ဂျပန်လူမျိုးတွေ ဘယ်လိုအလုပ်ထွက်လဲ?

၄ လပိုင်း ၁ ရက်နေ့ကနေ စပြီး ဂျပန်နိုင်ငံမှာ နေထိုင်မှုပုံစံအသစ်ကို စတင်ခဲ့ပါတယ်။

တက္ကသိုလ်ကနေဘွဲ့ရတာနဲ့ ကြိုးစားပြီးအလုပ်လုပ်မယ်လို့ဆုံးဖြတ်ပြီး ဘဝသစ်ကိုစတင်ခဲ့ပေမယ့် ချက်ချင်းအနားယူလိုက်တဲ့သူတွေလည်း ရှိပါတယ်။

ကုမ္ပဏီကပဲ မကောင်းလို့လား သူကပဲ မကောင်းလို့လား။

ဒါကိုမသိပေမယ့်လည်း ရက်အနည်းငယ်လောက်နဲ့ အလုပ်ထွက်သွားတဲ့သူတွေလည်းရှိပါတယ်။

ရက်နည်းနည်းလေးနဲ့ ကုမ္ပဏီအလုပ်တွေကို ဘယ်လောက်နားလည်နိုင်မှာလဲနော် ? ?

နောက်ပြီး ဂျပန်လူမျိုးတွေရဲ့ ထူးဆန်းတဲ့ဝန်ဆောင်မှုတစ်ခုရှိပါတယ်။

 

အလုပ်ထွက် အေဂျင်စီ

 

ဆိုတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။

အလုပ်ထွက်ချင်တာကို ကိုယ်တိုင်မပြောရဲတဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

https://taisyokudaikou.com

ယန်း ၂၉၈၀၀ ကျသင့်မှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ဂျပန်လူငယ်တွေအတွက်အဆင်ပြေပါ့မလား။

စကားမစပ် ဒီကုမ္ပဏီရဲ့ ၄ လပိုင်း ၁ ရက်နေ့မှာ ဝင်ရောက်လုပ်ကိုင်တဲ့ဝန်ထမ်းတွေထဲက ပထမဆုံးနေ့မှာ ၂ စောင်၊ ဒုတိယနေ့မှာ ၂ စောင်၊ တတိယနေ့မှာ ၃ စောင်၊ စတုတ္ထနေ့မှာ ၄ စောင် ကိုယ်ရေးအချက်အလက်တွေကို ပေးပို့တဲ့သူတွေရှိပါတယ်။

ရယ်စရာကောင်းတာက ဒီကုမ္ပဏီမှာအလုပ်ဝင်ခဲ့တဲ့ ဝန်ထမ်းသစ်တွေဟာ တခြားကုမ္ပဏီရဲ့ ဝန်ဆောင်မှုကိုသုံးပြီး အလုပ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

စာရေးသူ ၁၈ နှစ်လောက်မှာစတင်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီရဲ့ပထမဦးဆုံးတစ်ပတ်က အလုပ်သင်ဖြစ်ပါတယ်။

၃ ရက်မြောက်လောက်မှာ ဝန်ထမ်းတစ်ယောက်က အလုပ်ထွက်ချင်လို့ မိခင်ဖြစ်သူက အစားပြောပေးဖို့ လာရောက်ခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက ဒီလိုဖြစ်နေတာကြောင့် ခုခေတ်လူငယ်တွေတင် ဒီလိုဖြစ်တာ မဟုတ်ပါဘူး။

ကုမ္ပဏီနဲ့မကိုက်ညီလို့ အလုပ်ထွက်လိုက်တာက ကောင်းတယ်ဆိုပေမယ့် ရက်အနည်းငယ်လောက်နဲ့ ကိုက်ညီလား မကိုက်ညီဘူးလားဆိုတာကို ချက်ချင်းမသိနိုင်တာရယ်၊ ဂျပန်လူငယ်တွေက အလုပ်ထွက်ဖို့ကို ကိုယ်တိုင်မပြောတတ်ကြပါဘူး။

ဒီလိုအလုပ်ထွက်လိုက်တာတဲ့သူတွေက တခြားကုမ္ပဏီကိုသွားတော့ရော သူတို့တွေက တော်လာပါ့မလား လို့ မေးစရာတွေဖြစ်လာပါတယ်။

ဒီထက်နည်းနည်းလောက်ပိုကြိုးစားမယ်ဆိုရင်ကောင်းရဲ့သားနဲ့ လို့တွေးမိပေမယ့်လည်း စာရေးသူကပဲ သက်ကြီးပိုင်းဖြစ်နေလို့လားမသိပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: