သရဲတွေမှာ အထီးမဟုတ်ဘဲ အမကဘာကြောင့်များရသလဲ? ကျောက်ခေတ်ကသရဲ ဆိုပြီးမရှိတာ ဘာကြောင့်လဲ?

ဖြူစွတ်နေတဲ့အဝတ်အစားနဲ့ အမည်းရောင် ဆံပင်ရှည်ကြီး..
ဒီအပြင် သွေးမရှိတဲ့မျက်နှာနဲ့…

ဂျပန်သရဲလို့ပြောလိုက်ရင် ဒီလိုပုံစံမျိုးနဲ့ သရဲအထီးမဟုတ်ဘဲ သရဲအမကပိုများတယ်ဆိုတာ စာဖတ်သူတို့သိကြပါသလား?

http://にほんいち.com/haunted-house-191

တစ္ဆေဆိုတာ ဒီလောကမှာ အမုန်းတရားတွေနဲ့သေဆုံးသွားသူတို့ရဲ့ မကျွတ်လွတ်တဲ့ဝိညာဉ်တွေဖြစ်ပါတယ်။
ဒါဆို အမျိုးသားထက် အမျိုးသမီးတွေက အမုန်းတရား၊ နာကြည်းမှုတွေနဲ့ နောက်ဆံတင်းနေတယ်ဆိုတဲ့ သဘောမျိုးလား?

အဲ့ဒီလိုဆိုလိုတာမျိုးလည်း မဟုတ်ပါဘူးတဲ့…

ဟိုးယခင်အချိန်က ဂျပန်ရဲ့တစ္ဆေသရဲဟာ ဆာမူရိုင်းတွေဖြစ်ခဲ့ပါတယ်။
ဟုတ်ပါတယ်။ နာကြည်းစရာတွေ ရှိနေခဲ့မှာပါ။ ရုတ်တရက်လုပ်ကြံခံလိုက်ရတယ်ဆိုတော့လည်း …

အဲ့ဒီကနေ အမျိုးသမီးကိုအဓိကဖြစ်လာရတာကတော့ Ukiyo-e (浮世絵) ပန်းချီကားချက်တွေ ပေါ်ပေါက်လာခဲ့လို့ပဲဖြစ်ပါတယ်။
Ukiyo-e (浮世絵) ဆိုတာ ပရင့်ထုတ်ထားတဲ့ပန်းချီပဲဖြစ်ပေမဲ့၊ ပရင့်နဲ့အများကြီးထုတ်နိုင်ဖို့က လူကြိုက်များတဲ့ပန်းချီဖြစ်ဖို့လည်း လိုအပ်ပါတယ်။
ကြောက်စရာကောင်းတဲ့မျက်နှာနဲ့ဆာမူရိုင်းထက်၊ လှပတဲ့အမျိုးသမီး တစ္ဆေသရဲပုံက ပိုပြီးရောင်းရပါတယ်။
ဒီအချက်ကြောင့်ပဲ အမျိုးသမီးတစ္ဆေရာခိုင်နှုန်းဟာ တစ်ဟုန်ထိုးတက်လာခဲ့ပါတယ်။

ဒီအပြင် ဂျပန်သရဲမှာခြေထောက်မရှိပါဘူး။ စာဖတ်သူတို့နိုင်ငံက သရဲကရော ဘယ်လိုပုံစံမျိုးလဲ?
ဒီနေရာမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာရှိနေပါတယ်။ ယခင်က တစ္ဆေသရဲကိုဖော်ပြတဲ့အခါ ခြေထောက်ကိုထည့်ခဲ့ကြပေမဲ့၊ ပိုပြီးကြောက်စရာကောင်းလာစေဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ပန်းချီဆရာဟာ စဉ်းစားနေရင်းနဲ့ မတော်တဆ လက်ဖက်ရည် ဖိတ်ကျသွားခဲ့တယ်။

လက်ဖက်ရည်ကြောင့် ခြေထောက်ဆေးရောင် ပျယ်သွားခဲ့ပါတယ်။
ဟုတ်ပြီး! ကြောက်စရာကောင်းမယ့်ပုံပဲ! ဆိုတဲ့တိုက်ဆိုင်မှုကနေ သရဲမှာခြေထောက်မရှိဘူးဆိုပြီး ဖြစ်လာပါတော့တယ်။
သရဲအစစ်ကိုတော့ အပြင်မှာမမြင်ဖူးလို့ ခြေထောက်ပါ/မပါတော့ မသေချာပါဘူး။

နောက်ဆုံးအနေနဲ့ သရဲရဲ့သက်တမ်းနဲ့ပတ်သတ်ပြီးလည်း ပြောပြချင်ပါတယ်။
သရဲရဲ့သက်တမ်းဟာ အများဆုံးနှစ်ပေါင်း ၄၀၀ ရှိတယ်ဆိုတာ သိပါသလား?

၁၆၀၀ ခုနှစ်မှာ စစ်ပွဲကြီးဖြစ်ခဲ့တဲ့ Gifu စီရင်စုက Sekigahara မှာ သရဲတွေအများကြီးထွက်လာခဲ့တယ်ဆိုပြီး နာမည်ကြီးသွားပါသေးတယ်။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်ကိုကျော်လာပြီးတဲ့နောက်ပိုင်းကနေ သရဲခြောက်တာနည်းလာပါတယ်။ နားကြည်းမှုတွေကလည်း နှစ်ပေါင်း ၄၀၀ ကျော်သွားတော့ အကျွတ်တရားရသွားပုံရပါတယ်။

https://eiga.com/movie/85453/

နှစ်ပေါင်း ၁၀၀၀ ကျော်သွားလည်း လောကကြီးကိုနာကြည်းဆဲ အငြိုးထားတဲ့ဝိညာဉ်လည်းရှိတာကြောင့်၊ နာကြည်းမုန်းတီးမှုအတိုင်းအတာနဲ့လိုက်ပြီး အကျွတ်တရားရဖို့အထိ ကြန့်ကြာတာမျိုးလည်းရှိတတ်ပေမဲ့၊ ကျောက်ခေတ်က သရဲကို မြင်ခဲ့တယ်ဆိုတာမျိုးတော့ မကြားမိပါဘူး။ သရဲမှာသက်တမ်းရှိတယ်ဆိုတဲ့အယူအဆကို ကျွန်တော်တော့ထောက်ခံပါတယ်။

စာဖတ်သူတို့နိုင်ငံကသရဲမှာတော့ သက်တမ်းရှိပါသလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: