မိန်းကလေးတွေအတွက် Mens Sexy Show

ကျားမတန်းတူဆိုတာကောင်းပေမယ့် ဒီလိုတော့လည်းမဟုတ်ပြန်ဘူးနော် ?

ညဘက်သွားတဲ့နေရာတွေမှာ ယောကျ်ားလေးတွေအတွက်ပဲ များပါတယ်။

ညဘက်လျှောက်လည်တယ်ဆိုတာ ယောကျ်ားလေးတွေအတွက်ပဲလား ?

ဂျပန်မှာတော့ အဲ့လိုမဟုတ်တော့ဘူးနော်။ အသစ်ပေါ်လာတဲ့ Mens Sexy Show ဆိုတာက အခုဟော့ဖြစ်နေပါတယ်။

https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ရုပ်ချောတဲ့ကောင်လေးတွေက မီးရောင်စုံတွေအောက်မှာ အဟော့ဆုံးဖော်ချွတ်ပြပြီး အစွမ်းကုန်ကပြဖျော်ဖြေပေးကြပါတယ်။

အဲ့ဒီစတိတ်စင်အောက်မှာ ကောင်လေးတွေကို မျက်စိကျနေတဲ့ မိန်းကလေးဧည့်သည်တွေဖြစ်ပါတယ်။

အဲ့ဒီနေရာကတော့ တိုကျို 表参道 Omote-Sando မှာဖြစ်ပါတယ်။

ဖက်ရှင်တွေအဆန်းပြားဆုံးနေရာလို့တောင်ပြောလို့ရတဲ့ နေရာက Mens Sexy Show ကိုမိတ်ဆက်ပေးပါမယ်။

表参道 Omote-Sando မှာရှိတဲ့ Café Atlantis ဆိုတဲ့ဆိုင်ဖြစ်ပါတယ်။

အဲ့ဒီမှာအပတ်စဥ် တနင်္လာနေ့တိုင်း ည ၈ နာရီလောက်ကနေ ပုံမှန်ပြုလုပ်နေကျ A Men’s Tokyo  Show ဟာလူပြောများတဲ့ပြပွဲတစ်ခုဖြစ်နေပါတယ်။

၈ နာရီပွဲမစခင်မှာပဲ အသက် ၂၀ ကနေ ၄၀ အရွယ်မိန်းကလေးတွေက ဒီနေရာမှာစုရုံးနေကြပါပြီ။

https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

နိုင်ငံခြားသားယောကျ်ားလေးတွေရော ဂျပန်လူမျိုးယောကျ်ားလေးတွေရော ပုံစံဒီဇိုင်းမျိုးစုံနဲ့ စင်ပေါ်မှာကပြဖျော်ဖြေနေကြပါတယ်။

ဒါတွေကို စကားလုံးတွေနဲ့တင်မဟုတ်ဘဲ ပုံနဲ့တကွဖော်ပြလိုက်ပါတယ်။

https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ပွဲက ၂ နာရီလောက်ကြာပါတယ်။

မုန့်ဖိုးတွေလည်းပေးတယ်နော်…

https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

မုန့်ဖိုးကတော့ ၄ ရွက်ကို ယန်း ၁၀၀၀ နဲ့ဝယ်ရတာဖြစ်ပါတယ်။

Dancer တွေကို လွတ်လွတ်လပ်လပ် ထိတွေ့လို့ရပါတယ်။

မိန်းကလေးတွေတော်တော်များများက သူတို့မျက်စိကျတဲ့ Dancer တွေကို ထိတွေ့ချင်တာကြောင့် မုန်းဖိုးပေးပြီး အနားကိုရအောင်ကပ်ကြပါတယ်။

https://nikkan-spa.jp/1576757?cx_clicks_art_mdl=1_title

ဂျပန်နိုင်ငံဟာ ဟိုးအရင်တုန်းက မိန်းကလေးတွေဒီလိုလုပ်တာကို မကြိုက်ကြပါဘူး။

ဒါပေမယ့် ခုတော့ဒီလိုခေတ်ကြီးက ပြောင်းလဲသွားပြီးနော်…

ယောကျ်ားလေးတွေမှမဟုတ်ဘဲ မိန်းကလေးတွေကပါ ညဘက်ထွက်ပြီးပျော်ပါးနိုင်တဲ့ခေတ်ကိုရောက်လာပါပြီ။

ဂျပန်နိုင်ငံအသစ်ကြီးအနေနဲ့ ပြောင်းလဲလာသလို ဒီလိုပတ်ဝန်းကျင်တွေကြားမှာ ပေါ်ထွက်လာတဲ့ Show ဖြစ်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: