ဒုတိယကမ္ဘာစစ်အတွင်း စစ်ပွဲသို့ခေါ်ယူခံရတဲ့ ဂျပန်အမျိုးသမီးငယ်များ။ ဆေးရုံဟာ ပြင်းထန်တဲ့စစ်မြေပြင်ဖြစ်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်အတွင်း အာရှရဲ့နိုင်ငံငယ်လေးဖြစ်တဲ့ဂျပန်ဟာ ကမ္ဘာကြီးကို ရန်သူအဖြစ်သဘောထားပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ တိုင်းပြည်ကိုအန္တရာယ်တွင်းကနေ နုတ်ယူဖို့တိုက်ပွဲဝင်ခဲ့တဲ့ ဒီစစ်ပွဲမှာတော့ အသက်ပေးရသူများစွာ ပေါ်ထွက်ခဲ့ပါတယ်။ ထိုအထဲမှာ ဂျပန်လူငယ်ပေါင်းများစွာကို စစ်ပွဲအတွင်းစုဆောင်းဖို့ ဒီအနီရောင်စာရွက်နဲ့ ခေါ်ယူခဲ့ပါတယ်။

https://ameblo.jp/paseritoserori/entry-11579552915.html

赤紙 “ အကဂမိ” လို့ခေါ်ကြတဲ့ ဟောဒီတပ်သားခေါ်ယူခြင်းအမိန့်စာရောက်လာခဲ့ရင် မဖြစ်မနေ ရှေ့တန်းထွက်ရပါတယ်။ “ အကဂမိ” ရောက်လာပေမဲ့ လျစ်လျူရှုမယ်ဆိုရင်တော့ ၎င်းမိသားစုကို ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချပြီး ဝိုင်းပစ်ပယ်ကြပါတော့တယ်။ “ ဂျပန်အတွက်၊ ဧကရာဇ်မင်းမြတ်အတွက် တိုက်ပွဲဝင်မယ်” ဆိုပြီး ရှေ့တန်းကိုသွားကြပေမဲ့ တကယ်မှာ ဟောဒီ “ အကဂမိ” ကိုဝမ်းသာစွာလက်ခံဖို့ သတ္တိမရှိခဲ့ကြပါဘူး။

ထိုအချိန်က အသက် ၁၀ နှစ်၊ အသက် ၂၀ နှစ် ပြည့်ပြီးသူ မိန်းကလေးများဟာလည်း “ အကဂမိ” ပေးပို့ခြင်းခံရပါတယ်။ သူမတို့တွေဟာ စစ်သူနာပြုတွေအဖြစ် စစ်တလင်းမြေပေါ်ကဆေးရုံကို ပို့ဆောင်ခြင်းခံရပါတယ်။

https://mag.japaaan.com/archives/

ဂျပန်ကြက်ခြေနီအသင်းနဲ့အတူ စစ်သူနာပြုများအဖြစ် စစ်တလင်းမြေပေါ်ပို့ဆောင်ခြင်းခံရတဲ့အမျိုးသမီးတွေဟာ လူပေါင်း ၅ သောင်းခန့်ဖြစ်ပါတယ်။ ၎င်းတို့အထဲကအများစုဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းပြည်အတွက်တိုက်ခိုက်ပေးတဲ့စစ်သားတွေကို ကုသပေးချင်တယ်။

အဲ့ဒီလိုစိတ်နဲ့စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ကြတဲ့ အမျိုးသမီးများလည်းရှိခဲ့ပေမဲ့၊ အများစုဟာ “ အကဂမိ” ရောက်လာလို့ မျက်ရည်တွေနဲ့စစ်မြေပြင်ကိုသွားခဲ့တယ်လို့ ပြောပါတယ်။

၎င်းစစ်မြေပြင်ပေါ်ကဆေးရုံဟာ တကယ့်ကိုအခြေအနေပြင်းထန်ခဲ့ပါတယ်။
အထူးသဖြင့် တစ်ဝက်လောက်ဟာ ဂျပန်နိုင်ဖို့အခွင့်အရေးတောင်မရှိတဲ့စစ်ပွဲပဲလို့ သုံးသတ်ထားပြီးသားဖြစ်ပါတယ်။
ဒီအပြင် ဆေးဝါးထောက်ပံ့မှုမလုံလောက်ဘဲ ပျောက်ကင်းသင့်တဲ့ဒဏ်ရာနဲ့ ရောဂါတွေတောင် မပျောက်ကင်းနိုင်ဖြစ်ရပါတယ်။
အပူပိုင်းဒေသမှာ ထူးထူးခြားခြားရောဂါကိုပါ ခံစားရပါတယ်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့။
ဂျပန်လက်နက်ချ အညံ့ခံသွားပါတယ်။

စစ်ပွဲပြီးဆုံးသွားပါပြီး။ သို့သော် အိမ်ပြန်လို့မရခဲ့ပါဘူး။ အမေရိကန်စစ်သားတွေဟာ မကောင်းဆိုးဝါးတွေလို့ပါပဲ။ ၎င်းတို့ထံမှာအဖမ်းခံရရင် တစ်ခုခုလုပ်ခံရနိုင်ချေရှိပါတယ်။ ဒါကြောင့် သူနာပြုတွေကို 大和撫子(やまとなでしこ) Yamato Nadeshiko ရဲ့စိတ်ဓါတ်နဲ့ ဂုဏ်ရှိစွာသေဆုံးပါလို့ သင်ကြားပေးခဲ့ပါတယ်။ Yamato Nadeshiko ဆိုတာကတော့ ကြင်နာပြီး သန်မာသော ဂျပန်အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ Yamato Nadeshiko ဟာ ဘယ်တုန်းကမှမသေဆုံးခဲ့ပါဘူး။

စစ်တလင်းမြေပေါ်ကဆေးရုံမှာတော့ သူနာပြုအကြီးအကဲဦးစီးချုပ်ဟာ သူနာပြုတစ်ဦးချင်းစီကို နိုင်ငံခြားသားဆီက ဖမ်းဆီးတိုက်ခိုက်ခြင်းခံရတဲ့အချိန်မှာ သောက်ဖို့ဆေးတစ်မျိုးပေးခဲ့ပါတယ်။

အဲ့ဒီဆေးကတော့ ပိုတက်စီယမ်ဆိုက်ယာနိုက် အဆိပ်သင့်စေတဲ့ဆေးပဲဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ ဒီဆေးသောက်ဖို့ မတွန့်ဆုတ်အောင်လည်း အသိပညာပေးခဲ့တယ်လို့ဆိုပါတယ်။

တိုင်းပြည်အတွက် ဒီအပြင်တိုက်ပွဲဝင်နေတဲ့စစ်သားတွေအတွက် အကောင်းဆုံးကြိုးစားခဲ့တဲ့ သူနာပြုတွေဟာ နောက်ဆုံးမှာ ကိုယ့်ကိုကိုယ်သတ်သေရပါတယ်။ ဒီလိုဝမ်းနည်းစရာကောင်းတဲ့စစ်ပွဲကို နောက်ထပ်မဖြစ်စေချင်တော့ပါဘူး။

စစ်တပ်နဲ့ဘာမှမသက်ဆိုင်တဲ့အရပ်သားတွေနဲ့ ဒေသခံတွေအများကြီးသေဆုံးခဲ့ရတယ်။ စစ်ပွဲဆိုတာ ကြေကွဲစရာတွေကိုသာ ယူဆောင်လာပါတယ်။

ကမ္ဘာမှာစစ်ပွဲတွေ ရပ်တန့်ဖို့ ရိုးသားစွာမျှော်လင့်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: