1945 ခုနှစ် အိုကီနာဝါကျွန်းရဲ့ စစ်ပွဲတုန်းကဗီဒီယို

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးမှာ ဂျပန်ပြည်မကြီးက အပြင်းအထန်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီလို အပြင်းအထန်တိုက်ခိုက်ခံခဲ့ရတဲ့ထဲမှာ အိုကီနာဝါကျွန်းလည်းပါပါတယ်။

အိုကီနာဝါဆိုတာ ဂျပန်နိုင်ငံထဲမှာပါဝင်ပြီး ရန်သူတွေဝင်ရောက်လာစေခဲ့တဲ့ဒေသဖြစ်တာကြောင့် တခြားဒေသတွေနဲ့ နှိုင်းယှဥ်ရင် အရမ်းကိုပြင်းထန်ခဲ့တဲ့နေရာဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက အိုကီနာဝါရဲ့ဗီဒီယိုကို AI နည်းပညာနဲ့ အရောင်ပြောင်းတာ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်ကို ရှားပါးတဲ့ ၁၉၄၅ ခုနှစ်တုန်းက ဂျပန်နိုင်ငံရဲ့ Video ကို ကြည့်ကြည့်လိုက်ပါဦး။

https://www.youtube.com/watch?time_continue=78&v=NMvrkxy86AI

 

အိုကီနာဝါခရိုင်ကို ပို့ဆောင်ခံခဲ့ရတဲ့ ဂျပန်စစ်သားအယောက် ၁၁၀,၀၀၀ ရှိပါတယ်။

မဟာမိတ်တွေက အယောက် ၅၅၀,၀၀၀ ရှိပါတယ်။

အမေရိကန်လူမျိုးတင် အယောက် ၂ သောင်းကျော်လောက် သေဆုံးနေကြပြီး ဂျပန်လူမျိုးကတော့ အယောက် ၂၀၀,၀၀၀ လောက်သေဆုံးနေခဲ့တာဖြစ်ပါတယ်။

အရပ်သားတွေလည်း တော်တော်များများ သေခဲ့ရပါတယ်။

ဓာတ်ပုံထဲမှာ အမေရိကန်တပ်မတော်က ဖမ်းလိုက်ရတဲ့အချိန်မှာ မျက်လွှာချနေတဲ့ ဂျပန်လူမျိုးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဟိုးအရင်အချိန်ကတည်းက ဂျပန်လူမျိုးတွေဟာ ရိုးသားဖြောင့်မတ်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီအချိန်တုန်းက ဂျပန်နိုင်ငံရဲ့ပညာရေးကတော့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ရဲ့ ဆိုးသွမ်းတဲ့ အခြေအနေဖြစ်ပါတယ်။

ဖမ်းမိရင် ဘာလုပ်ခိုင်းမလဲဆိုတာမသိဘူး လို့လည်းပြောကြပါတယ်။

သုံ့ပန်း အနေနဲ့ဖမ်းထားတာကလည်း တော်တော်လေးကို ကြောက်စရာကောင်းမယ်လို့ထင်ပါတယ်။

ဒီလိုကြောက်စရာကောင်းတာမျိုးကို တစ်ကမ္ဘာလုံးကလူတွေ ဘယ်တော့မှမျှော်လင့်ကြမှာ မဟုတ်ဘူးနော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: