Fukushima နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှုမှ ၁၁ နှစ်ကြာပြီးနောက်။ ထိုစွန့်ပစ်ရွာကလေးမှာ ဘာတွေဖြစ်ပျက်နေပြီလဲ။

၂၀၁၁ ခုနှစ်မှာ အရှေ့ဂျပန်ငလျင်ဘေးအန္တရာယ်ကြီးအစပြုခဲ့ရာ၊ Fukushima ရှိနျူကလီးယားဓာတ်အားပေးစက်ရုံမှာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။
ရေဒီယိုသတ္တိကြွညစ်ညမ်းမှုဖြစ်သွားခဲ့တဲ့ဒေသကို တားမြစ်ပိတ်ပင်လိုက်ပေမဲ့၊ ဒုက္ခသည်အဖြစ် တခြားအရပ်သို့ခိုလှုံသွားကြသူတွေ နောက်ဆက်တွဲ ဘယ်တွေဖြစ်သွားသလဲ?
လူတွေမရှိတော့ဘဲ စွန့်ပစ်ရွာကြီးဖြစ်သွားတယ်ဆိုတာကို သိကြပါသလား?

/nikkan-spa.jp

ယခင်က စပါးစိုက်ပျိုးခြင်း၊ နွားမွေးမြူခြင်း၊ တောင်ယာသစ်ခုတ်ခြင်းတို့အပြင် နှမ်းဖက်ကျောက်တူးကြတဲ့ ကျောက်လုပ်သားများစွာရှိခဲ့တဲ့ ရွာဖြစ်ပါတယ်။ လူပေါင်း ၁၄၀၀ ဦးဟာ ငြိမ်ချမ်းစွာနေထိုင်ခဲ့ပြီး သဘာဝတရားပေါကြွယ်ဝသောဒီမြို့လေးဟာ ၂၀၁၁ ခုနှစ် ၃ လပိုင်း ၁၁ ရက်နေ့မှာတော့ အခြေအနေတွေအားလုံးပြောင်းလဲသွားခဲ့ရပါတယ်။

မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Fukushima နံပါတ်တစ် နျူကလီးယားဓာတ်အားပေးစက်ရုံကနေ အနောက်မြောက်လေးနဲ့အတူ ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ ဒီရွာကိုတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီနေ့က နှင်းတွေကျနေတဲ့ အေးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။
တောင်ရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ပင်လယ်ကနေ “ ဒုန်း” ဆိုတဲ့ ကျယ်လောင်တဲ့အသံကိုကြားလိုက်ရပြီး၊ ခဏကြာတဲ့အခါမှာတော့ ညှော်နံ့တစ်ခုရလာခဲ့တယ်လို့ ဆိုပါတယ်။
ပါးစပ်ထဲမှာတော့ သံနဲ့တူတဲ့အရသာတစ်ခု ရလာခဲ့ပါတယ်။

“ တစ်ခုခုတော့ မှားနေပြီး….”

ဒီလိုအတွေးဝင်လာခဲ့တဲ့ ရွာသားတွေဟာ ဘေးလွတ်ရာဆီထွက်ပြေးဖို့ အားလုံးပူးပေါင်းပြီး စည်းရုံးတိုင်ပင်ခဲ့ကြတယ်။
ခဏအကြာတော့ အဖြူရောင်အကာအကွယ်ဝတ်စုံတွေ ကိုယ်စီဝတ်ထားကြတဲ့လူတွေရောက်လာပြီး၊ ကယ်ဆယ်ရွေ့ပြောင်းရေးကို အမြန်ဆုံးလုပ်စေခဲ့ပါတယ်။

အဲ့ဒီလိုရွေ့ပြောင်းခံရတဲ့ရွာသားတွေဟာ အဲ့ဒီအချိန်ထိ အခြေအနေမှန်ကိုနားမလည်သေးပေမဲ့၊ ပမာဏများတဲ့ရေဒီယိုသတ္တိကြွမှာ ညစ်ညမ်းနေကြပြီဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ရွာအဝင်ပေါက်ဂိတ်တံခါးကို ချိတ်ပိတ်ပြီး ဝင်ရောက်မှုတားမြစ်လိုက်ပါတော့တယ်။

အဲ့ဒီအချိန်ကနေ ၁၁ နှစ်ကြာသွားခဲ့ပါပြီး။
ဘယ်သူမှမြင်တွေ့ခွင့်မရတဲ့ဆာကူရာများဟာလည်း သိပ်လှတဲ့ပန်းလေးတွေကို ပွင့်ပေးနေရှာပါတယ်။


အရင်ကစပါးခင်းဟာလည်း ပုံစံတောင်မကျန်ကြွင်းတော့ပါဘူး။

လူတွေမရှိတော့တဲ့အိမ်မှာတော့ တောရိုင်းတိရစ္ဆာန်တွေ ဝင်နေတာကိုတွေ့ရပါတယ်။
Kotatsu (အနွေးလုံတဲ့စားပွဲ) ဘေးမှာအနားယူနေတဲ့ တောင်ဆိတ်လေးတစ်ကောင်။

အိမ်တွေလည်း တစ်ဖြည်းဖြည်း ပျက်စီးယိုယွင်းလာပါတယ်။

ဒီနေရာမှာနေခဲ့ကြတဲ့လူတွေဟာ “ ငါ့တို့ရဲ့မွေးရပ်မြေကိုပြန်ပေးပါ!” ဆိုပြီး နိုင်ငံတော်နဲ့ တိုကျိုလျှပ်စစ်ဓာတ်အားကို ဆန္ဒထုတ်ဖော်ကြပါတယ်။ လေထုအတွင်းရေဒီယိုသတ္တိကြွကို မတော်တဆမှုမဖြစ်ပွားခင်အချိန်ကလိုပြန်ဖြစ်ဖို့ ပြန်လည်ထူထောင်ရေးနဲ့အတူ လျော်ကြေးငွေကို တောင်းဆိုခဲ့ကြပါတယ်။

တရားရုံးရဲ့စီရင်ချက်မှာ လျော်ကြေးအဖြစ် စုစုပေါင်းယန်း ၁ ဘီလီယံ (လူတစ်ဦးလျှင် ယန်း ၁.၂ မှ ၁.၅ သန်း) လျော်ကြေးပေးဖို့ တိုင်းပြည်နဲ့တိုကျိုလျှပ်စစ်ဓာတ်အားကို အမိန့်ချမှတ်ပေမဲ့၊ မူလအခြေအနေသို့ ပြန်လည်ထူထောင်ရေးတောင်းဆိုချက်ကိုတော့ ပယ်ချခဲ့ပါတယ်။
ဟုတ်ပါတယ်။ အကြောင်းကတော့ မဖြစ်နိုင်လို့ပါ။

ဂျပန်အစိုးရဟာ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ မူကြိုစင်တာများ၊ မြို့နယ်ရဲစခန်းငယ်များ စသည်တို့တည်ရှိတဲ့ ဗဟိုဧရိယာ ဟက်တာ ၁ သောင်းခန့်အား ညစ်ညမ်းမှုမှသန့်စင်ခြင်းကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ဖို့လုပ်ဆောင်နေပါတယ်။ ဒီအပြင် ဒေသခံများ နေရပ်ပြန်နိုင်ဖို့အတွက်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဒေသရဲ့ (၇၀ ကနေ ၈၀ ရာခိုင်နှုန်း) ဟာ တောတောင်တွေသာဖြစ်နေပါတယ်။
ဒါကြောင့် ဒီဒေသကို အဆိပ်ရှိဓာတ်ငွေ့များဖယ်ရှားခြင်းမလုပ်ခိုင်းတော့ဘဲ၊ သတ်မှတ်ထားတဲ့နေရာအနည်းငယ်လောက်သာ လုပ်ခိုင်းပါတယ်။ ထိုသတ်မှတ်နေရာဆိုတာက ဒေသတစ်ခုလုံးရဲ့ ၁ ရာခိုင်နှုန်းသာဖြစ်ပါတယ်။

ဒီလောက်ပဲဖယ်ရှားပေးပြီး၊ ဒေသခံတွေကို ပြန်လွှတ်ဖို့လုပ်နေတာပဲဖြစ်ပါတယ်။

နိုင်ငံတော်နဲ့ တိုကျိုလျှပ်စစ်ဓားအားရဲ့ထုတ်ပြန်ချက်ကို အယုံအကြည်မဲ့သွားတဲ့ ဒေသခံတွေဟာ ကိုယ်တိုင်ပဲ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တိုင်းတာမှုတွေကို ပြုလုပ်နေကြပါတယ်။

ညစ်ညမ်းမှုဖယ်ရှားခြင်းကိုဆက်မလုပ်ခဲ့ကြဘူး။
ဒါဟာ နိုင်ငံတော်နဲ့တိုကျိုလျှပ်စစ်ဓာတ်အားရဲ့ပျင်းရိမှုတစ်ခုသာလျှင်မဟုတ်၊ ဒီလောက်ကျယ်တဲ့နေရာမှာ ဖယ်ရှားသန့်စင်ရေးလုပ်ရမှာမဖြစ်နိုင်ဘူးလို့ ဆိုနေတာက ပြဿနာကြီးဖြစ်ပါတယ်။
ကျွန်တော်နေထိုင်ရာကမ္ဘာကြီးဟာ ဒီလိုအန္တရာယ်ကိုပွေ့ပိုက်ထားရပေမဲ့၊ လူတွေကတော့ နျူကလီးယားဓာတ်အားပေးစက်ရုံကို လည်ပတ်နေကြတယ်။

မကြာသေးတဲ့နှစ်အနည်းငယ်လောက်မှ “ နျူကလီးယားရှင်းလင်းရေး” ဆိုတဲ့စကားလုံးကိုကြားလာရပေမဲ့၊ ရုရှားနဲ့ယူကရိန်းရဲ့ပြဿနာကြောင့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့တွေ ဈေးတက်လာတယ်။ ဒါကြောင့်ပဲ နျူကလီးယားစွမ်းအင်ကို ပြန်လည်အာရုံစိုက်လာနိုင်ပါတယ်။

ညစ်ညမ်းသွားတဲ့ဒေသကလူတွေ… သူတို့မွေးရပ်မြေကို ဘယ်တော့များမှပြန်နိုင်ကြမလဲ?
လူဆိတ်ညံသွားတဲ့ရွာရဲ့ရုပ်ပုံတွေဟာ ၁၁ နှစ်တောင်ကြာသွားခဲ့ပြီဆိုတာကို ခံစားရစေပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: