ကိုရိုနာကာကွယ်‌ရေးအတွက် ဥာဏ်ကြီးရှင်တစ်ဦးတီထွင်လိုက်တဲ့ mask ?

mask မတပ်ဘဲအပြင်သွားမယ်ဆိုရင် ကိုရိုနာကိုကြောက်ရသလို၊ တခြားအရာတွေထက် ပတ်ဝန်းကျင်ရဲ့မျက်လုံးတွေကတော့ ပိုပြီးကြောက်စရာကောင်းနေပါတယ်။
ဂျပန်တစ်နိုင်ငံတည်းပဲမဟုတ်၊ အခြားသောနိုင်ငံများစွာလည်း အခြေအနေတူတွေပဲဖြစ်မယ်လို့ ထင်ပါတယ်။

သို့သော် mask ဟာပူလာပြီး၊ မျက်မှန်တွေကလည်း အငွေ့ရိုက်လာတယ်။
မျက်ကပ်မှန်တပ်ထားတဲ့လူအတွက်တော့ mask ထဲကနေအသက်ရှူထုတ်လိုက်တဲ့လေတွေကအပေါ်ကိုပြန်တက်ပြီး မျက်လုံးခြောက်စေတယ်လို့ပြောလာကြပါတယ်။
ဒါတင်မဟုတ်သေးပါဘူး၊ ပြဿနာကြီးတစ်ခုလည်းရှိသေးတယ်လို့ပြောပါတယ်။

mask ဟာအသက်ရှူခြင်းကိုကန့်သတ်လိုက်တာကြောင့်၊ အချိန်အကြာကြီး mask ထပ်ထားမယ်ဆို ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုနှေးကွေးသွားစေပြီး၊ အဆုတ်ကိုထိခိုက်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
အမျိုးသမီးတွေအတွက်က အသားအရေကိုကြမ်းတမ်းသွားစေတဲ့ပြဿနာလည်းရှိနေပြန်ပါတယ်။

အဲ့ဒီလို mask ပြဿနာကိုပြောင်းလဲစေခဲ့တဲ့ ဥာဏ်ကြီးရှင်တီထွင်သူတစ်ဦးထွက်ပေါ်လာပါတယ်။
သူကတော့ Dr. Nakamatsu
တီထွင်မှုပေါင်း ၃၀၀၀ ကျော်၊ မူပိုင်ခွင့် ၂၀၀ နီးပါးပိုင်ဆိုင်ထားတဲ့ ဒီပါရမီရှင်တီထွင်လိုက်တဲ့ mask ကတော့ ဒီမှာပါ…

ပလတ်စတစ်အပြားကိုလိပ်ပြီး နှာခေါင်းမှာကပ်ထားတာပဲလား?
စကားမစပ်ဒီပုဂ္ဂိုလ်ကတော့ သတင်းတွေထွက်နေတဲ့ ဆရာဝန် Nakamatsu ပဲဖြစ်ပါတယ်။
အသက် ၉၃ နှစ်ရှိနေပြီဖြစ်ပေမဲ့ ဒေါင်‌ဒေါင်မီကျန်းမာရေးကောင်းသူတစ်ဦးဖြစ်ပါတယ်။

ကျွန်တော်တို့တွေ့နေရတဲ့ mask နဲ့ဘာများကွာခြားလို့လဲ ကြည့်ကြရအောင် …

၁။ မပူခြင်း
ဒါကကျေးဇူးတင်စရာပဲ၊ အောက်ဘက်မှာလုံးဝအပွင့်ဖြစ်နေတဲ့အတွက် အပူကိန်းအောင်းဖို့ခက်ခဲပါတယ်။
နွေရာသီဆို အကောင်းဆုံးပဲနော် …

၂။ အသက်ရှူရလွယ်ကူခြင်း
ပိတ်စတစ်ခုနဲ့ အသက်ရှူလမ်းကြောင်းကိုပိတ်လိုက်တဲ့သမားရိုးကျပုံစံနဲ့ကွာခြားတာက အဓိကအချက်ပါ။

၃။ တစ်ခြားသူရဲ့ ဗိုင်းရပ်စ်ဝင်မလာနိုင်ခြင်း
ပိတ်စတွေမှာ လေဝင်လေထွက်လုပ်လို့ရတဲ့သေးငယ်တဲ့အပေါက်လေးတွေရှိပါတယ်။
ထိုလွတ်နေတဲ့နေရာတွေကနေ ဗိုင်းရပ်စ်ဝင်လာနိုင်ပါတယ်။
သို့သော် ဒါကကွန်ယက်ပုံစံမဟုတ်တဲ့အတွက် ဗိုင်းရပ်စ်ဝင်လို့မရတော့ပါဘူး။

၄။ တစ်ခြားသူကိုလည်းမကူးစက်စေတော့ဘူး။
ဝင်မလာနိုင်တာနဲ့အတူတူပဲ၊ ထွက်မသွားနိုင်ပါဘူး။

၅။ mask တပ်ရင်းနဲ့ အစားစားနိုင်
အောက်ခြေမှာ ပွင့်နေတာကြောင့် သေချာပေါက်အစားအသောက်လည်းစားနိုင်ပါတယ်။
စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်မှာဆို ကွက်တိပဲနော်…

၆။ မျက်မှန်မှာအငွေ့မရိုက်တော့ခြင်း
ရှူထုတ်လိုက်တဲ့လေတွေဟာ ‌အောက်ဘက်ကနေထွက်သွားတဲ့အတွက် မျက်မှန်မှာအငွေ့မရိုက်တော့ပါဘူး။
မျက်ကပ်မှန်တပ်ထားသူတွေအတွက်လည်း ပြဿနာမရှိတော့ပါဘူး။

၇။ ဦးခေါင်းရဲ့လုပ်ဆောင်မှုများကောင်းလာခြင်း
အသက်ရှူမှုကိုကန့်သတ်ထားတာနဲ့လိုက်ပြီး၊ နားရွက်မှာချိတ်ထားတဲ့ သရေကြိုးဟာဦးခေါင်းရဲ့ လုပ်ဆောင်ချက်ကိုနှေးစေတယ်လို့ သိရပါတယ်။
ဒီလို mask ဆိုရင်တော့ နားရွက်မှာချိတ်ထားစရာမလိုတော့ဘူးနော်

၈။ အာခံတွင်းအနံ့အသက်မရတော့ခြင်း
mask ကိုအချိန်အကြာကြီးတပ်ထားမယ်ဆို mask အတွင်းပိုင်းမှာ စိုထိုင်းမှုနဲ့အပူချိန်မြင့်တက်လာပြီး၊ အာခံတွင်းအနံ့အသက်ဆိုးကိုဖြစ်ပေါ်စေပါတယ်။
ဒီ mask ဟာ ရှူထုတ်လိုက်တဲ့လေကိုရော၊ အပူကိုပါ ကိန်းအောင်းမနေစေတဲ့အတွက် ပြဿနာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

၉။ မျက်နှာကြွက်သားတွန်းမှုမှကာကွယ်ပေးခြင်း
mask တပ်မှုများတဲ့အခါ ပါးရိုးကြွက်သားတွန့်လွယ်ပြီး၊ ဒါဟာမျက်နှာအရေးအကြောင်းဖြစ်မှုနဲ့ဆက်နွယ်နေပါတယ်။
မျက်နှာအရေးအကြောင်းတွေဖြစ်လာရင်တော့ မြန်မြန်ဆန်ဆန်ပဲ လူဟာအိုစာတဲ့ပုံပေါက်သွားမယ်ထင်တယ်နော်….

၁၀။ နေလောင်မှုကာကွယ်ခြင်း
ကုန်ကြမ်းကတော့ SPF90+ ဖြစ်ပါတယ်။

၁၁။ အပေါ့ပါးဆုံးဖြစ်ခြင်း
အလေးချိန်က 1.3g ပဲရှိပါတယ်။
ပုံမှန် mask တစ်ခုရဲ့ ၃ ပုံ ၁ ပုံလောပဲလေးပါတယ်။
အထူမှာလည်း 0.05mm ပဲရှိတယ်တော့ အတော်လေးသေးမယ့်ပုံပါ….

၁၂။ ပိုးသတ်ထားခြင်း
ပိုးသတ်ထားတဲ့ပစ္စည်းကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။

mask တွေကိုအထပ်ထပ်ဝတ်နေပေမဲ့ ကိုရိုနာကိုအပြည့်အဝမကာကွယ်နိုင်ပါဘူး…
ဥာဏ်ကြီးရှင်ကတော့ ဒီ mask ကိုဝတ်ဆင်ဖို့ပြောနေပေမဲ့၊ တကယ်ရောအသုံးပြုသူတွေရှိပါ့မလား?
ဒီအပြင် ဘယ်လောက်အထိအသက်ရောက်မှုရှိမလဲ? ဆိုတာက စိတ်ဝင်စားစရာပါပဲ…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: