ဂျပန်စတိုင်အရသာရှိတဲ့အသားကင်လုပ်နည်းတစ်ချို့!!!!

စာဖတ်သူတို့အားလုံး ဂျပန်စတိုင်အသားကင်ကိုကြိုက်ကြလာ?
ဂျပန်လို Yakiniku လို့ခေါ် ပြီး၊ ကိုရီးယား barbecue နဲ့ဆင်တယ်။
ကောင်းဆုံး Yakiniku ဆိုင်မှာ ဂျပန်အမဲသားကိုစားလိုက်ရရင်တော့ ရှယ်ပဲနော်….

 

https://toyokeizai.net/articles/-/213006

အဆီတွေက အသားထဲမှာပိုက်ကွန်လိုရက်ထားတဲ့ပုံဖြစ်နေပြီး ပါးစပ်ထဲထည့်လိုက်တဲ့အခါပျော်ဝင်သွားတဲ့အချိန် ခံတွင်းတစ်ခုလုံးမှာ ပျံ့နှံ့သွားတဲ့သူ့ရဲ့အရသာက…..

ကိုရိုနာဗိုင်းရပ်စ်သက်ရောက်မှုကြောင့် ဒီစျေးကြီးတဲ့အသားတွေကမရောင်းရဘဲ၊ လက်ရှိဂျပန်အမဲသားရဲ့စျေးကလည်းကျနေပါတယ်။
ကဲ. ဒါဆိုရင်တော့ ဂျပန်ရောက်နေတဲ့သူတွေအတွက် သတင်းကောင်းလေးပါးချင်ပါတယ်။
အခုအချိန်ကတော့ အရသာရှိတဲ့အမဲသားကိုလက်ဝယ်ရရှိနိုင်မယ့် အခွင့်အရေးပါ!!!

ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိနေသူတွေအဖို့တော့ ဂျပန်အထိသွားစားဖို့ခက်ခဲမှာဖြစ်လို့၊ မိမိအိမ်ကနေပဲကိုယ်တိုင်လုပ်အရသာရှိတဲ့လုပ်နည်းကိုင်နည်းလေးတွေကို မိတ်ဆက်ပေးလိုက်ပါမယ်…

Yakiniku လို့သာခေါ်ပေမဲ့ နွားတစ်ကောင်လုံးမှာရှိတဲ့အသားတွေကမတူသလို အရသာလည်းအမျိုးမျိုးရှိပါတယ်။
လုပ်စားပုံတွေလည်းအမျိုးမျိုးရှိတယ်..

အရင်ဆုံး Yakiniku လို့ပြောလိုက်ရင် kalbi ပေါ့ …
kalbi ကိုလုပ်တဲ့အသားကတော့ အောက်မှာပြထားတဲ့အပိုင်းနေရာကဖြစ်ပါတယ်။
バラ肉 baraniku လို့ခေါ်နိုင်တဲ့အပိုင်းပါ။

https://niku-miyabi.com/wp-content/uploads/2018/07/ushi_bui.png

ဂျပန်စတိုင်လုပ်မယ်ဆိုရင်တော့ ပဲငံပြာရည်နဲ့နှပ်ထားမယ်ဆိုရင်အကောင်းဆုံးပဲ..
ဒါဆိုစပြီးလုပ်လိုက်ရအောင်….

(ပါဝင်ပစ္စည်း)

https://cdn-ak.f.st-hatena.com/images/fotolife/l/linakawase/20181129/20181129022656.jpg

သုံးထပ်သား = 500g
ပဲငံပြာရည် = စားပွဲတင်ဇွန်းကြီး 4
သကြား = စားပွဲတင်ဇွန်းကြီး 2
ကြက်သွန်ဖြူအနှစ် = ဇွန်းသေး 1
နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ် = စားပွဲတင်ဇွန်းကြီး 3
နှမ်းဆီ = စားပွဲတင်ဇွန်းကြီး 1
ငရုပ်ကောင်း = နည်းနည်း
နှမ်း = အနည်းငယ်
(စားပွဲတင်ဇွန်း ၁=၁၅ml,ဇွန်းသေး ၁=၅ml)

(ပြုလုပ်ပုံ)

ပန်းကန်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီးနယ်ပါ၊ အသားရော၊အနှစ်ရောခန့်မှန်းပြီး ၅မိနစ်-၆မိနစ်လောက်ထားပါ။

အရသာကသေသေချာချာလေးဝင်သွားမှာဖြစ်တဲ့အတွက် ပြီးရင်တော့ ကင်ပြီးစားလို့ရပါပြီ!!

 

 

တစ်ခြားအပိုင်းကိုလည်း မတူတဲ့နည်းနဲ့ချက်ပြပါအုံးမယ်။ နောက်တစ်ခုကတော့ မြန်မာလူမျိုးတွေလည်းကြိုက်ကြတဲ့ လျှာပါ။
အမဲလျှာ….
ဒါကိုတော့ ချဥ်ငံစပ်လေးလုပ်မယ်..

(ပါဝင်ပစ္စည်း)

အမဲလျှာအသားလွှာ = 120g
ကြက်သွန်ဖြူ = 1/2ပိုင်း
ကြက်သွန်မြိတ် = နည်းနည်း
နှမ်းဆီ = အနည်းငယ်
နှမ်းအဖြူ = အနည်းငယ်
ဆား = အနည်းငယ်
သကြား = အနည်းငယ်
lemon juice (sauce အနေနဲ့အသုံးပြုရန်)

(ပြုလုပ်ပုံ)
ကြက်သွန်ဖြူကိုကြိတ်မယ်.
ကြက်သွန်မြိတ်ကို ပါးပါးလေးလှီးမယ်
ပန်းကန်ပြားမှာ နှမ်းဆီနဲ့ကြက်သွန်ဖြူအနှစ်ကိုရောမွှေလိုက်ပြီး၊ အမဲလျှာကိုထည့်လိုက်ပါ။
အဲ့ဒီအသားအပေါ်မှာ လုပ်ထားတဲ့ကြက်သွန်ဖြူအနှစ်နဲ့လှီးထားတဲ့ကြက်သွန်မြိတ်ကိုရောထည့်ပြီး၊ ဆား၊သကြား၊ နှမ်းတို့နဲ့အတူနယ်ရပါမယ်။
ပြီးရင်တော့ ကင်လိုက်ရုံပဲ….

 

https://www.dinos.co.jp/p/1280301891/

အမဲလျှာကနည်းနည်းလေးမာတဲ့အတွက် ပါးပါးလေးလှီးပါ။ ဒါမှမဟုတ် ထူထူလေးလှီးမယ်ဆိုလည်း အပေါ်မှာပြထားသလို မွှန်းပေးထားမယ်ဆိုပိုကောင်းပါလိမ့်မယ်။
အသားကျက်သွားပြီဆိုရင်တော့ lemon juiceနဲ့တို့စားနိုင်ပါပြီး…..

 

နောက်ဆုံးတစ်ခုကတော့ အရသာရှိတဲ့ 味噌味 Miso aji….
အသုံးပြုတဲ့အပိုင်းကတော့ အူမကြီးပါ။

 

https://cookpad.com/recipe/3323683

(ပါဝင်တဲ့ပစ္စည်း)
အူမကြီး = 500g
misoအနှစ် = စားပွဲဇွန်းကြီး 1
Gochujang(ငရုပ်သီးနှစ်) = စားပွဲဇွန်းကြီး 1
Mirin(ဟင်းခပ်အမွှေးအကြိုင်) = စားပွဲဇွန်းကြီး 1
Cooking sake(ဟင်းချက်အရက်) = စားပွဲဇွန်းကြီး 1
သကြား = အနည်းငယ်
နှမ်းထောင်း = စားပွဲဇွန်းကြီး 1/2
ကြက်သွန်ဖြူအနှစ် = တစ်မွှာစာ
ဂျင်းအနှစ် = လက်တစ်ဆစ်စာ
နှမ်းဆီ = အနည်းငယ်

(ပြုလုပ်ပုံ)
ပါဝင်ပစ္စည်းအားလုံးကိုရောနယ်လိုက်ပြီး၊ အူမကြီးကိုထည့်ပါမယ်။
ပုံမပျက်လောက်တဲ့အနေအထာထိနယ်ထားပြီး ၁ ညလောက်‌ရေခဲသေတ္တာထဲမှာသိပ်ထားပါ။
အရသာစိမ့်ဝင်သွားပြီးဆိုရင်တော့ ကင်လို့ရပါပြီ။

ဒါဆို လွယ်ကူပြီးအရသာရှိတဲ့ ဂျပန်အရသာအသားကင်တွေကို အိမ်မှာလုပ်စားနိုင်ပြီပေါ့…
ကဲ..စမ်းကြည့်လိုက်အုံးနော် !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: