ရေနံကိုပဲစုပ်ယူတဲ့ ဂျပန်ထုတ်ပစ္စည်း မော်ရေးရှပ်စ်သို့ ပို့ဆောင်မည် !!!!

ဂျပန်ရဲ့ကုန်တင်သင်္ဘောဟာ အိန္ဒိယသမုဒ္ဒရာရှိကျွန်းနိုင်ငံဖြစ်တဲ့ မော်ရေးရှပ်စ်ကမ်းရိုးတန်းမှာ သောင်တင်ခဲ့ပြီး ရေနံတွေအမြောက်အများ
ယိုဖိတ်ကုန်တဲ့ပြဿနာကြောင့် ဆီကိုသာလျှင်စုပ်ယူတဲ့ဂုဏ်သတ္တိရှိ အထူးပြုလုပ်ထားတဲ့ ပစ္စည်းကို ဂျပန်ရဲ့ ထုတ်ကုန်လုပ်ငန်းကနေ
မတော်တဆမှုဖြစ်ပွားတဲ့နေရာသို့ ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

 

https://stat.ameba.jp/user_images/20200819/01/gekifutoriyagineko/14/e3/j/o1920108014806332925.jpg?caw=800

 

Tokyo မြို့၊ Ota ရပ်ကွက်ရှိ အထည်အလိပ်ထုတ်လုပ်တဲ့ကုမ္ပဏီ エム・テックス M-TEchX ဟာ – ဆီကိုသာလျှင်စုပ်ယူနိုင်တဲ့
ထူးခြားတဲ့အဝတ်ထုတ်လုပ်မှုမှာ မူပိုင်ခွင့်ရှိထားပြီး ဒီချည်ထည်ကိုအသုံးပြုထားတဲ့ စုပ်ယူမှုသုံးပစ္စည်းတွေကိုထုတ်လုပ်လျှက်ရှိပါတယ်။
၂၀၁၉ ခုနှစ်၊ ၈ လပိုင်း Saga စီရင်စု မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် စီရင်စုရှိ Omachi မြို့ရဲ့ သံရည်ကြိုစက်ရုံကနေ
ဆီအညစ်အကြေးတွေယိုဖိတ်ကုန်တဲ့ မတော်တဆမှုဖြစ်သွားခဲ့ပါတယ်။

 

https://www3.nhk.or.jp/news/html/20200818/K10012572701_2008182008_2008182013_01_03.jpg

 

အဲ့ဒီမတော်တဆမှုမှာလည်း ပြန်လည်သန့်စင်ထူထောင်ရေးမှာ ဒီဆီစုပ်အဝတ်ကိုအသုံးပြုခဲ့ကြပြီး
ဒီတစ်ကြိမ်တော့ ရေနံပေါင်း 1200 liters ကိုစုပ်နိုင်တဲ့ပမာဏကို ကယ်ဆယ်ရေးပစ္စည်းအနေနဲ့ ပို့မယ်လို့ သိရပါတယ်။

၁၉ ရက်နေ့က မတော်တဆမှုဖြစ်ပွားတဲ့နေရာသို့ ဂျပန်အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအထူးကျွမ်းကျင်အဖွဲ့ရဲ့ ဒုတိယအသုတ်ကို
ထပ်မံစေလွှတ်ခဲ့ပါတယ်။

 

https://www3.nhk.or.jp/news/html/20200818/k10012572701000.html?utm_int=all_side_ranking-social_001

 

エム・テックス M-TEchX ရဲ့ ဒါရိုက်တာ Tomo Takenoshita က – မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက် တစ်ခုခုလုပ်ပေးနိုင်တာများရှိမလားလို့
စဥ်းစားမိပါတယ်။ သဘာဝအလှတွေရှိတဲ့ပတ်ဝန်းကျင်မှာ ရေနံညစ်ညမ်းမှုတွေဖြစ်သွားပြီး၊ ထိုနေရာမှာဒုက္ခတွေရောက်ကုန်ကြပါတယ်။
ဂျပန်ထုတ်နည်းပညာနဲ့ အသုံးတည့်သွားစေချင်ပါတယ်။ လို့ပြောကြားခဲ့ပါတယ်…

ဒီအကြောင်းကိုတော့ ဂျပန် NHK သတင်းဌာနက ယခုလ ၁၈ ရက်နေ့က ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: