Shizuoka စီရင်စု Atami မြို့ရဲ့ မြေပြိုမှု နောက်ဆက်တွဲသတင်း (သေဆုံးသူ ၃ ဦး၊ တည်နေရာမသိပျောက်ဆုံးနေသူ ၈၀ ဦး၊ အတည်ပြုရန်အလျှင်လိုနေ)

Shizuoka စီရင်စု Atami မြို့ရဲ့ Izusan ဧရိယာမှာ ၃ ရက်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။
ထိုမြေပြိုမှုရဲ့နောက်ဆက်တွဲသတင်းကို ဆက်လက်ဖော်ပြပေးပါမယ်။
ယနေ့ ၇ လပိုင်း ၅ ရက်နေ့နေ့လည် သိရတဲ့သတင်းအရ ကယ်ဆယ်နိုင်ခဲ့သူတွေထဲမှာ အသက်ကြီးသူအမျိုးသမီးတစ်ဦးသေဆုံးကြောင်းအတည်ပြုရပြီး၊ သေဆုံးသူမှာထိုအမျိုးသမီးအပါအဝင် ၃ ဦးရှိကြောင်းသိရပါတယ်။
မြို့အုပ်ချုပ်ရေးအဖွဲ့ဟာ နေထိုင်မှုမှတ်ပုံတင်စာရင်းကိုအခြေခံပြီး ထိခိုက်ပျက်စီးသွားတဲ့ဧရိယာအတွက် စစ်တမ်းကောက်ယူမှုမှာ တည်နေရာမသိပျောက်ဆုံးနေသူတို့ရဲ့ အမည်များကိုထုတ်ပြန်ပြီး အတည်ပြုနိုင်ရေးကို အလျင်အမြန်ဆောင်ရွက်နေပါတယ်။

 

https://www3.nhk.or.jp/news/html/20210705/k10013119961000.html?utm_int=all_side_ranking-social_002

 

မြေပြိုမှုဖြစ်ပွားခဲ့ရာဒေသတွင်မူ ယနေ့ ၅ ရက်နေ့၌လည်း မနက်အစောပိုင်းမှစ၍ ရဲနှင့်မီးသတ်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများကိုလုပ်ဆောင်နေပြီး၊
မြို့တော်ဝန် Sakae Saito ဟာ ၅ ရက်နေ့နံနက်ကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ၊ ၄ ရက်နေ့အထိကယ်ဆယ်နိုင်ခဲ့သူ ၂၃ ဦးထဲမှ ဒဏ်ရာရရှိထားတဲ့အသက်ကြီးသူအမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း အသိပေးခဲ့ပါတယ်။

ထိုအမျိုးသမီးကိုပျက်စီးသွားတဲ့နေအိမ်ကနေကယ်ဆယ်ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပေမယ့်လည်း၊ ၄ ရက်နေ့နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်ဆုံးပါးသွားကြောင်း အတည်ပြုနိုင်ခဲ့သည့်အတွက် ယခုမြေပြိုမှုတွင် ထိခိုက်ဒဏ်ရာရပြီးသေဆုံးသူတို့မှာ ၃ ဦးရှိကြောင်းသိရပါတယ်။

နောက်ထပ် နေထိုင်မှုမှတ်ပုံတင်စာရင်းကိုအခြေခံပြီး ထိခိုက်ပျက်စီးသွားတဲ့ဧရိယာတွင် နေထိုင်ခဲ့သူလို့ထင်ရတဲ့လူတွေရဲ့တည်နေရာကို ဆက်လက်အတည်ပြုလျှက်ရှိပြီး၊ ယခုအချိန်ထိစာရင်းနဲ့တိုက်စစ်တဲ့ရလဒ်အရ နောက်ထပ်အတည်မပြုနိုင်သေးသူတွေဟာ ယခင် ၁၁၃ ဦးကနေ ၈၀ ဦးထိလျော့သွားတယ်လို့သိရပါတယ်။

စီရင်စုနဲ့မြို့ဟာ ဆက်လက်အတည်ပြုမှုကိုလုပ်ဆောင်လျှက်ရှိပေမဲ့၊ အတည်မပြုနိုင်သေးတဲ့လူတွေဟာ မြေပြိုမှုထဲပါသွားတာကြောင့်များလား၊ နေထိုင်မှုပြောင်းသွားပြီး ဆက်သွယ်လို့မရတော့တာကြောင့်များလားဆိုတာက မဆုံးဖြတ်နိုင်ခြင်းကြောင့် သတင်းအချက်အလက်စုစည်းမှုကို အရှိန်အဟုန်မြင့်တင်ရန်
နာမည်နှင့်နေရပ်လိပ်စာကို ထုတ်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ထိုစီရင်စုမှာတော့ လက်ရှိအသက်ကယ်ဆယ်ရေးကိုပဲဦးစားပေးဆောင်ရွက်လျှက်ရှိပါတယ်။

 

 

*Atami မြို့တွင်းရှိ မူလတန်း၊အငယ်တန်းကျောင်းများ ယာယီရပ်နားထားရ*

မြေပြိုမှုဖြစ်ပွားခဲ့တဲ့မြို့ရှိ ပညာရေးကော်မတီဟာ နောက်ဆက်တွဲမြေပြိုမှုစိုးရိမ်ဖွယ်ရှိနိုင်တာကြောင့် ၅ ရက်နေ့ မြို့တွင်းရှိမူလတန်း၊အလယ်တန်းကျောင်းများကို ယာယီပိတ်ဆိုင်းထားပါတယ်။
ယနေ့ဟာ မြေပြိုမှုဖြစ်ပွားပြီး ၃ ရက်မြောက်နေ့ဖြစ်ပေမဲ့၊ မြို့တွင်းမှာ မြေပြိုခြင်းအတွက်သတိပေးနှိုးဆော်ချက်များကို ထုတ်ထားဆဲဖြစ်ပါတယ်။

မြို့ရဲ့ပညာရေးကော်မတီဟာ မြေပြိုမှုအန္တရာယ်အပါအဝင်၊ ကျောင်းလမ်းပျက်စီးပြီး စိတ်ချမှုအတည်မပြုနိုင်တာကြောင့် မြို့တွင်းရှိကျောင်း ၁၁ ကျောင်းကို ယာယီခေတ္တရပ်နားထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအပြင်ကျောင်းတစ်ကျောင်းစီတိုင်းမှာ ထိခိုက်သွားရတဲ့ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများရဲ့ စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုကို အလေးထားဆောင်ရွက်ဖို့ညွှန်ကြားထားလျှက်ရှိပြီး၊ ထိုအထဲမှာမြေပြိုသွားတဲ့နေရာနဲ့နီးတဲ့ကျောင်းမှာတော့ school counselor ကိုပါစေလွှတ်ဖို့ စီရင်စုပညာရေးကော်မတီကို တောင်းဆိုထားကြောင်း သိရပါတယ်။

 

*အဓိကလမ်းများပိတ်ထားဆဲဖြစ်သော်လည်း ရထားများမှာပုံမှန်အတိုင်းလည်ပတ်လျှက်ရှိ*


ယနေ့မြေပြိုမှုပြီးနောက် ၃ ရက်မြောက်တဲ့နေ့ ….
ကပ်လျက်မှာရှိတဲ့ Kanagawa စီရင်စုနဲ့ဆက်သွယ်ထားတဲ့ လမ်းခွန်ကောက်ခံသောလမ်းနှင့်အဓိကလမ်းမကြီးဟာ ပိတ်ထားဆဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ JR Atami ဘူတာမှာ ကျည်ဆန်ရထားနဲ့ပုံမှန်လိုင်းဟာ ပြန်လည်ပြေးဆွဲနေပြီး၊ မနက်ပိုင်းအလုပ်သွားချိန်နဲ့ ကျောင်းသွားချိန်အသုံးပြုသူများစွာကိုတွေ့ရပါတယ်။
Yokohama ကနေအလုပ်သွားဖို့အတွက် ပုံမှန်လိုင်းကိုအသုံးပြုသူအသက် ၅၀ အရွယ်အမျိုးသားကတော့ “ ရထားပုံမှန်ပြန်ပြေးဆွဲပါ့မလား စိတ်ပူပြီး ဒီနေ့တော့သေချာအောင်အိမ်ကနေစောစောထွက်လာခဲ့တယ်” လို့ ပြောပါတယ်။

 

*Izusan ဒေသတွင် အိမ်ခြေပေါင်း ၁,၁၀၀ ခန့်ရေပြတ်တောက်ခဲ့* (၄ ရက်နေ့ ညနေ ၅ နာရီ)
၄ ရက်နေ့ညနေ ၅ နာရီအချိန်လောက် မြေပြိုမှုဖြစ်ပွားခဲ့တဲ့ဒေသတွင်းရှိ အိမ်ခြေ ၁,၁၀၀ ခန့်မှာ ရေပြတ်တောက်သွားခဲ့ပါတယ်။
ရိုးရိုးရေလောင်ကန်များဖြင့် နေရာ ၆ နေရာတွင်ရေပေးဝေခဲ့ပါတယ်။

*ထိခိုက်နစ်နာရသူတို့ရဲ့ပြောပြချက်*
နေအိမ်ပျက်စီးဆုံးရှုံးသွားရသူတို့ဟာ မြို့တွင်းရှိဟိုတယ်မှာ ဒုက္ခသည်အဖြစ်ခိုလှုံနေကြပါတယ်။

အသက် ၇၂ နှစ်အရွယ် Yoshiyasu Nakata ဆိုသူက “ ယခင်နှစ်အနည်းငယ်မတိုင်ခင်က မုန်တိုင်းကြောင့် အိမ်အနောက်ဘက်မှာ အသေးစားတောင်ပြိုမှုဖြစ်ပြီး၊ ပတ်ဝန်းကျင်ကမြေပြိုမှုအရေးပေါ်သတိပေးချက်ထုတ်ပြန်တဲ့နေရာဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်ကတောင်စောင်းပြိုပြီးနောက် လမ်းခင်းလိုက်တာကြောင့်၊ ဒီလိုထပ်ဖြစ်အုံးမယ်လို့ လုံးဝမထင်ခဲ့ဘူး” လို့ပြောပါတယ်။

*အစိုးရဟာ သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်မှုဌာနချုပ်အားဖွဲ့စည်း*
ယခုအချိန် ဖြစ်ရပ်ကြောင့်အစိုးရအနေနဲ့ ၅ ရက်နေ့ နံနက်၊ ဝန်ကြီးချုပ် Suga ကိုအကြီးအကဲအဖြစ်ထားပြီး သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်မှုဌာနချုပ်အားဖွဲ့စည်းကာ၊ ပထမဆုံးအစည်းအဝေးကို ဝန်ကြီးချုပ်ရုံးတွင်ကျင်းပခဲ့ပါတယ်။

ဝန်ကြီးချုပ် Suga ဟာ “ Atami မြို့ရဲ့ စစ်တမ်းကိုအခြေခံပြီး လူပေါင်း ၁၀၀ ကျော်ရဲ့ ဘေးကင်းမှုကိုအတည်ပြုဆဲဖြစ်ပါတယ်။ ရွံ့ထဲသဲထဲမှာ ကယ်ဆယ်ရေးကိုစောင့်နေသူတို့အား တတ်နိုင်သလောက်အမြန်ကယ်ဆယ်မှာဖြစ်ပြီး၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကမ်းခြေစောင့်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ကာကွယ်ရေးစနစ်ကို ပိုမိုအားဖြည့်ကာ၊ အင်အား ၁၅၀၀ ကျော်ဖြင့် ပျက်စီးဆုံးရှုံးသွားတဲ့အခြေအနေကိုနားလည်သဘောပေါက်အောင်လုပ်၍၊ လူ့အသက်ကယ်ဆယ်ရေးကိုလုပ်ဆောင်သွားပါမယ်” ဟုရှင်းပြသွားပါတယ်။

source:NHK

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: