ဖတ်မိသူတိုင်းမျက်ရည်ကျရတဲ့ ဂျပန်သူနာပြုအသင်း၏ မချိမဆန့်စွာဖြင့်ဖွင့်ဟလာတဲ့အသံ

၂၀၂၀ ခုနှစ် ၁၂ လပိုင်း ၁၀ ရက်နေ့၊ ဂျပန်သူနာပြုစီမံခန့်ခွဲမှုအသင်းက website မှာ အကြောင်းအရာတစ်ခုကိုတင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားလာတာနဲ့ပတ်သက်ပြီး နေရာကြပ်တည်းလာတဲ့ဆေးရုံကုတင်တွေနဲ့အတူ..
ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ ဗိုင်းရပ်စ်ပိုးကိုရှေ့တန်းကနေတိုက်ခိုက်နေရပါတယ်။

ဂျပန်သူနာပြုစီမံခန့်ခွဲမှုအသင်းကအများပြည်သူအား “ သူနာပြုတွေဟာ coronavirus ကူးစက်ခံထားရသူတွေရဲ့နောက်ဆုံးခံတပ်ပဲ” လို့ခေါင်းစဥ်တပ်ပြီး ဒီလိုပြည်သူလူထုကိုဖွင့်ဟခဲ့ပါတယ်။

 

https://grapee.jp

 

“ အများပြည်သူများအားပန်ကြားချက်- သူနာပြုတွေဟာ အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ coronavirus ကူးစက်ခံထားရတဲ့လူနာတွေနဲ့အနီးဆုံးမှာနေရတာဟာ သူနာပြုတွေပဲဖြစ်ပါတယ်။ ဒီရေရှည်တိုက်ပွဲထဲမှာ သူနာပြုတွေဟာကိုယ်ရော၊ စိတ်ရောပင်ပန်းနေကြပါပြီ။
coronavirus ကူးစက်ခံလူနာတွေပိုပြီးများလာမယ်ဆို သူနာပြုအသင်းဟာ အထွေထွေသောလူနာဆောင်တွေကိုပိတ်လိုက်ပြီး, Corona ဗိုင်းရပ်စ်ကုသမှုအတွက် သူနာပြုတွေကိုရွေ့လိုက်ရုံအပြင်မရှိတော့ပါဘူး။
သူနာပြုတွေဟာ လက်ရှိအချိန်ထိကြည့်ခဲ့တဲ့လူနာတွေကို လုပ်ဖော်ကိုင်ဖက်နဲ့ထားခဲ့ရပြီး ကိုရိုနာ ward ထဲကိုရွေ့ပြောင်းနေရပါတယ်။
သူနာပြုတွေဟာ PPE ဝတ်စုံဝတ်ထားပေမဲ့၊ လူနာတွေပါးစပ်နဲ့ကပ်နေလောက်တဲ့အထိ လူနာစကားသံကိုနားထောင်ရပါတယ်.တစ်ခါတစ်ရံလူနာတွေရဲ့လက်ကိုဆုတ်ကိုင်ပြီး သေပွဲဝင်ရတဲ့အချိန်မျိုးလည်းရှိပါတယ်။
သူနာပြုတွေဟာ မိသားစုနဲ့လည်းအတူမနေရဘဲ လူနာတွေနဲ့အနီးဆုံးမှာရှိပြီး၊ လူနာတွေရဲ့ အသက်နဲ့ဘဝကို စောင့်ရှောက်ပေးနေရသူတွေပဲဖြစ်ပါတယ်။” လို့ရေးထားခဲ့ပါတယ်။

 

http://janap.umin.ac.jp/

ဂျပန်မှာတော့ ၂၀၂၀ ခုနှစ် ၂ လပိုင်း ကနေစပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများလာခဲ့ပါတယ်။ ယခုဆို ၁ နှစ်နီးပါးရှိတော့မယ့် ရေရှည်တိုက်ပွဲမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာစိတ်ရောကိုယ်ရော ပင်ပန်းနေကြပါပြီ။
ကိုယ်တိုင်ပြန်ပြီးကူးစက်ခံရနိုင်ချေရှိသော်လည်း မမှုဘဲတာဝန်ကိုကျေပွန်စွာထမ်းဆောင်နေပြီး၊ ကူးစက်ခံရသူလူနာတွေရဲ့ အသက်နဲ့ဘဝကိုစောင့်‌ရှောက်ပေးနေကြပါတယ်။
သို့သော် ဒီလိုဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုတွေရှိနေတာကြောင့်လည်း..

“ ကျွန်ုပ်တို့ဟာ လုပ်ရမယ့်အလုပ်ကိုပဲလုပ်နေတာကြောင့် ကျေးဇူးတင်ဖို့မလိုပါဘူး။ လိုချင်တာကတော့ သူနာပြုတွေအပေါ်အာရုံစိုက်မှုပါပဲ။ ခွဲခြားမှု၊ ဘက်လိုက်မှုဟာ သူနာပြုတွေအပေါ်မျှတတဲ့သဘောထားလား? သူနာပြုတွေဟာ လူနာတွေကိုကရုစိုက်ပေးနေရတာကို လူ့အဖွဲ့အစည်းမှာဝှက်ထားကြပြီး၊ တီဗွီသတင်းတွေမှာဖော်ပြခြင်းခံရချိန် ဘာကြောင့်မျက်နှာတွေဝါးထားရသလဲ? ဒါဟာ ခွဲခြားဆက်ဆံခြင်းပဲ” လို့ခံစားချက်များကို ဂျပန်သူနာပြုစီမံခန့်ခွဲမှုအသင်းက website မှာတင်လာခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဗိုင်းရပ်စ်တွေစပြီးပြန့်နှံ့လာကတည်းက ဆရာဝန်များနှင့်အတူသူနာပြုများဟာလည်း လူနာတွေရဲ့ အသက်နဲ့ခန္ဓာကိုအနီးကပ်စောင့်ရှောက်ပေးရသူတွေဖြစ်ပါတယ်။ သို့သော် အားလုံးကသူနာပြုတွေကိုမေ့ထားတတ်ကြပါတယ်။
ဂျပန်မှာတော့ အချိုသတင်းဌာနတွေက သူနာပြုတွေအကြောင်းကိုဖော်ပြတဲ့အခါ မျက်နှာတွေကိုဝါးထားတဲ့အတွက် ဒါဟာခွဲခြားဆက်ဆံခြင်းပဲလို့ သူနာပြုအသင်းဟာ သူတို့ရဲ့ခံစားချက်ကိုဖော်ပြလာပါတယ်။

ဒီရေရှည်တိုက်ပွဲမှာအားလုံးထက်ပိုပြီးပင်ပန်းတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုကူညီသောအားဖြင့် အားလုံးလည်းမလိုအပ်ဘဲအပြင်မထွက်ကြဖို့နဲ့ ကျန်းမာရေးကိုကရုစိုက်ဖို့နှိုးဆော်လိုက်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: