ဂျပန်မှာအိမ်မငှားခင် လူသေဖူးတဲ့အိမ်ဟုတ်မဟုတ် စစ်ဆေးကြည့်နိုင်မည့်နည်း။ ရှောင်နိုင်ပါ့မလား?

အသက်ကြီးရွယ်အိုတွေများလာတဲ့ဂျပန်။
လူကြီးတွေအိမ်မှာတစ်ယောက်တည်းနေကြပြီး၊ သေဆုံးသွားတဲ့အခါ ပတ်ဝန်းကျင်ကတစ်ယောက်မှသတိမထားမိဘဲ လပေါင်းများစွာ ပစ်ထားခံရပြီး အထီးကျန်စွာသေဆုံးရပါတယ်။

လူငယ်တွေကတော့ သတ်သေကြတယ်။
လူသတ်မှုအခင်းဖြစ်ပွားရာနေရာဖြစ်သွားတဲ့ အခန်းနဲ့အဆောက်အဦးလည်းရှိပါတယ်။

ဒီလိုနေရာမှာ စာဖတ်သူတို့နေချင်ကြပါသလား?
သရဲ၊ တစ္ဆေ၊ ဝိညာဉ်တွေကိုအယုံအကြည်မရှိတဲ့လူတောင် မနေချင်ကြပါဘူး။

ဒီလိုအိမ်တွေကို မတော်တဆဖြစ်ဖူးတဲ့အိမ်လို့ခေါ်ကြပေမဲ့ ဥပဒေအရတော့ လူလာမနေခင်မှာ သေချာပေါက်အကြောင်းစုံကိုရှင်းပြထားဖို့ ပြဌာန်းထားပါတယ်။ ဒါဆိုရင်တော့ စိတ်အေးရတယ် လို့တွေးရုံနဲ့မပြီးသေးပါဘူး။

ဂျပန်တစ်နိုင်ငံလုံးမှာ နှစ်စဉ်လူပေါင်း ၁.၃၈ သန်းသေဆုံးနေပါတယ်။ ၎င်းတို့အထဲက ၁၄ ရာခိုင်နှုန်းနီးပါးရှိတဲ့ လူပေါင်း ၁၈၈၀၀၀ ဟာ နေအိမ်မှာပဲသေဆုံးကြတာဖြစ်ပါတယ်။ ဒီအတိုင်းတွက်ချက်ရရင် လူသေဖူးတဲ့နေအိမ်တွေချည်း ဖြစ်နေသလိုပဲပေါ့…
ဒါပေမဲ့ နေထိုင်ဖို့အခန်းရှာတဲ့အခါ လူသေဖူးတဲ့အိမ်ဖြစ်ကြောင်းကိုတော့ တော်တော်များများက မရှင်းပြကြပါဘူး။

ဘာကြောင့်လဲဆိုတာကိုသိပါသလား?
ဒီနေရာမှာ ဥပဒေချန်လှပ်မှုတစ်ခုရှိပါတယ်။ လူသေဖူးတဲ့အိမ်ဖြစ်ကြောင်း မဖော်ပြထားလည်းရတယ်ဆိုတဲ့ လုပ်နည်းဖြစ်ပါတယ်။

တစ်ခုက ရောင်းချခြင်းခံရတဲ့အိမ်။
အိမ်ခြံမြေအကျိုးဆောင်တောင် ရောင်းချနေတဲ့အိမ်ကို အပြည့်အဝနားမလည်တဲ့အခြေအနေမျိုးရှိတတ်ပါတယ်။ ကြောက်စရာကောင်းတဲ့အချက်က အခုမှစမှာပါ။

လူသေဖူးတဲ့အိမ်မှာနေရမယ်ဆိုတဲ့ အချိန်ပိုင်းအလုပ်ရှိပါတယ်။
သတ်မှတ်ကာလ ၁ လကြာမည်။
ဒီလိုလုပ်ပြီး လူနေကြောင်းပြမယ်ဆိုရင်၊ နောက်ပိုင်း လူသေဖူးတဲ့အိမ်လို့ မိတ်ဆက်ထည့်ပြောစရာမလိုတော့ပါဘူးတဲ့…

ဒါဆိုဘယ်လိုနည်းနဲ့ ခွဲခြားရမလဲ?
နံပါတ်တစ်အချက်က “ ခို” ငှက်ရှိ/မရှိ ကြည့်ခြင်း။

သရဲ၊ ဝိညာဉ်တွေဟာ သံလိုက်စက်ကွင်း အစီအစဉ်မကျဖြစ်တယ်လို့ပြောကြတယ်။ အဲ့ဒီလိုအစီအစဉ်မကျတဲ့နေရာမှာ ခိုတွေအများအပြားရှိနေတတ်ကြတယ်လို့ ဆိုပါတယ်။ ဘုရားကျောင်းနဲ့ နတ်ကွန်းတွေမှာ ခိုတွေအမြောက်အများရှိကြပေမဲ့၊ အဲ့ဒီနေရာမှာဝိညာဉ်တွေရော ရှိနေလို့လား? လို့စဉ်းစားကြည့်ရင် နည်းနည်းတော့ နားလည်လာပါလိမ့်မယ်။ ဝရန်တာမှာ ခိုတွေအများကြီးရှိနေရင် နည်းနည်းတော့ကရုစိုက်ဖို့လိုအပ်ပါတယ်။

ဂျပန်မှာလည်း ခိုတွေအမြောက်အများရှိပေမဲ့ ဒါတစ်ခုတည်းနဲ့ ကောင်းကောင်းမခွဲခြားနိုင်ပါဘူး။

ဒါကြောင့်ပဲ သီးခြားဖော်ပြပေးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုပေါ်လာတယ်။ (အောက်ကလင့်ခ်မှာကြည့်ပါ)
https://www.oshimaland.co.jp

မတော်တဆမှုဖြစ်ပွားရာအိမ်ကိုရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

အဝါရောင်မီးအမှတ်အသားလေးတွေ ပြထားတဲ့နေရာက မတော်တဆမှုဖြစ်ပွားရာအိမ်ပါ။
အထဲမှာဖော်ပြတဲ့ဂဏာန်းကို zoom ဆွဲကြည့်ရင် ထိုအဝန်းကျင်မှာ မတော်တဆမှုဖြစ်ပွားရာအိမ်ရဲ့ စုစုပေါင်းအရေအတွက်ဖြစ်ကြောင်း နားလည်ရပါတယ်။

ဟုတ်ပါတယ်၊ အများကြီးရှိနေပါတယ်။
သင်စပြီးသတိထားမိရင် စိတ်ပူလိုဆုံးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်မသိတဲ့လူအတွက်တော့ကောင်းပေမဲ့ စိတ်ပူတတ်တဲ့လူကတော့ ဂျပန်မှာအိမ်မငှားခင် သေချာပေါက်အရင်စစ်ဆေးကြည့်ပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: