ပိုးဟပ်မုန်းသူတို့အတွက် ကယ်တင်ရှင် !! (ဂျပန်လူမျိုးများ ပိုးဟပ်အရမ်းကြောက်ကြသည်။)

ဂျပန်ရဲ့ ပိုးဟပ်ကပြောင်းလဲနေတယ်။
လို့ကျွန်တော်ထင်တယ်။ အမျိုးအစားကွဲပြားကြပေမဲ့၊ အရှေ့တောင်အာရှမှာမြင်ရတဲ့ ပိုးဟပ်တွေနဲ့လှုပ်ရှားမှု လုံးဝကွဲပြားခြားနားတာကတော့ အသေအချာပါပဲ။ အဲဒါဘာဖြစ်လို့လဲ?

ဂျပန်လူမျိုးတွေဟာ ပိုးဟပ်များကိုလုံးဝမုန်းကြပါတယ်။ ကြောက်တာပေါ့နော်။
၎င်းကိုအမြဲတမ်းမောင်းနှင်နိုင်ရန်အတွက် သူ့ကိုကိုင်တွယ်နိုင်ရန် ပုံစံအမျိုးမျိုး ပြောင်းလဲနေတယ်လို့ ထင်ပါတယ်။
ပိုးဟပ်က အတော်လေးမြန်မြန်ဆန်ဆန်ပြေးနိုင်တယ်။နောက်ပြီး နည်းနည်းပျံတတ်တယ်။

အင်းဆက်တွေကိုလည်းမုန်းတဲ့သူများပါတယ်။ သူတို့တွေထွက်လာတဲ့အခါ အရမ်းထိတ်လန့်တုန်လှုပ်မိကြတယ်။ ဒါကြောင့်ဂျပန်မှာ ပိုးဟပ်သုတ်သင်ရေးပစ္စည်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တစ်ခုကိုမေ့နေပါတယ်။
ပိုးဟပ်အသေကောင်ကိုဖယ်ရှားရေး။
အင်းဆက်များကိုမုန်းသောသူအတွက်တော့ အင်းဆက်သေသွားချိန်မှာလည်း သူတို့နားကိုမချဉ်းကပ်ချင်ကြပါဘူး။

ကောင်းပြီ ဒီဆိုဖုန်စုပ်စက်နဲ့စုပ်ပြီးယူလိုက်ရင် အဆင်ပြေသွားပြီလို့ထင်နေသူတွေ ခန့်မှန်းချေလူပေါင်း 10000 ကျော်လောက် ရှိခဲ့မယ်ထင်ပါတယ်။
အဲ့ဒီထဲက မိသားစုတစ်စုမှာကပ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဖုန်စုပ်စက်နဲ့စုပ်ခဲ့တဲ့ပိုးဟပ်မှာ ဥတွေရှိနေပါတယ်။ ဖုန်စုပ်စက်ထဲမှာအကောင်တွေပေါက်နေပြီး ဒုက္ခအကြီးအကျယ်ရောက်သွားရပါတယ်။
အဲဒီလိုဆိုရင်၊ ဖုန်စုပ်စက်နဲ့စုပ်ယူဖို့မဖြစ်နိုင်တော့ပါဘူး။
ဒီနေရာမှာ ဒီလိုပုဂ္ဂိုလ်တွေအတွက် ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။

https://tabi-labo.com/298393/wt-gikiburi-suppon

 

အဲဒါက‌တော့ Gokisu-Pon အမည်ရှိပစ္စည်းဖြစ်ပါတယ်။

ဤစာရွက်ထိပ်ရှိပစ္စည်းကိရိယာများကိုဖုန်စုပ်စက်သို့ကပ်ပါ။
ထို့နောက်ဖုန်စုပ်စက်နှင့်စုပ်ပါ။

နောက်ဆုံးအဖုံးဖြစ်အနေနဲ့ အဖြူရောင်ဘောလုံးလေးကို ထည့်ကာဖုန်စုပ်စက်ဖြင့်စုပ်လိုက်ပါ။
ပြီးရင်တော့ အဲဒီစက္ကူအပိုင်းကိုအမှိုက်ပုံးထဲထည့်လိုက်ရုံပါပဲ။
အသက်ရှင်နေရင်တောင်မထွက်နိုင်တော့ပါဘူး။
တီထွင်မှုအားဖြင့်အရာရာတိုင်းကိုဖြေရှင်းပေးနိုင်သောပြောင်းလဲနေတဲ့ JAPAN ရဲ့ စိတ်ဓါတ်ဟာ ဒီလိုအသေးအမွှားကိစ္စတွေမှာလည်း ပေါ်ပေါက်လာတာပဲနော်….
ပိုးဟပ်ကြောက်တဲ့သူတွေအတွက် အတော်လေးအဆင်ပြေသွားပါပြီ။

အရှေ့တောင်အာရှမှာတော့ ပိုးဟပ်ကိုအဲဒီလောက် မကြောက်ကြပေမယ့် အကယ်၍သင်က အင်းဆက်မုန်းသူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဒီပစ္စည်းကိုဆောင်ထားဖို့အကြံပြုပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: