိကအားသာချက်ဖြစ်ပါတယ်။

 

နိုင်ငံကြီးကလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မြို့ပြကြီးဆီကိုရောက်ဖို့အတွက် ကျေးလက်ဒေသကို စွန့်ခွာတာမျိုးတွေရှိပါတယ်။

ဂျပန်နိုင်ငံကတော့ ပြောင်းပြန်အနေနဲ့ ကျေးလက်ဒေသဘက်က ပိုပြီးချမ်းသားနေတာလား လို့တောင် ထင်ရလောက်အောင်ပါပဲ။

သေချာတာက ပညာရေးအတွက် ရွေးချယ်စရာတွေနည်းတယ်၊ အရေးပေါ်အချိန်တွေမှာ ဆေးရုံကိုနီးနီးနားနားသွားလို့မရဘူးဆိုတဲ့ ပြဿနာလေးတွေတော့ရှိပါတယ်။

ဒါပေမယ့်လည်း စားဝတ်နေရေးအတွက်ဆိုရင် မြို့ပြဒေသနဲ့ တန်းတူညီမျှလောက်ပဲရှိမယ်လို့ထင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကျေးလက်ဘဝမှာ မနေကြည့်ချင်ဘူးလား ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: