သင်လည်းဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ်ပိုင်မြေရဲ့ ပိုင်ရှင်တစ်ဦးဖြစ်လာနိုင်ပါတယ်?!!

အမေရိကန်စစ်တပ်အခြေစိုက်စခန်းက ဂျပန်နိုင်ငံတွင်းမှာ အများကြီးရှိပါတယ်။

ဂျပန်နိုင်ငံရဲ့ အစိုးရက အမေရိကန်ပြည်ထောင်စုကိုပေးအပ်ထားတဲ့ မြေဖြစ်ပေမဲ့၊ တကယ်ကတော့ မြေပိုင်ရှင်က သက်သက်စီရှိပါတယ်။

မြေယာစစ်ဆင်ရေးဆိုတဲ့ မြေအရောင်းအဝယ်က အဲ့ဒီနယ်ပယ်မှာအကျွမ်းဝင်နေသူတွေကြားမှာ ခေတ်စားလာခဲ့ပါတယ်။

 

 

ဂျပန်နိုင်ငံရဲ့ အိမ်ခြံမြေအရောင်းအဝယ်မှာ နိုင်ငံခြားသားတွေကိုကန့်သတ်ထားတာမျိုးမရှိပါဘူး။

ဒီအတွက်ကြောင့် စာဖတ်သူတို့လည်း အခွင့်အခါကြုံလာတဲ့အခါ ဂျပန်နိုင်ငံမှာ အိမ်၊ ခြံ၊ မြေ အစရှိသဖြင့်ဝယ်ယူနိုင်ပါတယ်။

အထပ်မြင့်တိုက်ခန်းတွေလား? လုံးချင်းတစ်ထပ်တိုက်အိမ်တွေလား?

 

ဘယ်လိုနေရာက ကောင်းမယ်လို့ထင်ပါသလဲ?

ဒါပေမဲ့ မြေအရောင်းအဝယ်နယ်ပယ်ရဲ့ ကျွမ်းကျင်သူတွေထဲမှာ ခေတ်စားလာတာကတော့ စစ်တပ်ပိုင်မြေပါ။

ဂျပန်နိုင်ငံမှာရှိနေတဲ့ အမေရိကန်စစ်တပ်မြေကလည်း အရောင်းအဝယ်တွေဖြစ်လာခဲ့ပါတယ်။

 

https://nikkan-spa.jp/1576286?cx_clicks_pickup=5_img

 

စစ်တပ်ပိုင်မြေတွေမှာ ကျွမ်းကျင်တဲ့အိမ်ခြံမြေအကျိုးဆောင်များလည်းရှိပါတယ်။

နေရာတစ်ခုကိုကြည့်လိုက်မယ်ဆိုရင်

ဥပမာ ဂျပန်နိုင်ငံရဲ့ အိုကီနာဝါခရိုင်မှာရှိတဲ့ အမေရိကန်တပ်မတော်အခြေစိုက်စခန်း Kadena Air Base ရဲ့ ထောင့်အကွက်တစ်ကွက်မှာ 121.2㎡ ကို ဂျပန်ယန်း 13,891,986円 နဲ့ ဝယ်နိုင်ပြီး

အစိုးရကို ပြန်ငှားမယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး 239,517円 ယန်းလောက်ရပါတယ်တဲ့။

 

အိုကီနာဝါကတော့ ယခင်က အမေရိကန်စစ်တပ်အခြေချစခန်းဖြစ်ဖူးတော့ အဲ့ဒီနေရာမှာ အမေရိကန်စစ်တပ်ပိုင် မြေကွက်တွေအများကြီးရှိပါတယ်။

https://nikkan-spa.jp/1576286?cx_clicks_pickup=5_img

 

ရင်းနှီးမြှုပ်နှံထားတာ ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ကနေကြည့်ရင် သိပ်ပြီးတန်ဖိုးမရှိလောက်ဘူးလို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ ဘဏ်တွေကအတိုးနှုန်းနိမ့်တဲ့အတွက် ဘဏ်မှာပိုက်ဆံအပ်ပေမဲ့ အတိုးကသိပ်မရပါဘူး။

 

ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ ကွန်ဒိုတိုက်ခန်းတွေ၊ ရုံးခန်းတွေကိုဝယ်ထားပြီး အငှားချရင်းနှီးမြှပ်နှံထားရင် တော်တော်လေးကိုမြတ်ပါတယ်။ သတိထားရမယ့်အရာတစ်ခုကတော့ လာငှားမယ့်သူမရှိရင် ဆုံးရှုံးနစ်နာမယ့်ရလဒ်ကလည်း တော်တော်ကြီးတာပါပဲ။

ဒါကြောင့် လောင်းကစားတစ်ခုဆော့ရသလိုပဲပေါ့။

 

အကြံပြုရရင်တော့ တိုက်ခန်းတွေကိုမဝယ်ဘဲ အိုကီနာဝါမှာရှိတဲ့ အစိုးရပိုင်မြေကွက်ကိုဝယ်ယူပြီး အစိုးရကိုပြန်အငှားချပါ။ အစိုးရကနေတစ်ဆင့် အမေရိကန်စစ်တပ်ကို အဲ့ဒီမြေတွေအငှားပြန်ချပေးမှာဖြစ်ပါတယ်။

 

မိမိအငှားချထားတဲ့မြေကွက်အတွက် လစဥ်ငွေတွေကလည်း အစိုးရကနေတစ်ဆင့်ရမှာဖြစ်တဲ့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။

https://nikkan-spa.jp/1576286?cx_clicks_pickup=5_img

 

နောက်တစ်ခုကတော့ အမေရိကန်အခြေစိုက်စခန်းက ဂျပန်နိုင်ငံရဲ့ လုံခြုံစိတ်ချမှုနဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်ပေးမယ်ဆိုတဲ့ သဘောတရားခံယူချက်ထားပြီး၊

ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ သဘောတူဆုံးဖြတ်ထားတဲ့အတွက် “အမေရိကန်တွေကို မလိုအပ်တော့ဘူး”လို့တော့ ပြောမယ်လို့မထင်ပါဘူး။

 

အကယ်၍ မလိုအပ်တော့တဲ့အခြေအနေတွေဖြစ်လာခဲ့ရင်လည်း အမေရိကန်တွေပြန်ပြောင်းရွေ့ဖို့ အချိန်ယူရအုံးမယ်ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်း ငှားရမ်းခကရနေအုံးမှာပါ။

 

သေချာတဲ့အမြတ်အစွန်းရှိတဲ့ ဒီလိုမြေကွက်တွေကို ဝယ်ချင်သူတွေကလည်း အများကြီးရှိသလို လိုအပ်လို့ပြန်ရောင်းမယ်ဆိုလည်း အလွယ်တကူရောင်းနိုင်ပါတယ်။ ဒါက မြေကွက်ရဲ့ အားသာချက်ပေါ့။

 

တကယ်လို့စာဖတ်သူတို့လည်း ဂျပန်နိုင်ငံမှာမြေကွက်ဝယ်ပြီး အငှားချထားမယ်ဆိုရင်

“ကျွန်တော်, အခုအမေရိကန်ပြည်ထောင်စုစစ်တပ်ကို မြေယာအငှားချပေးနေပါတယ်!!!?”

အဲ့ဒီလိုကြွားနိုင်ပြီပေါ့နော်….(ရယ်လျက်)

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: