အနာဂတ်မှာ လူအစား စက်ရုပ်တွေကနေရာဝင်ယူတော့မှာလား?

 

ကုမ္ပဏီရဲ့ခေါင်းစီးမျက်နှာဖုံးမှာအသုံးပြုခြင်းခံရတဲ့ အိုင်ဒေါတွေနဲ့၊ အနုပညာရှင်တွေမှာ အရှုပ်အရှင်းရှိလာပြီဆိုတာနဲ့ လုပ်ငန်းမှာပြဿနာတွေတက်လာကြပါတယ်။

ကုမ္ပဏီပုံရိပ်ကိုကျဆင်းစေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မြန်ဆန်ဆန်ပဲဖြုတ်ချလိုက်ပြီး လျော်ကြေးပြန်တောင်းတဲ့ကိစ္စတွေအထိ…

သို့သော် ဒီမိန်းကလေးတွေမှာတော့ အရှုပ်အရှင်းလုံးဝမရှိပါဘူးတဲ့… ဘာကြောင့်လဲ

အကျင့်စာရိတ္တပျက်ပြားခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အခွန်ရှောင်တိမ်းခြင်း၊
အမျိုးမျိုးသောအနုပညာရှင်တွေက ဒီလိုအရှုပ်အရှင်းတွေထဲကတစ်ခုခုမှာငြိစွန်းတတ်ပြီး၊ နေ့စဥ်ထုတ်လွှင့်တဲ့တီဗွီဖန်သားပြင်ပေါ်မှာ ကြေငြာခြင်းခံရပါတယ်။

လူတန်းစားအဆင့်အတန်းကြောင့်များလားလို့ပြောရင်၊ အိုင်ဒေါတို့အနုပညာရှင်တို့ဆိုတာလည်း လူသားတွေပဲဖြစ်တဲ့အတွက် 100% ဖြောင့်မတ်မှန်ကန်သူတွေရှားပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်ကလည်းဒါကိုလျစ်လျူရှုမထားကြဘဲ ဝေဖန်စောင့်ကြည့်နေတတ်ကြပါသေးတယ်။

အရှုပ်အရှင်းတွေဖြစ်လာပြီဆို ကုမ္ပဏီရဲ့ပုံရိပ်အနေနဲ့အသုံးပြုထားတဲ့အခြေအနေကနေ ချက်ချင်းဖြုတ်ချခြင်းခံရပြီး၊ လျော်ကြေးအတွက်တာဝန်ယူဖို့လည်းပြောလာကြပါတော့မယ်.
CM မှာရော၊ ပိုစတာမှာရော၊ လက်ကမ်းစာစောင်တွေမှာပါ အကုန်ပြန်ပြင်လိုက်ပါတယ်။

ဒါဆို လူတွေကိုမသုံးတော့နဲ့ပေါ့လို့ ဆိုပြန်တော့လည်း အဲ့ဒီလိုမဟုတ်သေးပြန်ပါဘူး။
သို့သော် ဒီမိန်းကလေးတွေကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။


 https://www.youtube.com/watch?v=7ceWAjMYMLM

ဒီမိန်းကလေးတွေကတော့ လုံးဝအရှုပ်အရှင်းကင်းပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ ဒီမိန်းကလေးတွေကတကယ်မရှိလို့ပါ။
သူတို့ကိုအရှုပ်အရှင်းတွေလုပ်ချင်တယ်ဆိုလို့တောင် မရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်မယ်လို့တောင် စိတ်ကူးမိမယ်မထင်ပါဘူး။

နာမည်ကြီးအနုပညာရှင်တွေနဲ့အိုင်ဒေါတွေရဲ့ မျက်နှာသွင်ပြင်ကိုပုံစံတူလိုက်လုပ်ထားတာမဟုတ်ဘဲ၊ သီးသန့်ဖြစ်တည်မှုတစ်ခုချင်းစီအဖြစ် ဖန်တီးထားပုံရပါတယ်။
လက်တွေ့မှာလည်း ဒီ model တွေကိုအသုံးပြုနေကြပြီဖြစ်သလို၊ ဒီလိုနည်းနဲ့လည်း ဓါတ်ပုံတွေရိုက်ကူးပါတယ်။

၁။ ပို့စ်ကိုသတ်မှတ်ထားမယ်။
၂။ သက်ရှိလူသားတစ်ယောက်ကဲ့သို့ ပို့စ်ပေးပြီးဓါတ်ပုံရိုက်မယ်။
၃။ AI နည်းပညာနဲ့ virtual model တွေကို ပုံစံတူပို့စ်တွေပေးမယ်။

ဓါတ်ပုံတစ်ပုံကို 20,900 ယန်းကနေ 33,000ယန်း ကျပါတယ်။
နာမည်ကြီးတဲ့လူတွေကိုအသုံးပြုတာထက်စာရင် ဈေးသက်သာပါတယ်။
လက်ရှိမှာတော့ AI နဲ့ဖန်တီးထားတဲ့ Idol ဆိုပြီးလည်းနာမည်ကြီးလာပါတယ်။

 

နောက်ပြီး အကုန်အကျသက်သာဖို့အနေနဲ့၊ လူသားအစစ်ရဲ့ဓါတ်ပုံပါမျက်နှာတစ်ခုတည်းကိုပဲ AI သုံး model တွေမှာလိုက်ပြီးတုပဖို့ အကောင်အထည်ဖော်လာကြပါတယ်။
ဒါဆိုရင်တော့ 10,000 ယန်း ပဲဖြစ်ပါတယ်။

အခြေခံလိုက်နာရမယ့်စည်းကမ်းတွေကတော့ လူမှုရေးချိုးဖောက်ခြင်း၊ လိင်နဲ့ပတ်သက်တဲ့ကြော်ငြာတွေမှာအသုံးပြုခြင်း စတာတွေကို တားမြစ်ထားပါတယ်။

Virtual person ဖြစ်တာကြောင့် ဘယ်နေရာပဲဖြစ်ဖြစ်သန့်ရှင်းရေးလုပ်ပေးနိုင်ပေမဲ့၊ တကယ့်သက်ရှိလူတစ်ယောက်ကဲ့သို့ခံစားနေရတာက တော်တော်လေးသဘာဝကျတယ်နော်…

AI နဲ့ robot တွေကိုအစားထိုးအသုံးပြုလာတာကြောင့် အလုပ်တွေလည်းရှားပါးကုန်မယ်လို့ပြောကြပေမဲ့၊ နည်းပညာဟာ ဒီလိုမြန်မြန်ကြီးတိုးတက်လာပြီးအကောင်အထည်ပေါ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ပါဘူး။

လူသားဖြစ်လျက် လုပ်နိုင်တဲ့အရာကိုမလုပ်ဘူးဆိုရင်တော့၊ အနာဂတ်အတွက် ပိုပြီးအန္တရာယ်ရှိလာနိုင်တယ်လို့ထင်မိပါတယ်……..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: