ရည်းစားမရနိုင်တော့မယ့်သူတွေအတွက် အဖော်ပြုပေးမယ့် “ လက်” တက္ကသိုလ်ကျောင်းသားလေးတီထွင်

ချစ်သူနဲ့အတူလက်တွဲပြီး လမ်းလျှောက်မယ်
တွေးကြည့်ရုံနဲ့တင်ပျော်စရာကောင်းတယ်နော် ..
ဒါပေမဲ့ ဒီပုံ.. ဂျပန်မှာယခုအသစ်ထွက်လာပါပြီ။
“ Lover connection” လို့ခေါ်တဲ့ လက်ချောင်းဆက်သွယ်မှုတဲ့…


https://www.gifu-np.co.jp/news/20201118/20201118-21504.html

 

ဒီလိုပျော်ရွှင်မှုကိုခံစားချင်တယ်ဆိုပြီး Gifu တက္ကသိုလ် အင်ဂျင်နီယာဌာနရဲ့ကျောင်းသားလေးတစ်ယောက်ကြိုးစားခဲ့ပါတယ်….
ကဲ.. ကောင်မလေးထားရအောင်

ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်က အင်ဂျင်နီယာဌာနရဲ့ အနည်းငယ်ကွဲပြားနေတဲ့တီထွင်မှုပဲဖြစ်ပါတယ်.
မြို့ထဲထွက်ပြီး မိန်းကလေးတွေကိုစကားလိုက်ပြောဖို့ရော၊ ကျောင်းကမိန်းကလေးတွေနဲ့ လိုက်ပြီးရင်းနှီးအောင်လုပ်ဖို့ပါမလိုဘဲ၊ အခန်းအောင်းပြီး ကောင်မလေးနဲ့အတူရှိနေတဲ့ခံစားချက်မျိုးကိုပေးနိုင်ပါတယ်….
ဒါနဲ့ ထူးဆန်းတာက လက်တစ်ချောင်းပဲပါတယ်တဲ့….

 

https://www.itmedia.co.jp/news/articles/2010/28/news089.html

တစ်ခုခုမှားနေတာများလား…

မိမိတံတောင်ဆစ်မှာတပ်ဆင်ထားတဲ့လက်ကိုချိတ်ထားလိုက်မယ်ဆို ဒီလိုပုံစံဖြစ်နေမှာပါ။…

လက်ကိုပြန်ဆုပ်ကိုင်ပေးပြီး လက်လွဲပေးတယ် !
ဒါတင်မဟုတ်သေးပါဘူး။ ပျော့ပျောင်းပြီးအနည်ငယ်နွေးနေတဲ့ဒီလက်ဟာ တကယ့်အစစ်မိန်းကလေးတစ်ယောက်ရဲ့လက်နဲ့အတူတူပဲခံစားရပါတယ်။
ဒါကတော့ သူကိုနည်းနည်းလေးအားပါပါနဲ့ဆုပ်ကိုင်လိုက်ရင် သူလည်းပြန်ပြီးတုံ့ပြန်တဲ့သဘောမျိုးနဲ့ ဆုပ်ကိုင်ပေးတယ်တဲ့….။

လူသားတွေလက်ချင်းတွဲလိုက်တဲ့အခါ လက်ထဲမှာချွေးအနည်းငယ်ထွက်သလိုပဲ ဒီမှာလည်းထိုနည်း၎င်းပါပဲ…
film heater နဲ့ ဂျယ်လ်ပစ္စည်းကြားမှာ အဝတ်စိုကိုထားပြီး၊ heater နဲ့အပူပေးလိုက်တဲ့အခါ တစ်ဖြည်းဖြည်းချွေးထွက်လာတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။

smartphone ရဲ့ အရှိန်မြှင့်အာရုံခံကိရိယာက လမ်းလျှောက်ချိန်အသက်ရှူခြင်းနဲ့ အင်္ကျီလှုပ်ယမ်းနေတဲ့အသံကိုတွက်ချက်ပြီး အကောင်းဆုံးအမြန်နှုန်းနဲ့လှုပ်ရှားပေးပါတယ်။
နောက်ပြီး လမ်းလျှောက်မြန်သွားမယ်ဆို သူကပြန်ပြီးဆွဲထားပေးတယ်တဲ့….။

နည်းနည်းမြန်သွားပြီ… ဖြည်းဖြည်းလျှောက်ရအောင်လား?

ဒီအသံမျိုးစိတ်ထဲကနေတောင် ကြားနေရသယောင်ယောင်ရှိပါလိမ့်မယ်..
သတိမထားမိရင် တကယ့်ချစ်သူမိန်းကလေးနဲ့လက်တွဲပြီး လမ်းလျှောက်နေတယ်လို့ပဲခံစားမိမှာပါ။
ရယ်လည်းမရယ်ပါနဲ့ ကြောက်လည်းမကြောက်လိုက်ပါနဲ့..ဒါဟာတကယ်ထူးဆန်းတဲ့တီထွင်မှုပါပဲ။

 

 

ကိုရိုနာကြောင့် အိမ်မှာနေရတာပိုများလာတဲ့ မျက်မှောက်ခေတ်လူသားတွေ…
ကိုယ်လက်အားကစားလှုပ်ရှားမှုလည်းမလုံလောက်တော့ဘူးလို့တွေးမိရင်တော့ ဒီလက်ကိုကိုင်ထားမယ်ဆိုရင်ရော?
လူစုလူဝေးလည်းမဖြစ်တော့တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးမှုအတွက်လည်း ကွက်တိပါပဲ။
နောက်ပြီး လူတွေကိုကရုစိုက်စရာလည်းမလိုတော့လို့ အကောင်းဆုံးပါပဲ။

အံ့မခန်းနည်းပညာပဲလို့ ကျွန်တော်ကတော့တွေးမိတယ်။
ဒါပေမဲ့ တက္ကသိုလ်ကျောင်းသားတွေကပဲစုပြီး လေးနက်စွာစမ်းသပ်မှုတွေလုပ်နေတဲ့ပုံရိပ်ကိုမြင်ယောင်ကြည့်တဲ့အခါ တကယ်ပီတိဖြစ်ရပါတယ်။
အာရုံခံညှိနှိုင်းမှုအတွက် ‌ယောက်ျားလေးအချင်းချင်းလက်တွဲပြီး လမ်းလျှောက်ကြည့်ခဲ့တာများလား?

ကံကောင်းပါစေ တက္ကသိုလ်ကျောင်းသားတို့ရေ….
ကြိုးစားပြီး တကယ့်မိန်းကလေးအစစ်ကို တီထွင်လိုက်ပါ…
အနာဂတ်မျိုးဆက်သစ်ဖြစ်တဲ့ လူငယ်တို့ရဲ့အင်အားကို ကြိုဆိုပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: