Yamato Nadeshiko – ဂျပန်အမျိုးသမီးများရဲ့ ဖြူစင်တဲ့အလှအပဆိုတာ

Yamato Nadeshiko လို့ခေါ်တဲ့ ဂျပန်အမျိုးသမီးများရဲ့ ဖြူစင်တဲ့အလှအပအကြောင်းကို ကြားဖူးပါသလား။

အားလုံးက စိတ်ကူးထဲ ပုံဖော်ကြည့်မိတဲ့ ဂျပန်အမျိုးသမီးများရဲ့ ဖြူစင်တဲ့အလှအပဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ နာမည်ကြီးပြီး ရေပန်းစားပါတယ်။

တကယ်တော့ Yamato Nadeshiko လို့ခေါ်တဲ့ ဂျပန်အမျိုးသမီးများရဲ့ ဖြူစင်တဲ့အလှအပမှာ သတ်မှတ်ချက်တွေရှိပါတယ်။

ဒါဆိုရင် ဂျပန်အမျိုးသမီးများရဲ့ ဖြူစင်တဲ့အလှအပ (Yamato Nadeshiko) အကြောင်း

ပြီးတော့ အဲ့ဒီအချက်တွေကို သိရှိပြီး သင်လည်း ကျက်သရေရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်လာနိုင်ပါတယ်။

Yamato Nadeshiko လို့ခေါ်တဲ့ ဂျပန်အမျိုးသမီးများရဲ့ ဖြူစင်တဲ့အလှအပဆိုတာ ပြင်ပအလှအပတင်မဟုတ်ပါဘူး အတွင်းစိတ်လည်း လှပဖို့လိုပါသေးတယ်။

လိမ္မာပါးနပ်သောအမျိုးသမီး လို့လည်း တင်စားကြလေ့ရှိပါတယ်။

ဘယ်လိုအချက်တွေရှိမလဲ ကြည့်ကြည့်ရအောင်

ဖြူဝင်းတဲ့အသားအရည်ရှိပြီး အနက်ရောင်ဆံကေသာဟာလည်း လှပနေရမယ်။

ဂျပန်အမျိုးသမီးများရဲ့ ပြင်ပအလှအပမှာ အရေးကြီးတဲ့အရာကတော့ အသားဖြူဝင်းပြီး အနက်ရောင်ဆံပင်ရှိဖို့ လိုအပ်ပါတယ်။

နေပူဆာလုံထားတဲ့ ကျန်းမာတဲ့အသားအရည်ရှိတဲ့အမျိုးသမီးတွေကလည်း ဆွဲဆောင်မှုရှိပေမယ့် အဖြူရောင်အသားအရည်ရှိသူက ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးဆန်တယ်လို့ ထင်ရပါတယ်။

အနက်ရောင်ဆံကေသာလည်း ထိုနည်းလည်းကောင်းပါပဲ။

အနက်ရောင်ရှည်လျားတဲ့ဆံကေသာတွေဟာ Yamato Nadeshiko ရဲ့ အဓိကအချက်ဖြစ်ပေမယ့် အခုခေတ်မှာ အနက်ရောင်ဆံကေသာရှိတဲ့ အမျိုးသမီးတွေက နည်းပါးလာတဲ့အတွက် ဒီအချက်က သိပ်အရေးမကြီးပေမယ့် အရောင်အရမ်းမတောက်နေဖို့တော့ လိုပါလိမ့်မယ်။

အသားဖြူတယ်ဆိုတဲ့နေရာမှာလည်း ဖြူတယ်ဆိုတာထက် အသားအရည်ကို သေချာလေးဂရုစိုက်ပြီး လှပတဲ့အသားအရည်ရှိတာကို ဆိုလိုတာဖြစ်ပါတယ်။

ကိုယ်ဟန်အမူအရာ ကျိုးနွံပြီး ဂုဏ်သိက္ခာရှိစွာ နေထိုင်ခြင်း။

ကိုယ့်အထင်အမြင်ကို ထုတ်မပြောရဘူး ဆိုတာမျိုးမဟုတ်ပါဘူး။

အလွန်အကျွံ့မပြောရင် ရပါတယ် ပြီးတော့ တွန့်ဆုတ်တွန့်ဆုတ် မလုပ်ရပါဘူး။

အစားအသောက်စားရာမှာလည်း အရေးကြီးပါတယ်။

ပါးစပ်ထဲ အစာရှိတုန်းမှာ စကားပြောတာ၊ ပလပ်ပလပ်အသံ ထွက်တာတွေ မလုပ်သင့်ပါဘူး။

အလွန်အကျွံပြင်ဆင်ထားတဲ့ ဖက်ရှင်မျိုးလည်း မလိုပါဘူး။

နောက်တစ်ခုကတော့ အမျိုးသားဖြစ်သူကို နားလည်မှုပေးပါ။

ယောကျာ်းကို မြှောက်စား မိန်းမကို နှိမ့်ချဆိုတဲ့သဘောမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။

မိမိအမျိုးသား၊ ခင်ပွန်းကို လမ်းမှန်ရောက်ရောင်၊ အောင်မြင်အောင် ပျိုးထောင်ပေးဖို့း အရေးကြီးတာဖြစ်ပါတယ်။

လူတွေကြားမှာ မိမိလက်တွဲဖော်ကို လှောင်ပြောင်တာက မပြုလုပ်သင့်တဲ့အပြုအမူ ဖြစ်ပါတယ်။

ပညာတတ်ပြီး ယဉ်ကျေးမှုလည်း ရှိရပါမယ်။

ပညာသည်လည်း အလှအပ တစ်မျိုးပဲ ဖြစ်ပါတယ်။

ပညာဆိုတာ မပြသရင်တောင် စကားပြောရင်းနဲ့တောင် သိရှိနိုင်တဲ့အရာ ဖြစ်ပါတယ်။

အပေါ်က အချက်တွေက ခက်ခဲတဲ့အချက်မဟုတ်ပေမယ့် အဲ့ဒီအချက်တွေကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: