(ညဏ်စမ်းပဟေဠိ) ဘယ်ဓာတ်ပုံကအစစ်ဖြစ်မလဲ။

အခုတလော ဂိမ်းတွေက ရုပ်ထွက်ကောင်းလွန်းလို့ တကယ့်အစစ်ကို မြင်နေရသလိုပါဘဲ။

အောက်က ပုံ ၄ ပုံထဲက ၁ ပုံက တကယ့်ဓာတ်ပုံအစစ်ဖြစ်ပြီး ကျန်တာကတော့ CG နဲ့ လုပ်ထားတာဖြစ်ပါတယ်။
ဘယ်ဟာက တကယ့်ပုံ အစစ်လဲဆိုတာ သိပါသလား။

အခုတလော ဂိမ်းတွေက ဂိမ်းစက်ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာမှုနှင့်အတူ လှပသေသပ်တဲ့ရုပ်ပုံတွေကို တဟုန်ထိုးဖန်တီးပေးနေပါပြီ။
အဲဒီထဲကမှ လှပသေသပ်တဲ့ရုပ်ထွက်တွေကြောင့် နာမည်ကြီးနေတဲ့ Gran Turismo လို့ ခေါ်တဲ့ နောက်ဆုံးပေါ်ကားပြိုင်ပွဲ ဂိမ်းလေးကတော့ အံ့မခန်းပါပဲ။

ဒါဆိုရင် ပဟေဠိလေး လာပါပြီ။

ဒီပုံ ၄ ပုံထဲမှာ ၁ ပုံကပဲ ဓာတ်ပုံအစစ်ဖြစ်ပါတယ်။ အဲဒါက ဘယ်ဟာပါလိမ့်နော်။

အဖြေကို သိပါသလား။
အားလုံးက တကယ့်ဓာတ်ပုံတွေလို့ ထင်ရပေမယ့် တကယ့်အစစ်ကတော့↓↓↓

နံပါတ် ၂ ပုံ ဖြစ်ပါတယ်။
အဲဒါတစ်ခုကပဲ တကယ့်ဓာတ်ပုံဖြစ်ပြီး ကျန်တဲ့ 3 ခုကတော့ ဂိမ်းထဲက မြင်ကွင်းတွေပါ။
ဘာတွေကွာလဲဆိုတာ ခွဲခြားလို့တောင် မရနိုင်ဘူးနော်။

ဒီထက်ပိုပြီး စိတ်လှုပ်ရှားခံစားချင်တယ်ဆိုရင်တော့ Play Station 4 ကို ဝယ်ယူပြီး ဂိိ်မ်းလေးကို ပျော်ရွှင်စွာ ကစားကြည့်လိုက်ပါနော်။

ကိုးကားချက်  http://ch.nicovideo.jp/wolf1/blomaga/ar1348181

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: