ဂျပန်မိန်းကလေးတွေကိုဆွဲဆောင်နိုင်တဲ့ အချက်

ယောကျ်ားလေး ဖြစ်ပြီတော့ ဒါလေးတောင်မလုပ်တတ်ဘူးလား? ?

ဆိုပြီးတော့ မပြောတဲ့ မိန်းကလေးတွေ မရှိသလောက်ပါပဲ။

ဒီတစ်ခါမှာတော့ ဂျပန်မိန်းကလေးတွေက ယောကျ်ားလေးဆိုရင် ဒီလိုမျိုးလုပ်နိုင်တယ်လို့ တွေးတဲ့အချက်တွေရှိပါတယ်။

 

၁။တီဗွီနဲ့ ကွန်ပျူတာ ကြိုးတပ်ဆင်ခြင်း

https://i.redd.it/zl906tzr1mk11.jpg

ဒီအပိုင်းက မိန်းကလေးတွေ အားနည်းတဲ့ နယ်ပယ်ဖြစ်ပါတယ်။

ယောကျ်ားလေးတွေဆိုရင်တော့ စက်ပစ္စည်းတွေကို ကလိရတာ ကြိုက်ကြပါတယ်။

တကယ်ဆိုရင် ဘာမှခက်တာမပါတဲ့ အတွက် ကိုယ့်ကိုယ်ကို အဲ့ဒီနေရာမှာညံ့တယ်လို့ မတွေးပဲနဲ့ စမ်းကြည့်လိုက်ကြနော်။

 

 

၂။ကားတွေဆိုင်ကယ်တွေမောင်းနှင်ရာမှာ ကျွမ်းကျင်ခြင်း

https://static1.squarespace.com/static/59880578d2b857274d25dec7/t/5b9082f6f950b77166c37138/1536197407982/Driving-1024×682.jpg?format=1000w

ယောကျ်ားလေးမိန်းကလေးဆိုင်လို့လား? ထင်ပေမယ့် အန္တရာယ် ကင်းကင်းနဲ့ မောင်းနိုင်တာက ယောက်ျားလေးတွေများတယ်ဆိုတာကို သတိထားမိတဲ့ ဂျပန်လူမျိုးတွေများပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့တွေမှာလည်း ကားတွေများလာတဲ့အတွက် ဖြည်းဖြည်းနဲ့ အန္တရာယ်ကင်းကင်းမောင်နှင်ဖို့လိုပါတယ်။

 

 

၃။ပိုးဟပ်နဲ့ တခြားအကောင်တွေကို အေးဆေးမောင်းထုတ်နိုင်ခြင်း

http://myhealthmyanmar.com/wp-content/uploads/2018/01/Cockroaches.jpg

ဂျပန်မှာဆိုရင်တော့ပိုးဟပ်က ညစ်ပတ်ပြီးရွံစရာကောင်းတဲ့ အကောင်ဖြစ်ပါတယ်။

အဲ့ဒီအတွက် သေချာရှင်းပစ်ရမယ်ဆိုပေမယ့် မိန်းကလေးတွေက ကြောက်လို့အနားတောင်မကပ်ရဲပါဘူး။

တစ်ချို့ဆိုတွေ့ရင် အာဗြဲကြီးနဲ့တောင်အော်နေကြမယ်ထင်ပါတယ်။

ဒီလိုဆိုရင် ငါဟေ့ယောကျ်ား ဆိုပြီးတော့ ပြဖို့အခွင့်အရေးရောက်လာပါပြီ။

မြန်မာနိုင်ငံက ချိဖတို့ ဆိုရင် လက်နဲ့တောင် တောက်ချလိုက်မယ်မလား ?

 

 

၄။ပရိဘောဂတွေ တပ်ဆင်နိုင်ခြင်း

https://i.pinimg.com/originals/e4/a0/8b/e4a08b9b73862103e77e28b2a7b2cd51.jpg

 

ဂျပန်မှာဆိုရင် ကိုယ်တိုင် ပရိဘောဂတွေကို တပ်ဆင်တာတော်တော်များပါတယ်။

ညွှန်ပြချက်စာအုပ်ကိုကြည့်ပြီးလုပ်မယ်ဆိုရင် ဘာမှမခက်တဲ့ ပေမယ့် လုပ်နေကျမဟုတ်တဲ့သူက မလုပ်နိုင်တာတွေလည်းရှိပါတယ်။

ညွှန်ပြချက်စာအုပ်ကိုကြည့်ပြီးလုပ်တဲ့အခါမှာ သစ်သားနဲ့ လုပ်ထားတဲ့ပရိဘောဂ တွေဆိုရင်တော့ တပ်ရတာလွယ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ တပ်ဆင်ထားပြီးသားကို အားကောင်းကောင်းနဲ့ သယ်နိုင်ဖို့လိုမယ်ထင်တယ်နော်…

 

 

၅။ဘူးတွေ ပုလင်းတွေကို အလွယ်တကူဖွင့်နိုင်ခြင်း

http://5.imimg.com/data5/UO/FB/MY-10726817/200-ml-aluminium-can-500×500.jpg

ယောက်ျားပီသတဲ့ သူတွေအများဆုံးတောင်ဆိုခံရတဲ့အချက်ဖြစ်ပါတယ်။

မိန်းကလေးတွေက တောင်းဆိုလာတဲ့အခါမှာ လုံးဝမငြင်းမိစေနဲ့နော်…..

 

 

၆။မြေပုံကြည့်ပြီးလိုရာခရီးရောက်နိုင်ခြင်း

http://cdn.deepjapan.org/content/images/.user/_image1_2_v3WvpA1424224931797.png

မြန်မာနိုင်ငံက သူတွေကတော့ မြေပုံကိုကြည့်ပြီး သွားတဲ့သူနည်းမယ်ထင်ပါတယ်။

ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် မိန်းကလေးတွေက ယောကျ်ားလေးတွေထက် မြေပုံ ကြည့်တာ မကျွမ်းကျင်ဘူးလို့သိရပါတယ်။

မိချောတွေရွာလည်တော့မယ်ဆိုတော့ယောကျ်ားလေးတွေအနေနဲ့ ကြိုးစားပြီးကြည့်ထားဖို့လိုပြီနော်။

 

 

၇။မိန်ကလေးတွေကိုပွေ့ချီနိုင်ခြင်း

https://www.cinemacafe.net/imgs/thumb_h1/114057.jpg

 

ချီခံရတဲ့အခါမှာ မင်းသမီးလေးတစ်ပါးလို့တောင်ကိုယ့်ကိုယ်ကို ထင်မိစေတဲ့ အချက်ပါပဲ။

မိန်းကလေးတွေက နေမကောင်းလို့မထနိုင်တဲ့အခါမှာ တစ်နေရာရာကိုပွေ့ချီပြီးခေါ်သွားပေးတာက ချစ်ဖို့ကောင်းတဲ့ အိမ်မက်ထဲကမင်းသားလေးလို့ မိန်းကလေးတွေက မြင်ကြပါတယ်။ (အယ်လယ့် !)

 

 

၈။ဝိုင်နဲ့ ရှန်ပိန်တွေကိုဖွင့်နိုင်ခြင်း

https://www.wikihow.com/images/thumb/c/ca/Open-a-Bottle-Without-a-Bottle-Opener-Step-17-Version-5.jpg/aid34176-v4-728px-Open-a-Bottle-Without-a-Bottle-Opener-Step-17-Version-5.jpg

အရွယ်ရောက်တဲ့ ယောကျ်ားလေးတွေက မဖြစ်မနေတတ်ထားရမယ့် အရာတစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ရင်း မောင်မူးမဖြစ်ဖို့လိုပါတယ်နော်။

နိုင်ငံခြားစားသောက်ဆိုင်တွေမှာကောင်မလေးနဲ့ သွာစားမယ်ဆိုရင် စမတ်ကျကျနဲ့ အော်ဒါတွေမှာနိုင်တာက အရေးကြီးတဲ့ အချက်တစ်ခုဆိုတာကိုမှတ်ထားဖို့လည်းလိုပါတယ်။

 

 

၉။အကင်တွေလုပ်စားတဲ့ အခါမှာမီးမွေးခြင်း

https://www.mexten.com/wp-content/uploads/2018/09/BBQ-Night_600x300-02.jpg

ဂျပန်မှာ အကင်တွေလုပ်စားတာက တစ်ခါတစ်လေမှဆိုပေမယ့် အမြဲတမ်းလုပ်နေကျမဟုတ်တဲ့သူများပါတယ်။

မီးမွေးနေကျလူမဟုတ်ဘူးဆိုရင် တောင်ပေါ်တွေ ပင်လယ်တွေကို အပျော်ခရီးသွားတဲ့ အခါမှာ လေတိုက်တဲ့ အတွက်ကြောင့် မီးငြိမ်းသွားပါလိမ့်မယ်။

 

မြန်မာနိုင်ငံက ကောင်မလေးတွေလည်း ယောကျ်ားလေးတွေရဲ့ ဆွဲဆောင်မှုရှိတယ်လို့ထင်တဲ့ အချက်တွေရှိမယ်လို့ထင်ပါတယ်။

ဒါကြောင့် ယောကျ်ားလေးတွေအနေနဲ့ မိန်းကလေးတွေအားနည်းတဲ့ နေရာမှာ ကူညီဖေးမဖို့ မတတ်နိုင်သေးတာရှိရင် ကြိုးစားကြရအောင်နော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: