သုံးသပ်ဝေဖန်နိုင်မှုအတွက် ဦးနှောက်လေ့ကျင့်ခန်း !!!!!

သင်ယူလေ့လာပါလို့တိုက်တွန်းခံရတာတောင် တခါတလေတော့ လျှောက်သွားပြီးကစားချင်တယ်။
အရက်သောက်ချင်တာပေါ့…

လို့ပြောပြီး သင်ယူလေ့လာမှုကနေထွက်ပြေးကြတဲ့လူတွေအများအပြားရှိပါလိမ့်မယ်။
သို့သော် ဒါဟာ ဆင်ခြေတစ်ခုသာလျှင်ဖြစ်ပါတယ်။
နှစ်သက်ရာတစ်ခုခုလုပ်နေမယ်ဆိုရင်တောင် သင်ယူလေ့လာမှုကိုလုပ်ဆောင်နိုင်ပါတယ်။
ကျွန်တော် လုပ်နေကြကစားနည်းနဲ့ မိတ်ဆက်ပေးမယ်နော်…

 

https://static.wixstatic.com/media/062408_a982a8831bea4df09e4c09c1b2e8a58a~mv2.jpg

 

ရုပ်ရှင်ကြည့်မယ်ဆိုပါစို့…
ကျွန်တော်ကတော့ ရုပ်ရှင်တော်တော်များများကြည့်ရတာကြိုက်ပါတယ်။
အချစ်ဇာတ်လမ်းတွေကနေ action ကားတွေ၊ serious ဖြစ်တဲ့ကားတွေကြည့်ပါတယ်။
Horror ကားတွေကတော့ ကြောက်ဖို့ကောင်းတဲ့အတွက်၊ အကြံမပြုပေမဲ့….

ရုပ်ရှင်တစ်ခုကြည့်ပြီးတဲ့အခါ
အာ…စိတ်ဝင်စားဖို့ကောင်းလိုက်တာ….
ဒီတစ်ခေါက်ကတော့ ပျင်းဖို့ကောင်းလိုက်တာ…..ဆိုတဲ့ခံစားချက်နဲ့ပဲအဆုံးမသတ်လိုက်ဖို့ကအရေးကြီးပါတယ်။

ငါသာဆို ဒီလိုပုံစံလေးလုပ်လိုက်မှာ၊….
ဒီအခန်းကတော့ အရမ်းမိုက်တဲ့ ကင်မရာရှုထောင့်ပဲ….. အစရှိသဖြင့်
ကျွန်တော်တို့ ကိုယ်ကိုကိုယ်ပြန်ပြီးဆွေးနွေးဖူးကြမှာပါ…

ကိုယ်တိုင်ကတော့ ရုပ်ရှင်မရိုက်ဖူးတဲ့အတွက် ဒီလိုပြောတာကမှန်သလားမှားသလားဆိုတာလည်း မသိနိုင်ပါဘူး။

သို့သော် မိမိကကောင်းတယ်ထင်တဲ့အချက်ကဘာလဲ?
မကောင်းဘူးလို့ထင်တဲ့အချက်ရှိမယ်ဆိုလည်း ဘယ်လိုလုပ်လိုက်ရင်ကောင်းမလဲ…အဲ့ဒီလိုစဥ်းစားတတ်တဲ့အလေ့အကျင့်လေးကို မွေးမြူသင့်ပါတယ်။

ဇာတ်လမ်းတစ်ပုဒ်ကြည့်ပြီး ကောင်းတယ်၊ မကောင်းဘူးလို့ခံစားရတာက အကြောင်းရင်းတစ်ချို့ရှိလို့ပဲဖြစ်ပါတယ်။
အဲ့ဒီအကြောင်းအရင်းကို အခြားဘယ်သူနဲ့မှမဆွေးနွေးဘဲ self Consulting လုပ်ကြည့်ဖို့ကအရေးကြီးပါတယ်။

အရက်သောက်မယ်ဆိုပါစို့……
အပေါင်းအဖော်တွေနဲ့ အရက်သောက်ပြီး ပေါက်ကရစကားတွေပြောမယ်..
ဒါလည်းကောင်းတာပဲနော်……

သို့သော် အရက်သွားသောက်တဲ့ဆိုင်ကို self Consulting လုပ်ကြည့်ရအောင်….
ဥပမာ-ဒီမီနူးမှာသာ နောက်ထပ်တစ်မျိုးလေးထည့်လိုက်ရင် ပိုပြီးကောင်းသွားမှာ? ဒီဘီယာကတော့ ဒီအမြည်းနဲ့မလိုက်ဘူး….

ဒီမှာ ခရမ်းချည်သီးကိုသာထည့်လိုက်ရင် အရောင်လေးလှသွားမှာ…..
ဒီနေရာမှာ ဒီပန်းကန်မသုံးသင့်ဘူး…..

အစရှိသဖြင့် စိတ်ထဲမှာဒီလိုမျိုးလိုက်စဥ်းစားကြည့်ရတာက ပျော်ဖို့ကောင်းပါတယ်။…
တစ်ယောက်တည်းဆိုရင် စကားလက်ဆုံပြောနိုင်မှာမဟုတ်တဲ့အတွက် မိမိရဲ့သူငယ်ချင်း မိတ်ဆွေတွေကိုပါ ဝင်ဆွေးနွေးကြည့်ခိုင်းပါ။
ဒီလိုမျိုးဝေဖန်သုံးသပ်ကြည့်ဖို့ ပိုက်ဆံမပေးရတဲ့အတွက် ကြိုက်သလိုသာပြောပါ….

အပြင်သွားနေရတဲ့အချိန်၊ စာလေ့လာနေရတဲ့အချိန်
ဥပမာ ရထားစီးမယ်ဆိုရင် ရထားထဲမှာကပ်ထားတဲ့ကြော်ငြာတွေ…
စက်ဘီးတို့ ဆိုင်ကယ်တို့စီးမယ်ဆိုရင်လည်း မြို့ထဲမှာထောင်ထားတဲ့ဆိုင်ဘုတ်တွေကို တွေ့ရပါမယ်။

အထူးသဖြင့် ကြည့်ရတာအဆင်ပြေတယ်၊စိတ်ဝင်စားဖို့ကောင်းတဲ့ ဆိုင်းဘုတ်တွေရှိသလို၊ စိတ်ဝင်စားဖို့မကောင်းတဲ့ ဆိုင်းဘုတ်တွေလည်းရှိပါတယ်။
အဲ့ဒီလိုမတူညီမှုတွေကိုလည်း ဝေဖန်သုံးသပ်ပါ…
ဒါလည်းပဲ self-consulting တစ်မျိုးပါပဲ….

ကျွန်တော် စက်ဘီးနဲ့ပဲအလုပ်သွားတယ်၊အလုပ်ကနေပြန်တယ်.. ဒါပေမဲ့သင်္ချာကိုတော့ကောင်းကောင်းတွက်ပါတယ်..
အရှေ့ကစက်ဘီးရဲ့နံပါတ်က prime number ဟုတ်မဟုတ် စဥ်းစားကြည့်တာကလည်း ရိုးရှင်းတဲ့ကစားနည်းတစ်မျိုးပါပဲ။
သင်္ချာတွက်ရတာကြိုက်တဲ့လူတွေအတွက်တော့ ဒီလိုမျိုးလုပ်ကြည့်တာကကောင်းမယ်ထင်ပါတယ်။

Self-consulting
မိမိကရုပ်ရှင်ရိုက်မယ့်သူမှမဟုတ်တာ၊ စားသောက်ဆိုင်ဖွင့်မယ့်သူလည်းမဟုတ်ဘူး ဒါ့ကြောင့်ဒီလိုလိုက်စဥ်းစားဝေဖန်တာက အဓိပ္ပါယ်မရှိဘူး…လို့ထင်ပါသလား?

လုံးဝအဲ့ဒီလိုမဟုတ်ပါဘူး။

တစ်ခုခုကိုကောင်းတယ်လို့ထင်တာ၊ မကောင်းဘူးလို့ထင်တာ..အဲ့ဒါတွေကို ဖောက်ထွင်းပြီးမြင်တတ်တဲ့အလေ့အကျင့်ကလည်း အလုပ်အတွက်ပဲမဟုတ်၊ သင့်ရဲ့နေထိုင်မှုဘဝကိုပါ ပြောင်းလဲပေးပါတယ်။

အမြဲတမ်းဒီလိုလိုက်ပြီး စဥ်းစားသုံးသပ်နေရင်လည်း မငြီးငွေ့ဘူးလား?
ဆိုပြီးတော့လည်း အမေးခံရဖူးပါတယ်။
မငြီးငွေ့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာလည်းကစားနည်းတစ်မျိုးပဲဖြစ်လို့ပါ….

ပိုက်ဆံယူပြီး အဲ့ဒီလို consulting လုပ်ပေးရမယ်ဆိုရင် မဖြစ်မနေလုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့တာဝန်ကလည်းရှိတဲ့အတွက် အလေးအနက်မလုပ်ရင်မရပါဘူး…

သို့သော် အခုပြောပြတဲ့ Self-consulting ကတော့ သွားရင်းလာရင်း မိမိရဲ့စဥ်းစားသုံးသပ်နိုင်မှုကိုလေ့ကျင့်ပေးတာပဲဖြစ်တဲ့အတွက် အလေးအနက်ကြီးလုပ်ပေးရမယ့်တာဝန်ဆိုတာလည်း မရှိပါဘူး။

အစမှာတော့ ငြီးငွေ့နိုင်ပေမဲ့ အလေ့အကျင့်တစ်ခုလိုသာဖြစ်သွားရင် ပျော်ဖို့ကောင်းလာပါတယ်။

ဒါကြောင့် ဒီနေ့ကစပြီး Self-consulting ကိုလုပ်ကြည့်ကြရအောင်……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: