တိုကျိုဘူတာမှာ ပုန်းကွယ်နေတဲ့ အမှတ်အသား ၂ ခု။ ဒီအမှတ်အသားနှစ်ခုမှာ အံ့သြဖွယ်အဓိပ္ပာယ်ရှိနေပါတယ်။

တိုကျိုမြို့ဟာ ဂျပန်နိုင်ငံရဲ့ အချက်အချာဖြစ်ပါတယ်။
ဒီလိုပဲ တိုကျိုဘူတာဟာလည်း ဂျပန်နိုင်ငံရဲ့ အရေးပါတဲ့တည်ရှိမှုဖြစ်နေပါတယ်။
တစ်နေ့တစ်နေ့ စီးနှင်းလိုက်ပါသူပေါင်းဟာ ၁.၃ သန်းခန့်ရှိပါတယ်။
ဂျပန်နိုင်ငံမှာ စီးနှင်းလိုက်ပါသူအများဆုံး (ကမ္ဘာမှာလည်းအများဆုံး) ဖြစ်တဲ့ဘူတာကတော့ ရှင်းဂျုခုဘူတာဖြစ်ပေမယ့် ရှင်းဂျုခုဘူတာမှာ ဘာမှမရှိခင်ကတည်းက စည်ကားနေတဲ့ တိုကျိုဘူတာမှာ ရှည်လျားတဲ့သမိုင်းကြောင်း ရှိနေပါတယ်။

မရုနော့အုချိထွက်ပေါက်ကနေ ထွက်လိုက်ရင် ဘူတာရုံအဆောက်အအုံကို ဒီလိုလှပတဲ့အုတ်စီပုံစံနဲ့ တွေ့ရပြီး ဒီနေရာမှာ နက်ရှိုင်းတဲ့သမိုင်းကြောင်းကို ခံစားရနိုင်ပါတယ်။


အရင်ကတည်းက စည်ကားခဲ့တဲ့ဘူတာကြီးဖြစ်တဲ့အတွက် စိတ်ဝင်စားစရာအကြောင်းအရာတွေလည်း အများကြီးရှိနေပြန်ပါတယ်။
အဲ့ဒီထဲက တစ်ခုကတော့ မြေအောက်လမ်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အရှည်လျားဆုံး မြေအောက်လမ်းဖြစ်ပြီး အရှည်ဆုံးလမ်းကြောင်းကတော့ အိုအိုးတဲ့မချိကနေ ဟိဂရှိဂင်းဇအထိဖြစ်ပြီး ၄၀၅၀ မီတာရှိပါတယ်။
ဒုတိယမှတ်တိုင်ဖြစ်တဲ့ ရှင်းဂျုခုထက် ၁ ကီလိုမီတာကျော် ပိုရှည်တဲ့ မြေအောက်လမ်းရှိတဲ့ဒီဘူတာရုံအတွင်းပိုင်းမှာ ဒီလိုအမှတ်အသားလေးက တိတ်တဆိတ်လေးရှိနေတာကို သိပါသလား?

https://gunosy.com/articles/areGS?s=s

ဘယ်လိုလဲ ပုံကို မြင်တော့သိသွားပြီလားမသိဘူး?
အနက်ရောင်က ကြမ်းပြင်ပုံစံကွက်ဖြစ်ပေမယ့် အဖြူရောင်ဆဌဂံအမှတ်အသားကို အဓိကထားကြည့်စေချင်ပါတယ်။
ဒီအမှတ်အသားလေးကို သင်သိနေရင်တော့ သင်ဟာ ဂျပန်လူမျိုးထက်ကို ဂျပန်နိုင်ငံအကြောင်း ပိုသိတယ်လို့ပြောလို့ရပါတယ်။
ခုနက အုတ်စီထားတဲ့ပုံစံအဆောက်အဦးရဲ့ ဝင်ပေါက်ဖြစ်တဲ့ မရုနော့အုချိအတွင်းပိုင်း၊ မရုနော့အုချိတောင်ဘက်ပေါက်ဆိုတဲ့ ဝင်ပေါက်ကနေ ဝင်လိုက်တဲ့အခါ လက်မှတ်အရောင်းစက်ရှိပါတယ်။
အဲ့ဒီစက်နားလေးမှာ ဒီအမှတ်အသားလေးရှိနေပေမယ့် လူအများစုကတော့ သတိမထားမိကြပါဘူး။

ဒီလိုနေရာလေးမှာပါ။

ဆိုင်းဘုတ်မှာရေးထားတဲ့အကြောင်းအရာလေးကတော့ ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့အချိန်မှာ ဝန်ကြီးချုပ် ဟရ တခရှိက ဓားမြောင်နဲ့အထိုးခံရတဲ့နေရာဖြစ်ပါတယ်။
ဓားမြောင်ဟာ ညာဘက်ရင်အုံမှာ ထိုးမိသွားပြီး၊ ဝန်ကြီးချုပ်ကို ချက်ချင်း ဘူတာရုံးခန်းထဲကို ခေါ်သွားခဲ့ပေမယ့် ဆုံးပါးသွားခဲ့တယ်လို့ဆိုပါတယ်။
သူဟာ အခြေအနေတွေရှုပ်ထွေးနေတဲ့ ဂျပန်နိုင်ငံမှာ အနောက်တိုင်းကိုလိုနီစနစ်ကို ဆန့်ကျင်ဖို့အတွက် တင်းကျပ်ပြင်းထန်တဲ့နည်းလမ်းတွေကို အသုံးပြုခဲ့သူဖြစ်ပါတယ်။
သူအသတ်ခံရတဲ့အတွက် သမိုင်းကို သိသိသာသာ ပြောင်းလဲစေခဲ့ပါတယ်။
အခုအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တာနေရာကတော့ ဒီဆဌဂံအမှတ်အသားလေးမှာဖြစ်ပါတယ်။

နောက်တစ်ခုကနော့ ဒီနေရာဖြစ်ပါတယ်။
နေရာက အဓိကလျှောက်လမ်းရဲ့ လှေကားရှေ့မှာရှိပါတယ်။
ဒီမှန်ကူကွက်လိုပုံစံက အမှတ်အသားဖြစ်ပါတယ်။

ခုနက အမှတ်အသားထက် ပိုကြီးပေမယ့် ဒါကိုလည်း ဘယ်သူမှ သတိမထားမိလောက်ဘူးလို့ထင်ပါတယ်။
ဒီအမှတ်အသားအကြောင်းကိုတော့ ဒီနေရာမှာ ရှင်းပြထားပါတယ်။

ဒါက ၁၉၃၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အချိန်မှာ ဝန်ကြီးချုပ် ဟမဂုချိ အိုဆဂျိက သေနတ်နဲ့ပစ်ခံရတဲ့နေရာဖြစ်ပါတယ်။
စစ်တပ်ကနေ ထွက်ပြေးခြင်းကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပြီး တိုင်းပြည်ကိုတိုးတက်အောင်လုပ်ဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးချုပ်ဟမဂုချိက ဒီနေရာမှာ ဗိုက်ကို သေနတ်တစ်ချက်ပစ်ခံရခဲ့တဲ့အတွက် ဆေးရုံကို ချက်ချင်းခေါ်သွားပြီး ခွဲစိတ်မှုပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆုံးပါးသွားခဲ့ပါတယ်။

ဟုတ်ပါတယ်။
ဒီနေရာမှာလည်း သမိုင်းဟာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်သာမရှိဘူးဆိုရင် ဂျပန်နိုင်ငံဟာ စစ်ပွဲတွေထဲ မပါဝင်နိုင်လောက်ဘူးထင်ပါတယ်။ စစ်တပ်ကိဆန့်ကျင်ရင် ဝန်ကြီးချုပ်တောင်မှ အသတ်ခံရမှာဖြစ်ပြီး ဒါကိုရပ်တန့်ဖို့နည်းလမ်းလည်းမရှိခဲ့ပါဘူး။

အဲ့ဒီအချိန် အနောက်တိုင်းနိုင်ငံတွေက အာရှတစ်ဝိုက်ကို ဖိအားတွေတအားပေးနေခဲ့တဲ့အတွက် စစ်တပ်ကထွက်ပြေးတာတစ်ခုတည်းက စစ်ပွဲဖြစ်စေတဲ့အကြောင်းအရင်းမဟုတ်ဘူးလို့ထင်ပါတယ်။
ဒါပေမယ့်လည်း သမိုင်းကို အကြီးအကျယ်ပြောင်းလဲစေမယ့် အပေါ်ကအဖြစ်အပျက် ၂ ခုစလုံးက တိုကျိုဘူတာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာကို သိရှိပြီး သမိုင်းရှုထောင့်ကနေ တိုကျိုဘူတာကို ကြည့်ကြည့်တာကလည်း စိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: