ပျိုတိုင်းကြိုက်တဲ့ အန်ကယ်ကြီးတွေဖြစ်ဖို့ ဘာတွေလိုအပ်မလဲ ?

ဘယ်လောက်ပဲအသက်ကြီးနေပါစေ ကောင်မလေးငယ်ငယ်ချောချောလေးတွေကို ကြွေစေချင်တာကတော့ ယောကျ်ားဆိုတဲ့အမျိုးပေါ့နော်။

အသက်ကြီးပြီး ပိုက်ဆံရှိရင်တော့ ကောင်းတာပေ့ါ။

မဟုတ်ဘူးနော် အဲ့လိုမဟုတ်ဘူး။ ပိုက်ဆံရှိရုံနဲ့မရသေးဘူး ။

ဒါဆိုဘာလဲ ?

https://nikkan-spa.jp/1566714?cx_clicks_pickup=1_title

 

ကောင်မလေးငယ်ငယ်လေးတွေမကြိုက်တာက အနံ့အသက်မကောင်းတာကိုပါ။

ယောကျ်ားလေးတွေချည်းပဲဆိုရင် သတိမထားမိပေမယ့် မိန်းကလေးတွေက မကောင်းတဲ့အနံ့တွေကို ပိုပြီးတော့သတိထားမိတတ်တယ်နော်။

တော်တော်များများကတော့ အရက်နံ့၊ ဆေးလိပ်နံ့  တွေကိုမုန်းကြပါတယ်။

https://nikkan-spa.jp/1566714?cx_clicks_pickup=1_title

 

အရက်မသောက်တဲ့မိန်းကလေးတွေနား အန်ကယ်ကြီးတွေအမူးလွန်ပြီးအနားရောက်လာကို ကောင်မလေးတွေ အမုန်းဆုံးပါပဲ။

https://nikkan-spa.jp/1566714?cx_clicks_pickup=1_title

 

နောက်တစ်ခုက 加齢臭(かれいしゅう)ခရဲရှုး ဆိုတာကိုရောသိပါသလား ?

ယောက်ျားလေးတွေဟာ အသက် ၄၀ လောက်ရောက်ရင် ကိုယ်သင်းနံ့တွေ ပြောင်းလဲလာပါတယ်။

အသက်ကြီးလာလို့ ပြောင်းသွားတဲ့အနံ့ဖြစ်တာကြောင့် 加齢臭(かれいしゅう)ခရဲရှုးလို့ခေါ်တာ ဖြစ်ပါတယ်။

အတိအကျပြောရရင် ရေပုံမှန်ချိုးတာလည်းမှန်ပေမယ့် ချွေးနံ့ပျောက်အောင် အခြေအနေပေါ် မူတည်ပြီး ရေမွှေးကိုအလွန်အကျွံမဟုတ်ဘဲ နည်းနည်းလောက်တော့စွတ်ဖို့လိုပါတယ်။

 

ဒါဆို ထိပ်ပြောင်ရင်ရောရလား ?

ဒါကတော့ ရတယ်လို့ထင်တာပါပဲ။

ထိပ်ဘယ်လောက်ပဲပြောင်နေပါစေ ကြည့်လို့ကောင်းတဲ့ပုံစံဆိုရင်ရပါတယ်။

ပြောရမယ်ဆိုရင် Hollywood ရုပ်ရှင်တွေထဲက မင်းသားတွေထဲမှာ ထိပ်ပြောင်နေတဲ့သူတွေရှိတယ်လေ ဒါပေမယ့် တော်တော်လေးမိုက်တယ်နော်…

ဒါပေမယ့် ဒီလိုပြောင်နေရင်တော့ လက်မခံဘူးနော်။

https://haelier.jp/bold-like-a-barcode

 

ဒါပေမယ့် ဒီလောက်ကရသေးတယ်။ ဒီလိုပြောင်လာရင် ဖုံးထားလို့ရသေးတယ်လေ။ ရုပ်ပိုင်းဆိုင်ရာကိုပဲ ကြည့်နေရင် ဝမ်းနည်းစရာတွေ ဖြစ်လာပါလိမ့်မယ်။

စိတ်ခံစားချက်ကို နားလည်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြောင်းလဲလို့ရပြီနော်…

ဒါတွေကို ဖုံးကွယ်ထားမိတယ်ဆိုရင် ချက်ချင်းဖွင့်ချလိုက်ပါ။

 

နောက်ဆုံးအနေနဲ့ ဒါဟာအရမ်းအရေးကြီးဆုံးဖြစ်တာကြောင့် တော်ကီကောင်းတဲ့သူတွေဆိုရင်တော့ အေးဆေးပါပဲ။

ခေတ်တွေလည်း မတူတော့တာကြောင့် စကားပြောတာတွေလွဲချော်ပြီး အဲ့ဒီမှာတင် ဇာတ်သိမ်းသွားတာမျိုးလည်း ရှိပါတယ်။

ဒီကနေအစပြုရမှာဖြစ်လို့ ရှေ့ဆက်သွားဖို့မဖြစ်နိုင်ဘူးလို့ ယူဆခံရလိမ့်မယ်နော်။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့တော်ကီတွေလွတ်နိုင်တဲ့သူဆိုရင်တော့ နောက်တစ်ခေါက် အတူတူ သွားသောက်ကြမလားလို့စကားစပြီး ဆက်ဆံရေးတွေကို စတင်လိုက်လို့ရပါတယ်။

ပြီတော့ အထူးသတိပေးစရာရှိပါတယ်။

ကိုယ်က ဒီအကြောင်းတွေကိုပြောရတာကြိုက်တယ်ဆိုပေမယ့် ပြောလို့မဖြစ်တာလေးတွေရှိပါသေးတယ်။

– အနှစ်သာရမရှိတဲ့စကားတွေကိုပြောဆိုခြင်း

– ကိုယ့်ရှိတာတွေကို ကြွားဝါပြောဆိုခြင်း

– တစ်ယောက်ယောက်ရဲ့ မကောင်းပြောခြင်း

ဒီလိုလူဆိုရင် အမုန်းခံရမှာသေချာပါတယ်။

 

ကဲ ဘယ်လိုလဲ ?

ဒီလောက်ထိဆိုရင် သိပြီလို့ထင်ပါတယ်။

လူတစ်ယောက်ကို အမြင်တစ်ခုထဲနဲ့ပဲ ဆုံးဖြတ်ပြီး မုန်းတီးကြတာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးတယ်လို့ခံယူထားတဲ့သူတွေဆိုရင်လည်း အရှုံးမပေးနဲ့နော်! ကြိုးစားထား!

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: