ဂျပန်မှာရှိတဲ့ ထူးထူးဆန်းဆန်း မိန်းမရင်သားမြို့ !!!

မိန်းမရင်သားမြို့လို့ပြောလိုက်တဲ့အခါ စာဖတ်သူတို့အားလုံး ဘာကိုတန်းပြီးမြင်မိပါသလဲ?
လိင်ပိုင်းဆိုင်ရာ ဆိုင်ပေါင်းများစွာရှိတဲ့မြို့လား??
အဲ့ဒီပုံရိပ်ကိုထင်ဟပ်စေနိုင်ပေမဲ့ ဒီတစ်ကြိမ်က အတည်ပြောမယ့်အကြောင်းအရာဖြစ်ပါတယ်…..

ဂျပန်မှာတော့ တရားဝင်မိန်းမရင်သားမြို့အဖြစ် သတ်မှတ်ထားတဲ့မြို့တစ်မြို့ရှိပါတယ်။

ထိုနေရာကတော့ Yamaguchi စီရင်စု Hikari မြို့ပဲဖြစ်ပါတယ်။
ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတဲ့ 伊藤博文 Ito Hirobumi စံဟာ အသက် ၉ နှစ်အထိနေထိုင်ခဲ့တဲ့မြို့ဖြစ်ပေမဲ့၊ ထိုနေရာက မိန်းမရင်သားမြို့ဖြစ်တယ်ဆိုတဲ့ ကောလဟလရှိပါတယ်။

 

http://moritakagu.co.jp/news/b_151010

 

အဲ့ဒီလောက် ရူးကြောင်ကြောင်နာမည်တွင်တဲ့မြို့ တော့ ရှိလောက်မှာမဟုတ်ဘူးနော် ? လူမှုကွန်ယက်ပေါ်မှာလည်း နာမည်ကြီးသွားခဲ့ပေမဲ့ တကယ့်အကြောင်းအရာဖြစ်ပါတယ်။
1995 ခုနှစ်ကနေ…..

အမည်ပေးထားတာတော်တော်လေးကြာနေပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာနာမည် !!!
သို့သော် ဒါဟာ တကယ့်ကိုလေးလေးနက်နက်ပေးထားတဲ့နာမည်ဖြစ်ပါတယ်။
ကြည့်ရတာ ရင်သားတွေကိုကြိုက်ပုံမရပါဘူး…

ဒီမြို့ဟာ လက်ရှိလူဦးရေ 50,000 ရှိပေမဲ့၊ 2040 ခုနှစ်မှာ လူဦးရေ 38,000 လောက်လျော့ကျသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
အဲ့ဒီနေရာမှာ ကလေးပြုစုပျိုးထောင်ပုံကတော့ ဒီလိုပါ…..

အဲ့ဒီနှစ်ရဲ့ဇာတ်ကောင်လေးကတော့ ဟောဒီ…. “ ကူတိုချန်” လေးဖြစ်ပါတယ်။

https://gunosy.com/articles/aQRKT?s=s

 

ကလေးကိုတင်းကျပ်စွာဖတ်တယ်ဆိုတဲ့ ကူတိုရဲ့အဓိပ္ပါယ်ကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

ဒီအပြင် ဒီမြို့ရဲ့ပွဲတော်က ရင်သားပွဲတော်….

သံသယဝင်စရာ ပွဲတော်နာမည်လိုမျိုးဖြစ်နေပေမဲ့၊ တကယ့်ကို မိဘနဲ့သားသမီး ပွဲတော်ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုကြေငြာချက်ကိုထုတ်ပြန်ခဲ့သလဲပြောရရင် ကလေးနို့မှုန့်မှာပြဿနာရှိလာတာက အကြောင်းအရင်းပဲဖြစ်ပါတယ်။
ကလေးကြီးထွားရာမှာ နို့မှုန့်ဟာ အလွန်အဆင်ပြေပါတယ်။
သေချာပေါက် အာဟာရပိုင်းဆိုင်ရာမှာ နို့မှုန့်ဟာအလွန်အံ့သြစရာကောင်းပေမဲ့၊ မိခင်ဆီကနေကလေးဆီရောက်ရှိတဲ့ ခန္ဓာကိုယ်သွေးတွင်ဖြစ်ပေါ်သောပဋိပစ္စည်းကတော့ မိခင်နို့ရည်မှသာရရှိပါတယ်။
တဖန် မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် မိခင်နဲ့ကလေးရဲ့ သံယောဇဥ်ဟာပိုမိုနက်ရှိုင်းလာပါတယ်.

အဲ့ဒီအတွက် ဒီမြို့မှာတော့ ….

– ကလေးကို အကောင်းဆုံးပျိုးထောင်ဖို့အတွက် မိခင်နို့ရည်သာတိုက်ကျွေးသင့်သည်။
– မိန်းမရင်သားသည် တန်ဖိုးကြီးသည်။
– မိန်းမရင်သားမြို့အဖြစ် ကြေငြာသည်။

ဆိုပြီးဂုဏ်ပြုရာကနေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

မြို့တော်ဝန်က အကျင့်စာရိတ္တပျက်ပြားသူလို့ ထင်ခဲ့မိတယ်။ ရိုင်းသွားခဲ့ပါတယ်။

ဂျပန်မှာမွေးဖွားနှုန်းလျော့ကျပြီး အသက်ကြီးသူတွေများလာပါတယ်။
ကလေးတွေတိုးပွားလာခြင်းမရှိဘူးဆိုရင် တိုင်းပြည်ဟာ ကျဆင်းသွားပါလိမ့်မယ်။
နောက်ပြီး အရေးကြီးတဲ့ကလေးသူငယ်တွေကို ပျိုးထောင်ပေးတာက ဟောဒီရင်သားတွေပဲဖြစ်ပါတယ်။
အလွန်တန်ဖိုးရှိတဲ့အကြောင်းအရာဖြစ်ကြောင်းကို သိရှိနားလည်ရပါတယ်……။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: