အလုပ်အကိုင်ရှာဖွေတဲ့ကျောင်းသားလေး မိမိကိုယ်ကိုသတ်သေ !

ဂျပန်နိုင်ငံမှာတော့ ၃လပိုင်းမှာ ဘွဲ့ရကြပြီး ၄လပိုင်းကစလို့ အလုပ်အကိုင်တွေ စတင်ကြပါတယ်။
ဘွဲ့ရပြီးလို့ အနားယူပြီးမှ အလုပ်ဝင်တာမဟုတ်ပဲ ချက်ချင်းအလုပ်တန်းဝင်တာပါ။
အဲဒီအတွက်ကြောင့် တက်နိုင်သလောက်မြန်မြန် အလုပ်အကိုင်အခွင့်အလမ်း ‌ကမ်းလှမ်းချက်တွေကိုရရှိနိုင်ဖို့ ကြိုးစားကြရပါတယ်။

ဆိုလိုတာကတော့ အလုပ်အကိုင်အတွက်က ဘွဲ့ရပြီးတာနဲ့ ချက်ချင်းဝင်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။ ဒါကို အလုပ်လက်ခံရရှိတဲ့ ကျောင်းသားအနေနဲ့လည်း ကျောင်းပြီးတာနဲ့ အလုပ်တန်းရတဲ့အတွက်‌ကြောင့် စိတ်အေးလက်အေး ဖြစ်စေတာပေ့ါ။

ပြီးတော့ ကုမ္ပဏီဘက်ကနေ အလုပ်အကိုင် ကမ်းလှမ်းမှုထုတ်ပြန်ပြီးတဲ့နောက်မှ စတင်တဲ့ လုပ်ငန်းကများပါတယ်။

အခုတစ်ခါဖြစ်ပွားခဲ့တဲ့မှုခင်းနေရာကတော့ Panasonic ပစ္စည်းများရောင်းချရာ Panasonic ကုမ္ပဏီပိုင် အခွဲတစ်ခုမှာပါ။

ဘွဲ့ရပြီးခါစ ဝန်ထမ်းအသစ် အယောက်၂၀ ကိုကမ်းလှမ်းထားပြီး သင်တန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သူတို့ကို SNS site ပေါ်မှာ အားလုံးကို မှတ်ပုံတင်စေခဲ့ပါတယ်။
နဂို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းသစ်တွေအကြား ဆက်သွယ်မှုလွယ်ကူချောမွေ့စေရန်အတွက် ပါ။
သို့သော် အဲဒီလုပ်ငန်းရဲ့ လူ့စွမ်းအား အရင်းအမြစ်ဌာနရဲ့ မန်နေဂျာ ဖြစ်သူဟာ အမှားကြီးတစ်ခုလုပ်မိပြီး ထွက်ပြေးဖို့စတင်ခဲ့ပါတယ်။

 

https://talenthub-blog.s3.amazonaws.com/uploads/2017/04/378_thumbnail.jpg

 

အစပိုင်းမှာတော့ ပြဿနာတစ်ခုအနေနဲ့ ပေးထားတဲ့ စာအုပ်ရဲ့ ထင်မြင်ချက်ကို ပြောပြီး တင်သွင်းပါဆိုတဲ့ အရာကနေစတင်ခဲ့ပြီး နေ့စဉ် Log in ဝင်ကာ အတင်းအကြပ် စာရေးသားစေခဲ့ပါတယ်။

နေ့စဉ် Log in မဝင်ပဲ ၊ မရေးသားဘူးဆို တဲ့ သူတွေက အထုတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။
အလုပ်သင်ဖြစ်ပေမယ့် လုပ်ငန်းခွင်မဝင်ရသေးလို့ လခလည်း မရသလို သူ့တို့ ကို အခုလို အတင်းအကြပ်ခိုင်းစေခြင်းဟာ တရားမဝင်ပါဘူး။

ထပ်ပြီးတော့ ကိုယ်ကိုယ်တိုင်ရဲ့ Post ကို အကဲဖြတ်တာ မှတ်ချက်ပေးတာ မရှိတဲ့ သူတွေအတွက် အလုပ်ကမ်းလှမ်းချက်ကို ငြင်းပယ်မယ်တဲ့။ စိတ်ပျက်စရာ ဆိုပြီး HR က မှတ်ချက်ပြန်ပေးပါတယ်။ဒီ
ကိစ္စနဲ့ ပတ်သတ်ပြီး အခြားတစ်ဖက်က ဖိအားပေးခံရတဲ့ အလုပ်သင်တွေထဲက တစ် ဦးကတော့ ထိုဆက်သွယ်ရေးကနေတစ်ဆင့် မိမိကိုယ်ကိုသတ်သေတဲ့အထိ ခံစားခဲ့ရတဲ့ အခြေအနေသို့‌ရောက်ရှိခဲ့ရပါတယ်။
ဒါလေးကြောင့် သတ်သေစရာလား လို့ တွေးနေတဲ့ သူတွေလည်းရှိကောင်းရှိမှာပါ။
ဒီလို ကုမ္ပဏီမျိုး မဝင်ခဲ့ တာကောင်းသလား? လို့ တွေးစေပေမယ့် ဂျပန်ရဲ့ အလုပ်အကိုင်စနစ်မှာတော့ ပထမဆုံးရရှိတဲ့ အလုပ်ဟာ အလွန်အရေးကြီးပါတယ်။
ပထမ ဦး ဆုံးလုပ်တဲ့ ကုမ္ပဏီမှာ နှစ်အနည်းငယ်နေပြီးနောက်မှ အလုပ်ပြောင်းတာဟာ အဆင်ပြေပါတယ်။
သို့သော် . . . သင်ချက်ချင်းနုတ်ထွက်လိုက်ရင်တော့ နောက်အလုပ်တစ်ခုရှာရန်ခက်ခဲမှာပါ။
အလုပ်ကမ်းလှမ်းချက်ကိုငြင်းပယ်ပြီးတော့ ဧပြီလတွင်အလုပ်မရှိဘဲ နောက်ထပ်အလုပ်တစ်ခုရှာရန် ပို၍ ပင်ခက်ခဲပါတယ်။

ဒီလိုမျိုး ပိတ်လှောင်ထားတဲ့ လူမှုပတ်ဝန်းကျင်နှင့် မနှစ်မြို့ဖွယ်အကြီးအကဲများအကြားတည်ရှိနေတဲ့ အကြားမှာ
ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ပေါက်လောက်တဲ့ အထိစိတ်ဓာတ်ကျတာတွေရှိပါတယ်။

ဒီပြဿနာဟာ စိတ်ထွက်ပေါက်ပိတ်တာတစ်ခုတည်း မဟုတ်ပါဘူး။
ဒီကိစ္စဟာ ဂျပန်နိုင်ငံက လုပ်ငန်းခွင်လူ့အဖွဲ့အစည်းတွေရဲ့ ကြီးမားတဲ့ မှောင်မိုက်မှုကြီးတစ်ခုကို မြင်ယောင်စေပြီး . . . အမှန်တရား ဘက် ရပ်တည်စေချင်တယ်။ ဒါကို မပြင်လို့မဖြစ်ဘူးလို့ မြင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: