လေလည်မိတဲ့အာဃာတကြောင့် အသတ်ခံလိုက်ရတဲ့ စစ်သည်တော် !!!

ဆာမူရိုင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသောကာလတစ်ခုဖြစ်တဲ့

Sengoku ခေတ်ဆိုတဲ့ ခေတ်တစ်ခေတ်ဟာ ဂျပန်သမိုင်းမှာပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆာမူရိုင်းနဲ့ ဆာမူရိုင်းတွေကိုစုစည်းထားတဲ့စစ်သည်တော်တွေဟာ ဂျပန်နိုင်ငံထဲမှာမှ နိုင်ငံငယ်လေးတစ်နိုင်ငံလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသငယ်လေးကိုဖန်တီးကာ အုပ်ချုပ်ခဲ့ကြပါတယ်။

နောက်ထပ်တစ်ခုကတော့ အထက်မှာဧကရာဇ်မင်းရှိတဲ့အတွက်ကြောင့်

နိုင်ငံအနေနဲ့တစ်နိုင်ငံတည်းသာရှိပေမယ့်

ဒီလိုနယ်မြေငယ်လေးကိုချဲ့ထွင်ဖို့အတွက် တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်ခဲ့ကြတဲ့ Sengokuခေတ်ဖြစ်ပါတယ်။

 

ထိုအချိန်တုန်းက စစ်သည်တော်တွေရဲ့သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ

လုပ်ကြံခံရမှုတွေဟာအတော်များများရှိခဲ့ပါတယ်။ အဲဒီလုပ်ကြံအသတ်ခံရတာတွေထဲမှာမှ လေလည်တာကိုအငြိုးထားလို့အသတ်ခံခဲ့ရတဲ့သူဟာ ဒီလူတစ်ယောက်ပဲရှိမယ်ထင်ပါတယ်။

 

https://mag.japaaan.com/archives/115005

 

အတော်လေးမခံနိုင်အောင်များ နံသွားလို့လား?

ဒီအနံ့ ! ခွင့်မလွှတ်နိုင်ဘူး! ငါမင်းကိုသတ်မယ်!  ဆိုတဲ့အကြောင်းပြချက်နဲ့ လူတစ်ယောက်ကိုသတ်ပစ်လိုက်ရလား ? ?

 

ဒီတစ်ခါတော့ Kunitane Chiba ဆိုတဲ့ လေလည်တဲ့အာဃာတကြောင့် အသတ်ခံလိုက်ရတဲ့ စစ်သည်တော်အကြောင်းကိုပြောပြမယ်နော်။

Kanto ဧရိယာဒေသမှာတော့ Chiba ဟာ ဆာမူရိုင်းတို့မွေးဖွားတဲ့ခေတ်ထဲက ဂုဏ်သတင်းမွှေးခဲ့ပါတယ်။ Kunitane Chiba ဟာ မျိုးဆက်၂၉ဆက်မြောက်ခေါင်းဆောင်ဖြစ်ပြီး အခုတစ်ခေါက်ပြောမယ့် အဓိကဇာတ်ကောင်ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်က ၁၅၈၅ခုနှစ်မှာဖြစ်ပွားခဲ့တာပါ။

 

ဒါဟာနှစ်သစ်ကူးအစောပိုင်းအချိန်မှာကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

များစွာသောစစ်သည်တွေစုဝေးနေတဲ့နေရာတစ်နေရာမှာ Magogorou Kuwata ဆိုသူဟာ တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပြီး အဲဒီဧရိယာမှာမှာ Chiba လည်းရှိနေခဲ့ပါတယ်။ သူအမှုဆောင်နေစဉ်အတွင်းမှာ နှစ်ကြိမ်တိုင်တိုင်ကြီးမားတဲ့ ကြီးကြီးမားမားလေလည်ခဲ့မိခဲ့တဲ့ပုံပါ။

ဒီကိစ္စကို မခံရပ်နိုင်ဖြစ်ပြီး Chiba တစ်ယောက်တော်တော်‌ဒေါသထွက်သွားပုံပါပဲ။

အဲဒါနဲ့ပတ်သတ်ပြီး Kuwataလည်း “ဒီလောက်တောင်ဒေါသထွက်စရာမလိုပါဘူး! “လို့ပြောရာကနေ အငြင်းအခုံပါဖြစ်လာပြီး Chiba က Kuwataကို ကန်ထုတ်မိလိုက်ပါတယ်။ ချက်ချင်းပဲ Kutawa လည်း ဓါးကိုဆွဲထုတ်လိုက်ပါတယ်။

ဒါပေမယ့် အဲဒီနေရာမှာ ပတ်ဝန်းကျင်မှာလူတွေရှိနေလို့ Kuwata ဟာ သတိပြန်ကပ်ခဲ့ပြီး ဓါးကိုပြန်ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း Chiba လည်းအလွန်အကျွန်ဖြစ်သွားတာကိုရိပ်မိပြီး အဲဒီနေရာမှာပဲ လက်ထဲကဓါးကို ပြန်သိမ်းကာ သူ့နေရာသူပြန်သွားကြပါတယ်။

သို့ပေမယ့် . . .

Kuwataရဲ့ဒေါသဟာမပြီးသွားပါဘူး။ တစ်နေ့နေ့မှာ ပြန်ကလဲ့စားချေမယ်ဆိုတဲ့ အငြိုးကတော့ ရှိနေဆဲပါ။

မေလ ၁၅၈၅ခုနှစ်၊ အိပ်ပျော်နေတဲ့ Chibaတစ်ယောက် အိမ်ထွင်းဖောက်ကာ လုပ်ကြံခံရပါတယ်။

လက်အောက်ငယ်သားတွေအလျင်အမြန်ရောက်လာတဲ့အခါမှာတော့ Chiba တစ်ယောက် သွေးထွက်သံယိုဖြစ်လျက်အခြေအနေနဲ့ “Kuwata ကိုမလွတ်စေနဲ့၊ အသေသတ်” လို့ပြောပြီး  အသက်၂၉နှစ်အရွယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ပါတယ်။

လက်အောက်ငယ်သားတွေကတော့ Chiba ရဲ့အလိုအရ Kuwata ကို လိုက်လံဖမ်းဆီးခဲ့ပြီး အဖမ်းခံခဲ့ရတဲ့ Kuwata ကတော့ ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်တဲ့။

အဲဒီနောက်ပိုင်း Chiba မိသားစုဟာ နောက်၅နှစ်အကြာမှာတော့ စစ်ရှံးခဲ့ပြီး နယ်မြေသိမ်းယူခံရကာ အိမ်ပါမရှိတော့တဲ့ ဘဝရောက်သွားပါတယ်။

အကယ်၍ Chibaသာအသက်ဆက်ရှင်နေမယ်ဆိုရင် တခြားလမ်းကြောင်းတွေအမျိုးမျိုးရှိကောင်းရှိနိုင်မယ်ထင်ပါတယ်။

 

လေလည်မိလိုက်တဲ့အတွက်. . .

ဒါပေမယ့် အသတ်သေခံရလောက်တဲ့အထိ လူတစ်‌ယောက်ကိုအရှက်ရစေအောင်တော့ မလုပ်သင့်ဘူးဆိုတဲ့ သင်ခန်းစာတော့ ရစေပါတယ်။

စာဖတ်သူတို့လည်း ဒီလိုမျိုးမဖြစ်အောင် အကြီးအကျယ် လေလည်တာကို ဂရုစိုက်ကြပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: