ဆာမူရိုင်းတွေဟာ ခန့်ညားသလောက်၊ ခြေလျင်တပ်သားဘဝကတော့ ကြမ်းတမ်းလွန်းတယ်။

ယောက်ျားပီသစွာတိုက်ခိုက်ကြတဲ့ဆာမူရိုင်းတွေ အမှန်တကယ် ခန့်ညားကြပါတယ်။
ဒီလိုရဲရင့်တဲ့ယောကျ်ားတစ်ယောက်ဖြစ်ချင်တယ်ဆိုပြီး အမျိုးသားအများစုက တွေးတတ်ကြပါတယ်။ ဒါပေမဲ့ ခြေလျင်တပ်သားဆိုတဲ့ နေရာကိုတော့ရှောင်တာပိုကောင်းပါလိမ့်မယ်။
အလွန်ကြေကွဲစရာကောင်းတဲ့ သူတို့တွေရဲ့အခြေအနေကို ကြည့်ရအောင် …

http://www.bb.soma.or.jp/~sk-masa/page_thumb61.html

အရင်ဆုံးတိုက်ရတဲ့ ခြေလျင်တပ်သား ဆိုတာဘာလဲ၊ ဒါပေမဲ့ သာမန်စစ်သားတွေကတော့ နောက်ဆုံးမှ တိုက်ရပါတယ်။
စစ်ပွဲမှာ ကျဆုံးသူတွေရှိတတ်ကြပေမဲ့၊ ထက်ဝက်ကျော်က ဟောဒီခြေလျင်တပ်သားတွေပဲဖြစ်ပါတယ်။ ဒါဟာ စတေးခံသူအဖြစ်သတ်မှတ်ထားတဲ့ နေရာပဲဖြစ်ပါတယ်။
ဓါတ်ပုံကိုကြည့်လိုက်ရင် လက်နက်တန်ဆာပလာအချို့ကို ဝတ်ဆင်ထားကြပေမဲ့၊ မူလကသူတို့တွေဟာ လယ်သမားမိသားစုက ကလေးတွေဖြစ်ခဲ့ကြပါတယ်။
စစ်မကြာခဏဖြစ်ခဲ့တဲ့ Sengoku ကာလက လယ်သမားအများစုဟာ ကိုယ်ပိုင်လယ်မြေတောင်မရှိဘဲ၊ 名主Nanushi လို့ခေါ်တဲ့ မြေအမြောက်အများပိုင်ဆိုင်သူဆီမှာ စိုက်ပျိုးမြေငှားရမ်းပြီး လယ်လုပ်ခဲ့ကြရပါတယ်။

Nanushi ဟာ နှစ်စဉ်အခွန်ကို နယ်မြေအုပ်စိုးတဲ့အရှင်သခင်အား ဆက်သရပါတယ်။
အဲ့ဒီခေတ်မှာ ဆန်စပါးနဲ့အခြားလယ်ယာထွက်အသီးအနှံကို ငွေနဲ့ပေးချေပေမဲ့၊ Nanushi ဟာ စစ်သည်ကိုစေလွှတ်ဖို့အစား နှစ်စဉ်အခွန်ကို လျော့ချပေးခြင်းကဲ့သို့ ပြောင်းလဲမှုတွေကို ဆောင်ရွက်ပေးပါတယ်။
အလားတူလယ်သမားတွေကြားထဲမှာ စိုက်ပျိုးရေးမှာပဲ ထက်သန်တဲ့လူနဲ့ တိုက်ခိုက်ခြင်းကို အဓိကထားတဲ့လူ ထွက်လာပါတယ်။
တိုက်ပွဲအဓိကထားတဲ့လူတွေဟာ တိုက်ပွဲမရှိတဲ့အချိန်မှာ စိုက်ပျိုးရေးကိုကူညီရတယ်။ တိုက်ပွဲအချိန်ရောက်လာတဲ့အခါမှာတော့ ခြေလျင်တပ်သားအနေနဲ့ ရှေ့တန်းထွက်ရပါတယ်။

ဒီအပြင်ရှေ့တန်းထွက်ရတဲ့အချိန် Nanushi ကိုယ်တိုင် ဒါမှမဟုတ် ဆွေမျိုးတွေဟာ ဟောဒီခြေလျင်တပ်သားတွေကို ခေါ်ပြီး စစ်မြေပြင်ကိုသွားကြပါတယ်။
အဲ့ဒီအချိန်က လယ်သမားအိမ်မှာလည်း ဓားရှိတဲ့အတွက်၊ အိမ်ကကိုယ့်ဓားကိုယ်ယူပြီး ရှေ့တန်းသွားရတာဖြစ်ပါတယ်။

အများစုက ချပ်ဝတ်တန်ဆာတောင် မရှိကြပါဘူး။ ရှိတဲ့လူတွေကလည်း သူများသုံးပြီးသားအဟောင်းအနွမ်းကို ပြန်အသုံးပြုကြတာပဲဖြစ်ပါတယ်။

ရိက္ခာကလည်း ၃ ရက်စာ ကိုယ့်ထမင်းကိုယ်ယူလာစနစ်ဖြစ်ခဲ့ပါတယ်။
ဒါဖြင့်ဘာတွေကိုစားကြသလဲလို့ပြောရင်၊

ချက်ထားတဲ့ထမင်းကိုအခြောက်လှန်းထားတဲ့ ထမင်းနေလှန်းခြောက်၊ Umeboshi ၊ miso (ပဲအနှစ်) ကိုအခြောက်လုပ်ပြီး ယူသွားကြပါတယ်။
၄ ရက်မြောက်တဲ့နေ့ကစပြီးတော့မှ စစ်တပ်က ရိက္ခာကိုထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

စကားမစပ် ထမင်းနေလှန်းဆိုတာ ဒီလိုမျိုးပါ။

20年保存も可能!? 非常食には干し飯(ほしいい)!!

ဒီထမင်းခြောက်ဟာ နှစ်ပေါင်း ၂၀ တောင်အထားခံတယ်လို့ပြောပါတယ်။ မြေငလျင်လို သဘာဝဘေးအန္တရာယ်အတွက် အထားခံတဲ့အစားအသောက်အဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။
စားတဲ့အခါ မူလထမင်းအတိုင်းပြန်ရဖို့ ရေနဲ့အစိုဓါတ်ပေးရပါတယ်။
ဒီအပြင် ရေများများထည့်ရင် ဆန်ပြုတ်ပါလုပ်သောက်နိုင်တာကြောင့်၊ ရိက္ခာမလုံလောက်တဲ့အချိန်မှာ ဆန်ပြုတ်လုပ်သောက်ကြပါတယ်။
ဒါပေမဲ့လည်း အရသာကတော့ ဘယ်ကောင်းပါ့မလဲပေါ့..

ရိက္ခာကလည်းနည်းလာ၊ မတ်စောက်တဲ့တောင်တက်လမ်းကိုလျှောက်နေရင်း သွေးအားနည်းပြီး လဲကျတဲ့လူတောင်ရှိခဲ့ပေမဲ့၊ လဲကျသွားရင် လဲကျတဲ့နေရာမှာပဲ ထားခဲ့ခံရပါတယ်။
ရှေ့တန်းကိုသွားရင်း လမ်းမှာအားပြတ်လို့သေရတဲ့ ခြေလျင်တပ်သားတွေ များစွာရှိခဲ့ပါတယ်။
စစ်တောင်မတိုက်ရသေးဘဲ မြှားကုန်နေပါပြီ…

ဒီလိုကြမ်းတမ်းတဲ့အခြေအနေမှာ ရှေ့တန်းသွားရရင်၊ စစ်မြေပြင်အခြေအနေနဲ့လိုက်ပြီး ရိက္ခာမထောက်ပံ့ပေးနိုင်ဘဲ၊ အာဟာရပြတ်လတ်ကာ သေဆုံးရတဲ့စစ်သားတွေလည်း များစွာရှိပြန်ပါတယ်။

雑兵物語(ぞうひょうものがたり)ဆိုတဲ့စာအုပ်ဟာ ခြေလျင်တပ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြဌာန်းစာအုပ်ဖြစ်ပေမဲ့၊ အဲ့ဒီစာအုပ်ထဲမှာ ရေးထားတာက

“ ရန်သူနယ်မြေထဲဝင်ရောက်ထဲအခါ ဘာပဲဖြစ်ဖြစ်သိမ်းယူထားပါ။
ထင်းရှူးပင်အခေါက်ကို ပြုတ်ပြီး ဆန်ပြုတ်တောင်လုပ်သောက်နိုင်တယ်။”

ဒီလိုရေးထားပါတယ်။

ဒါပေမဲ့ အဲ့ဒါထက်ဒုက္ခအရောက်ဆုံးကတော့ ရေပါပဲ။
နေရာပြောင်းသွားရင် ရေတောင်ပြောင်းသွားပြီး၊ တစ်စိမ်းနယ်မြေကရေကို သောက်မိခြင်းကြောင့် ဝမ်းလျှောကြပါတယ်။ ဝမ်းလျှောပြီဆိုရင် ရေဓာတ်ခမ်းခြောက်ပြီး ရေသန့်ကိုပိုပြီးလိုအပ်လာပါတယ်။
ရေတွင်းကိုတွေ့လို့ ဝမ်းသာအားရနဲ့သောက်လိုက်တဲ့အခါ အဆိပ်မိသွားတာတို့၊ ဒါတွေလည်း စစ်ပွဲမှာ ကြုံရလေ့ရှိတဲ့ကိစ္စတွေဖြစ်ပါတယ်။

စိတ်ချရတဲ့ရေဆိုရင် မြစ်ရေပဲရှိပါတယ်။
ဒါကလည်း မြစ်ကအနီးအနားမှာမရှိတဲ့အခါ၊ လမ်းဘေးကမြောင်းရေကို အဝတ်နဲ့စစ်ပြီး သောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်မြေပြင်ကိုရောက်ပြီဆိုရင် ထပ်ပြီးကြေကွဲစရာ ကံကြမ္မာက စောင့်ကြိုနေပြန်တယ်။
အားလုံးထက်ကို အရင်ဆုံး ရန်သူတပ်စခန်းထဲကို ချီတက်ရတဲ့ ဟောဒီခြေလျင်ရှေ့တန်းတပ်သားတွေဟာ အထိအခိုက်အကျအဆုံး ပိုများပါတယ်။
စစ်မြေပြင်မှာတော့ ဆရာဝန်ရှိပေမဲ့လည်း၊ ဆေးကုသမှုဟာ အဆင့်မြင့်ဆာမူရိုင်းတွေအတွက်သာဖြစ်ပြီး၊ ခြေလျင်တပ်သားတွေဆီကို မရောက်ရှိပါဘူး။
ဒါကြောင့် ခြေလျင်တပ်သားတွေကြားမှာ ထူးဆန်းတဲ့ရိုးရာကုထုံးတွေ ကျယ်ပြန့်ခဲ့တယ်လို့ဆိုပါတယ်။

ဓားနဲ့ခုတ်မိတဲ့ဒဏ်ရာကို ဆီး(သေး)နဲ့ပန်းလိုက်တယ်။
အတွင်းသွေးယိုစိမ့်မှုဆိုးရွားရင်၊ မြင်းချေးကို ရေနဲ့ဖျော်ပြီး သောက်ခိုင်းတယ်။

ခြေလျင်တပ်သားတွေရဲ့ဘဝဟာ ဒီလောက်အထိကြမ်းတမ်းပေမဲ့၊ အဲ့ဒီလိုဘဝကနေ ဂျပန်နံပါတ်တစ် ဆာမူရိုင်းတစ်ယောက်ဖြစ်လာတဲ့ Toyotomi Hideyoshi ဆိုတဲ့ပုဂ္ဂိုလ်လည်းရှိတဲ့အတွက် ကြီးမားတဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ မဆိုချင်ပါဘူး။
အများစုကတော့ မဖြစ်လာကြပေမဲ့လည်းပေါ့….

သင်ရော ဒီလိုဆာမူရိုင်းနေရာကို ခေတ္တဝင်ကြည့်ချင်ပါသလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: