2020 ရဲ့ April Fool ကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲ ?

ဧပြီလ ၁ရက်နေ့ မှာ April Fool ဆိုပြီး အချင်းချင်း စနောက်ကြတယ်ဆိုတာ အားလုံးပဲသိပြီးသားဖြစ်မှာပါနော်။ အဲဒီနေ့ဆို အင်တာနက်ပေါ်မှာ မုသား သတင်းအချက်အလက်တွေကို ကြိုးစားပြီး မျှဝေကာ စနောက်တဲ့အနေနဲ့ ဖော်ပြတဲ့ ကုမ္ပဏီတွေလည်း တိုးပွားလို့လာပါတယ်။

ဒီလို ဉာဏ်ဆင်ကြော်ငြာမှုလုပ်တာကတော့ မေးခွန်းထုတ်စရာပါပဲနော်။ ဘာပဲဖြစ်ဖြစ် ပျော်စရာပေါ့!
ဒီနှစ်လည်း ဘယ်ကုမ္ပဏီတွေရဲ့ ဘယ်လို လိမ်လည်မှုခံလိုက်ရသေးလဲ ?

ရွှင်လန်းစွာရယ်မောရင်း ကိုရိုနာကြောင့် စိတ်ဓာတ်ကျနေတဲ့ ခံစားချက်တွေကို ဖယ်ရှားကြရအောင်နော် !

စမတ်ဖုန်းထိမ်းချုပ်တဲ့ ကြောင် [ Smart Phone Controller Cat ]

https://yorozu-do.com/aprilfool2017/

黒猫のウィズ (Black Cat With) လို့ခေါ်တဲ့ စမတ်ဖုန်းဂိမ်းကို တီထွင်တဲ့ COLOPL Co. , Ltd. ရဲ့ နာမည်ကြီးဂိမ်းထိန်းချုပ်သူ Hori က အခုလိုပဲ April Fool လိုက်ပါတယ်။

ကြောင်တွေအတွက်ထုတ်လုပ်ပေးတာဖြစ်လို့  ၂၂၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ရောင်းမယ် ! ညှောင် ညှောင် ညှောင် . . . တဲ့။
အဲမှာပါတဲ့ ခုလုတ်ကိုနှိပ်လိုက်ရင် ဒီလိုပေါ်လာပါမယ်တဲ့အလှည့်စားခံမယ်ထင်လားလို့ …

 

သိပါတယ်နော် မဖြစ်နိုင်တာကို ! ဟီးဟီး

 

မက်မန်းဝိုင်

https://yorozu-do.com/aprilfool2017/

မြန်မာကမိန်းကလေးတွေလည်း ကြိုက်တဲ့ မက်မန်းဝိုင်။
ဂျပန်နိုင်ငံမှာ အကျော်ကြားဆုံး Choya က မက်မန်းဝိုင်ကို ウメッシュ ( Umeshu) နာမည်နဲ့ ထုတ်လုပ်ဖြန့်ချီခဲ့ပေမယ့် သူ့ရဲ့ ဗားရှင်းအသစ် ကိုထုတ်ပြန်ခဲ့ပါတယ်။

“ အိမ်မက်ထဲကအရသာ ユメッシュ ( Yumeshu ) ၊ မုသားအရသာ ウソッシュ ( Ussoshu )”

သူ့ရဲ့ ကုန်ကြမ်းက တော်တော်လေး အံ့သြဖွယ်ပါပဲ။

 

အိပ်မက်အရသာ ユメッシュ ( Yumeshu )

ပါဝင်ပစ္စည်း -ငယ်စဉ်ကလေးဘဝအိပ်မက်များ၊မျှော်လင့်ချက်များ၊ငြိမ်းချမ်းရေးအတွက်ဆန္ဒများ၊ညှိနှိုင်းခြင်း၊သည်းခံခြင်း

 

မုသားအရသာ ウソッシュ ( Ussoshu )

ပါဝင်ပစ္စည်း – ကြီးမားတဲ့မုသား၊ Netsukuri၊ ညှဉ်းပန်းနှိပ်စက်မှု၊ မျက်ရည်ဝဲနေတဲ့မျက်ဝန်း၊ လုပ်ပြောစကား

 

ဒီပါဝင်ပစ္စည်းတွေကို သေသေချာချာ ‌‌ပေါင်းစပ်ထုတ်လုပ်ထားတာပဲနော်။ ဟားဟား…
အိပ်မက်အရသာမှာတော့ ညှိနှိုင်းခြင်းနဲ့ သည်းခံခြင်းတို့ပါဝင်တာ လက်တွေ့တော့ ကျသားနော်။

 

 

Kappa ပုစွန်

https://yorozu-do.com/aprilfool2017/

Calbee’s Kappa ပုစွန်မုန့်ဆိုတာ ကမ္ဘတစ်ဝှမ်းလုံးမှာ ရှိပါတယ်။
ပုစွန်အရသာရှိတဲ့ သာမန်မုန့်တစ်မျိုးဖြစ်ပြီး မုန့်ကနေ ပုစွန်တန်ပူရာအဖြစ်ပြောင်းလဲသွားမှာတဲ့. . .သက်တမ်းကတော့ စဖွင့်ပြီးနောက်စက္ကန့် ၃၀ အတွင်းပါ။ချက်ချင်းစားကြရမယ်နော် !

 

ကိုယ်ပျောက် တက္ကစီ

Sanwa Kotsu လို့ခေါ်တဲ့တက္ကစီကုမ္ပဏီကကိုယ်ပျောက်တက္ကစီကိုတီထွင်လိုက်ပါပြီတဲ့ !

အိုး နိုး နိုး နိုး . . . ယဉ်တိုက်မှုတွေဖြစ်ကုန်မှာပေါ့ ဒီလိုသာဆိုရုပ်ရှင်ဘယ်လိုရိုက်ကူးနေတယ်ဆိုတာကိုပြတဲ့ဗွီဒီယိုလေး ကြည့်ကြည့်နော်။

 

 

April Fool တာ ကုမ္ပဏီတွေပဲမဟုတ်ပါဘူး။

ဂျပန်မှာရှိတဲ့ ‌ဂျော်ဂျီယာသံရုံးရဲ့ လက်ထောက်သံအမတ်လည်းပါဝင်ပါတယ်။

 

 

https://yorozu-do.com/aprilfool2017/

သံရုံးအနီးရှိ လျှိ့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခု
Dragon Ball ကို ကြည့်ဖူးတဲ့သူတွေတော့ သိကြမယ်ထင်တယ်နော်။

Vegeta ကမ္ဘာမြေပေါ်ရောက်တုန်းက စီးလာတဲ့ အာကာသယဉ်ပါ။

စကားမစပ် ဒီနှစ်မှာတော့ ကိုရိုနာကြောင့် အိမ်မှာအလုပ်လုပ်ကြတဲ့ Work From Home ကုမ္ပဏီ တွေ အများကြီးရှိတယ်နော်။

လာမယ်နှစ်မှာ ဒီထက်ပိုပြီး April Fool ကြမယ်ဆိုရင် ပိုပြီးကောင်းမယ်နော်။
အချင်းချင်း April Fool လုပ်ကြရင်း ဘဝအမောတွေခဏတာအဖြစ် ပြေပျောက်စေမယ်လို့ မျှော်လင့်ပါတယ်။

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: