ပန်းပုဆရာအဖေကို ရရှိထားသောအခါ

မူကြိုကျောင်းဆိုတာ ကလေးတွေရဲ့ဘဝမှာ အများနဲ့ပေါင်းသင်းနေထိုင်ရတဲ့ ပထမဆုံးအဆောက်အအုံဖြစ်ပါတယ်။
အတူတကွပုံစံမျိုးစုံကစားကြရင်း သင်ယူသွားကြပေမဲ့၊ မိမိပစ္စည်းနဲ့ တစ်ခြားအိမ်ကကလေးရဲ့ပစ္စည်းနဲ့ မတူအောင် ခွဲခြားထားမှအဆင်ပြေမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် ရောင်စုံခဲတံ။
အားလုံးမှာပုံစံတူလေးတွေရှိကြတဲ့အတွက် ခဲတံပေါ်မှာနာမည်ရေးထားခြင်းမျိုး လုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ချောနေတဲ့မျက်နှာပြင်အပေါ် နာမည်ရေးထားတဲ့အခါ အလွယ်တကူပြန်ပျက်သွားတတ်ပါတယ်။
ဒါကြောင့် ဒီလိုမျိုးခဲတံထိပ်ကိုဖြတ်ပြီး နာမည်ရေးတာမျိုး လုပ်ကြပါတယ်။

https://maidonanews.jp/article/14590035

ဒီအထိကတော့ သာမှန်မိသားစုမှာ လုပ်လေ့ရှိတဲ့ပုံစံမျိုးပါပဲ။
ဒါပေမဲ့ ကျိုတိုမှာနေထိုင်တဲ့ Miyamoto ဆိုသူက ဗုဒ္ဓရုပ်ပွားတော် ထွင်းထုတဲ့ပန်းပုဆရာတစ်ယောက်ဖြစ်ပါတယ်။
ဒီလိုအရာလေးတွေကို ဖန်တီးသူဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့အရာတွေကနေ အစွမ်းတန်ခိုးကြီးမားပုံရတဲ့အရာတွေအထိ ထွင်းထုနိုင်တဲ့ပန်းပုဆရာတစ်ယောက်ဖြစ်ပါတယ်။

ရောင်စုံခဲတံရဲ့ သစ်သားတစ်နေရာကိုဓါးနှင့်ဖြတ်ထုတ်ခြင်း = သစ်သားကိုဖြတ်ထုတ်ခြင်း။
ဒီလိုလုပ်နေရင်းကနေ စိတ်ပါသွားပုံရပါတယ်။
အနီရောင်, ရောင်စုံခဲတံကို လှည့်ကြည့်လိုက်တဲ့အခါ

အဲ?

Jizo ရုပ်ပွားတော်ကို ထုလုပ်ထားတာပဲ။
ဖေဖေ့ရဲ့ဝါသနာနဲ့ဖန်တီးပေးလိုက်တဲ့ အမှတ်အသားပါရောင်စုံခဲတံလေးကြောင့် သမီးဖြစ်သူ တော်တော်ပျော်ရွှင်သွားပုံရပါတယ်။

သားအကြီးတုန်းကလည်း ဒီအတိုင်းပါပဲ။ ရောင်စုံခဲတံတွေထဲမှာ ဝါသနာကိုဖော်ပြနေတဲ့ ခဲတံတစ်ချောင်းပါနေတယ်။

နည်းနည်းကြောက်ဖို့ကောင်းတယ်ဆိုတဲ့ ထင်မြင်ချက်လည်းရှိပေမဲ့ အဖေဖြစ်သူဟာ အမြဲကြည့်ရှု့စောင့်ရှောက်ပေးနေတယ်ဆိုတာကို ကလေးတွေခံစားမိမှာတော့ သေချာပါတယ်။

ဒီလိုပန်းပုဆရာအဖေကို သင်ရောဘယ်လိုခံစားမိပါသလဲ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: