လတ်တလော ယာခူဇာတွေရဲ့ စီးပွားရေး

ဂျပန်နိုင်ငံရဲ့ အမည်းရောင်အဖွဲ့အစည်းတွေအနေနဲ့ ခံယူထားတဲ့သူတွေရှိပါတယ်။

တရားမဝင်တဲ့နည်းလမ်းတွေနဲ့ အမြတ်အစွန်းတွေထုတ်ကြပေမယ့် ဒီနှစ်ပိုင်းလောက်မှာ ရဲတွေက ယာခူဇာ ဖမ်းဆီးရေးတွေအနေနဲ့ ပပျောက်ရေးတွေကို အကြီးအကျယ်လုပ်ဆောင်နေကြပါတယ်။

https://jp.sputniknews.com/japan/201903286082257/

 

မနှစ်ကနှစ်ကုန်မှာ ဂျပန်နိုင်ငံရဲ့ယာခူဇာဂိုဏ်းဝင် အယောက် 30,500 ရှိခဲ့ပါတယ်။

တစ်နှစ်ထက်တစ်နှစ်ယှဥ်ကြည့်လိုက်ရင် အယောက် ၄၀၀၀ လောက်မကောင်းတာလုပ်နေပြီး ဒီလိုရာဇဝတ်မှုတွေ တော်တော်များများလျော့ချဖို့လုပ်နေကြပါတယ်။

အကြောင်းအရင်းတစ်ခုကတော့ ယာခူဇာတွေလည်း ထမင်းစားရမယ်ဆိုတာက ပြဿနာတစ်ခုဖြစ်ပါတယ်။

ယာခူဇာ လို့ပြောလိုက်တာနဲ့ အလုပ်လုပ်လို့မရတော့နဲ့ နည်းစနစ်တွေစုံလင်တဲ့ထဲမှာ ပိုက်ဆံလည်းသိပ်မရဘဲ အသက်ရှင်နိုင်ဖို့ရတဲ့ပမာဏက တဖြည်းဖြည်းနဲ့ကျပ်တည်းလာပါတယ်။

သူတို့တွေက လတ်တလောမျက်စိကျနေတာက ဒါပါ။

https://front-row.jp/_ct/17267205

ဟုတ်ပါတယ်။ ထိုင်ဝမ်ကနေလာတဲ့ Bubble Milk Tea ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း နာမည်ကြီးပြီး ဂျပန်နိုင်ငံမှာလည်း အရမ်းကိုလူကြိုက်များနေတာဖြစ်ပါတယ်။

အထူးသဖြင့် ကောင်မလေးငယ်ငယ်လေးတွေကြားမှာ ရေပန်းစားနေတဲ့ သောက်စရာတွေက လတ်တလော ယာခူဇာတွေရောင်းနေတာဖြစ်ပါတယ်။

ဒီလိုပျော်စရာကောင်း စီးပွားရေးတော့မဟုတ်ပါဘူး။

လက်တွေ့မှာ Bubble Milk Tea ဆိုင်တွေက ဖွင့်ထားတဲ့ ယာခူဇာတွေပြောပါတယ်။

ရည်ရွယ်ချက်သေးသေးလေးနဲ့ စတင်ခဲ့ကြတာဖြစ်ပြီး တိုကျိုမြို့ထဲမှာလည်း ယန်း ၂၀၀ လောက်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

ပုလဲတွေကိုတော့ အင်တာနက်ကနေတဆင့် ဝယ်ယူတင်သွင်းကြပါတယ်။

ဂျပန်နိုင်ငံမှာ ယန်း ၅၀၀ ကနေ ၈၀၀ လောက်နဲ့ရောင်းချနေပေမယ့် သောက်စရာတွေက ပုံမှန်ဆိုရင် ယန်း ၃၀ နဲ့ ၄၀ ကြားလောက်ပဲရှိပါတယ်။

ပိုက်တွေနဲ့ ခွက်တွေထဲထည့်ပြီး ယန်း ၅၀ လောက်ကျပါတယ်။

http://blog.livedoor.jp/dqnplus/archives/1991220.html

ပါဆယ်ဘူးလေးတွေနဲ့ ရောင်းမယ်ဆိုရင် 15㎡ လောက်ကျယ်တဲ့နေရာမှာ အချိန်ပိုင်း ၂ ယောက်လောက်ခေါ်လိုက်ရင်ရပါပြီ။

အရေအတွက်များများနဲ့တွက်ရမယ်ဆိုရင် လတိုင်း ဆိုင်တစ်ဆိုင်ကို သောင်း ၈၀ ကနေ သောင်း ၁၂၀ အထိ မြတ်ပါတယ်။

နောက်ပြီး တကယ်တော့ Milk Tea က ပုလဲထက်ဈေးသက်သာလို့ ပုလဲအလကားထည့်ပေးတယ်ဆိုတဲ့ promotion တွေလည်းလုပ်ကြပါတယ်။

အားလုံးကပျော်ပြီး ပုလဲပါတာကြိုက်တဲ့သူတွေများလာပေမယ့် ရိုးရိုး Milk Tea ကိုတော့ သောက်တဲ့သူတွေကနည်းလာပြီး တဖြည်းဖြည်းအမြတ်နည်းလာပါတယ်။

ကဲ အဲ့ဒီရေပန်းစားတာက ဘယ်အချိန်ထိလဲ?

နောက်ပြီး ယာခူဇာတွေက နောက်ထပ်ဘာတွေကို ထပ်ရောင်းချင်ကြမလဲ ?

အကြမ်းဖက်တာတွေက စားလို့မရတဲ့ ယာခူဇာတွေဖြစ်ပါတယ်။

ပုံမှန်လစာဝန်ထမ်းတွေထက် စီးပွားရေးတွေပိုပြီးတော့တောင် ကျွမ်းကျင်မယ်လို့ထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: