လူသားမျိုးနွယ်သစ်လား? ရှူရှိုက်မှုတစ်ခုတည်းဖြင့် အသက်ဆက်ခြင်း။

ကမ္ဘာပေါ်မှာ အသက်ရှူရှိုက်ခြင်းတစ်ခုတည်းနဲ့ ရှင်သန်နေတဲ့သူတွေ ရှိပါတယ်။

အသက်ရှူရှိုက်ခြင်း၊ Breathတစ်ခုတည်းနဲ့ ရှင်သန်နေတဲ့အတွက်၊ Breatharianလို့ ခေါ်တာပါ။

ဓာတ်ပုံထဲက အာခိရယ က ၂၀၀၈ခုနှစ်ကတည်းက အခုချိန်အထိ၊ ဘာအစားအစာမှ မစားပဲ ရှင်သန်ခဲ့တာပါ။

http://gakkenmu.jp/column/6201/

အာခိယမ က Breatharianတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ရှေ့နေတစ်ယောက်ဖြစ်တဲ့ အာခိယမ ဟာအစားမစားပဲစတင်နေထိုင်ဖြစ်ခဲ့တာက၊ ၂၀၀၆ခုနှစ် သြစတေးလျမှာ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့အချိန်ကတည်းက ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ အစားမစားပဲနေထိုင်တဲ့အကြောင်းကို ကြားပြီးတော့ စိတ်ဝင်စားရင်းနဲ့ သူသတိထားမိတဲ့အချိန်မှာ ၅ရက်လောက် အစားမစားပဲနေပြီးနေပါပြီ။

အဲတာကို အရင်းခံပြီးတော့ အစားအသောက်ပမာဏ လျှော့ချတာဖြစ်ပြီး တစ်ကြိမ်ချင်းစီထပ်လျှော့ရင်းနဲ့ တစ်ရက် ၃ကြိမ်ကနေ ၂ကြိမ်၊ နောက်ပိုင်းမှာ ၁ကြိမ်အထိလျှော့နိုင်ခဲ့ပါတယ်။

အစားအသောက်ကိုလည်း ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ပြောင်းလဲစားသုံးခဲ့ပြီး၊ ၂နှစ်ကြာ ၂၀၀၈ခုနှစ်ကစပြီးတော့ အစားလုံးဝမစားတော့ပါဘူး။

ပြီးတော့ အိပ်ချိန်လည်း ၂နာရီပဲ အိပ်ခဲ့ပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်အခြေအနေကတော့ လုံးဝကောင်းမွန်နေပြီး၊ မီတာ၁၀၀ပြေးခဲ့တဲ့ စံချိန်ကလည်း လွန်ခဲ့တဲ့၁၀နှစ်ကထက် မြန်ခဲ့ပါတယ်။

အရင်တုန်းက အာခိယမ မှာ စိတ်ဓာတ်ကျစရာအတွေးတွေ ရှိခဲ့ပါတယ်။

ရှေ့နေဖြစ်ဖို့အတွက်ဖြေဆိုရတဲ့ ဥပဒေစာမေးပွဲကို ၃ကြိမ်ကျခဲ့ပြီး၊ အလွန်အကျွံ စာလေ့လာတာမျိုးတွေလည်း ရှိခဲ့တဲ့အတွက် လူကော စိတ်ကော အောက်ဆုံးကို ရောက်နေခဲ့ပါတယ်။

ငရဲရောက်နေသလို ခံစားခဲ့ရတဲ့ပုံပါပဲ။

အဲလိုဖြစ်နေပေမယ့်လည်း သူက စာဆက်လက်လေ့လာပြီးတော့ ဥပဒေစာမေးပွဲကို အောင်မြင်ခဲ့ပြီး ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ နားလည်သဘောပေါက်သွားတဲ့ အာခိယမ က၊ အစားမစားပဲလည်း ရှင်သန်နိုင်တယ်လို့ စဉ်းစားမိပြီးတော့ လက်တွေ့ လုပ်ဆောင်ကြည့်ခဲ့တာပါ။

အာခိယမ အပြင် အစားမစားပဲရှင်သန်နေတဲ့ သူတွေ ဂျပန်မှာရှိပါတယ်။

ဒါပေမယ့် အဲဒါက တကယ်ရောဟုတ်ပါ့မလား။ ဆေးပညာပိုင်းအရ စစ်ဆေမှုမှုတွေ မလုပ်ကြည့်ရသေးပေမယ့် စာဖတ်သူကော ဘယ်လိုထင်ပါသလဲ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: