လူတွေမှာ အမြီးရှိသင့်လား ?

လူသားမျိုးနွယ်တွေက မျောက်တွေကနေ အဆင့်ဆင့်ပြောင်းလဲရင်းနဲ့ အမျိုးမျိုးသောအရာတွေကို ပြောင်းလဲလုပ်ကိုင်ခဲ့ပြီး အချို့သောအရာတွေလည်း ပြောင်းလဲပျောက်ကွယ်လာခဲ့ပါတယ်။

http://omosiro.xyz/ufo-uma/人類の進化-謎の真相は/

အဲ့ဒီထဲမှာ ကိုယ်စားပြုရမယ့်အရာဆိုရင် အမြီးဖြစ်ပါတယ်။

ခွေးလေးတွေကြောင်လေးတွေမှာ ချစ်စရာကောင်းတဲ့ အမြီးတွေပါပေမယ့် လူသားတွေမှာတော့ မရှိပါဘူး။

အပင်ပေါ်မှာ နေထိုင်ခဲ့ရတဲ့ခေတ်တုန်းက အမြီးတွေရှိခဲ့ပေမယ့် မြေပေါ်ဆင်းပြီးလျှောက်သွားတဲ့အခါမှ မရှိတော့တာဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါကိုသိကြတဲ့သူတွေလည်းများမယ်ထင်ပေမယ့် မမွေးဖွားခင် သန္ဓေသားမှာ အမြီးပါပါတယ်။ ဒါကိုမမွေးခင် လူသားတွေရဲ့ပုံစံဖြစ်ဖို့ အဆင်သင့်ဖြစ်တဲ့ဖြစ်စဥ်မှာ မရှိတော့တာဖြစ်ပါတယ်။

တကယ်တော့ မလိုအပ်တဲ့အရာမဟုတ်ဘူးလား ? တကယ်တော့ အမြီးတွေတပ်ထားမယ်ဆိုရင် တခြားပြောင်းလဲမှုတွေရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကို ခန္ဓာကိုယ်ကအာရုံခံစားနိုင်တာဟာ ဒီလိုပါ။

https://nazology.net/archives/43151

Cosplay ရဲ့ချစ်စရာကောင်းတဲ့ ကြောင်မြီးလေးကို မြင်ယောင်ကြည့်လိုက်တဲ့အခါ မတူညီတာတွေ ထွက်ပေါ်လာတယ်လို့ တွေးကောင်းတွေးမိကြလိမ့်မယ်လို့ထင်ပေမယ့် ဒါက တော်တော်လေးလေးနက်နက်နဲ့ သုံးခဲ့တဲ့အရာဖြစ်ပါတယ်။

Wearable device လို့ခေါ်တဲ့အမျိုးအစားနဲ့  လေးလံတဲ့ပစ္စည်းတွေကို သယ်ဆောင်တဲ့အခါမှာ ကောက်ယူခြင်း Power assist Suits နဲ့တူတဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒါက ဘယ်လိုအသုံးဝင်လဲလို့ပြောရရင် အလေးချိန်ညီမျှခြင်းဖြစ်ပါတယ်။

လူသားတွေရဲ့ ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ရတာက တကယ်တော့ တော်တော်လေးကို မတည်ငြိမ်တဲ့အရာဖြစ်ပါတယ်။

စက်ရုပ်တွေက ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တဲ့အခါမှာ ခက်ခဲတယ်ဆိုတာကို သိကြတဲ့သူတွေများမယ်ထင်ပြီး ဒါက မတည်ငြိမ်လို့ပဲဖြစ်ပါတယ်။

ဒီအမြီးကတော့ ဟန်ချက်ညီအောင်ထိန်းချုပ်ပေးပြီး ကိုယ်တိုင်လှုပ်ရှားစေနိုင်ပါတယ်။

အဲ့ဒါကြောင့် ခန္ဓာကိုယ်ကတည်ငြိမ်နေပြီး လှဲကျမယ့်အန္တရာယ်ကို လျှော့ချနိုင်ရုံတင်မဟုတ်ဘဲ လေးလံတဲ့ပစ္စည်းတွေကို သယ်ဆောင်တဲ့အချိန်မှာလည်း ဟန်ချက်ကိုထိန်းဖို့ လွယ်သွားပါတယ်။

သက်ကြီးရွယ်အိုတွေ လှဲမကျစေဖို့အတွက် အကူအညီယူပြီးလမ်းလျှောက်နေရတာကို မကြာခဏတွေ့နေရပေမယ့် ခုကနေစပြီး အမြီးနဲ့လမ်းလျှောက်နေတဲ့ သက်ကြီးရွယ်အိုတွေ ပိုများကောင်းများလာနိုင်ပါတယ်။

အလိုအလျောက်ထိန်းချုပ်တဲ့ပုံစံကို ကြည့်လိုက်ပါဦး။

https://nazology.net/archives/43151

ဟန်ချက်ကောင်းတယ်ဆိုတာက ပိုပြီးတော့လှုပ်ရှားနိုင်လာတာကို ဆိုလိုပါတယ်။

အနာဂတ်ရဲ့ အားကစားသမားတွေအားလုံးကရော အမြီးတပ်ပြီး အားကစားလုပ်မလားမသိဘူးနော် ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: