မိန်းမချောလေးတွေဘာကြောင့် AV အလုပ်ကိုလုပ်ကြလဲ ?

ဂျပန်နိုင်ငံရဲ့ Adult Video တွေဟာ ဂျပန်နိုင်ငံမှာတင်မကဘဲ ကမ္ဘာပေါ်မှာလည်း ကျော်ကြားပါတယ်။

အဲ့ဒီဗီဒီယိုကိုစိတ်ဝင်စားတာကြောင့်ဆိုတာလည်း မှန်ပေမယ့် နာမည်အကြီးဆုံးဖြစ်နေရတဲ့ အကြောင်းပြချက်ကတော့ အဲ့ဒီဗီဒီယိုထဲမှာ သရုပ်ဆောင်တဲ့မိန်းကလေးကလည်းတော်လို့ဖြစ်ပါတယ်။

ဘာလို့ ဒီလိုချောမောလှပတဲ့ မိန်းကလေးတွေက ဘာကြောင့်ဒီလိုအလုပ်မျိုးကို လုပ်နေရတာလဲ ? လို့တွေးမိတဲ့သူတွေလည်း အများကြီးရှိမယ်လို့ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲ့ဒီအလုပ်လုပ်ဖို့အတွက် မော်ဒယ်လုပ်မလားလို့ လိုက်လံရှာဖွေပြီး ခေါ်တဲ့သူတွေရှိနေလို့ဖြစ်ပါတယ်။

လိုက်လံရှာဖွေတဲ့သူက သူ့ရဲ့တာဝန်အရ ဘယ်လိုနည်းလမ်းတွေနဲ့ ပြောလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ပါနော်။

https://nikkan-spa.jp/1565846?cx_clicks_art_mdl=4_title

အရင်ဦးဆုံးဘယ်သူ့ကို စပြီးနှုတ်ဆက်ရမလဲ ဆိုတဲ့အချက်ဖြစ်တာကြောင့် မြို့ထဲမှာလှည့်လည်ပြီး စကားစတာတွေ ပိုများပါတယ်။

အောင်မြင်ဖို့က သိပ်မလွယ်လို့ဖြစ်ပါတယ်။

အဲ့ဒီမှာ အထူးသဖြင့် အလုပ်လုပ်နေတဲ့သူတွေကို စကားစခဲ့တဲ့ပုံပါပဲ။

ဂျပန်နိုင်ငံမှာ မဂ္ဂဇင်းနဲ့ အင်တာနက်ပေါ်မှာ အလုပ်အကိုင်နဲ့ပက်သတ်တာတွေကို စုဆောင်းပေးထားတာတွေရှိပါတယ်။

အဲ့ဒီထဲမှာမှ လုပ်အားခကောင်းကောင်းနဲ့ အချိန်အပိုင်းအလုပ်အနေနဲ့ စုဆောင်းကြတာဖြစ်ပါတယ်။

အဲ့ဒီကြော်ငြာတွေထဲကို မှားပြီးဝင်ရောက်သွားကြပါတယ်။

Adult product တွေကို အစမ်းသုံးကြည့်ရမယ့် အလုပ်ဖြစ်နေတတ်ပါတယ်။

အဲ့ဒီအလုပ်ကို လျှောက်လိုက်မိတဲ့သူတွေက ပုံမှန်ဆိုရင်တော့ အနည်းငယ်လောက်ပဲရှိပါလိမ့်မယ်။

တခြားလူတွေထက် adult video တွေမှာ ပါလို့ နှိမ့်ကျနိုင်ပါတယ်။

အဲ့ဒီထဲမှာမှ ဒီတစ်ယောက်ကတော့ မဆိုးဘူးလို့ ထင်တဲ့သူကို အင်တာဗျူးဖြေခိုင်းတာဖြစ်ပြီး၊ ရုံးခန်းထဲမှာ အလုပ်လုပ်ခိုင်းတာမဟုတ်ဘဲ အဆင့်မြင့်ဟော်တယ်ကြီးတွေမှာ နားနေခိုင်းတာဖြစ်ပါတယ်။

https://nikkan-spa.jp/1565846?cx_clicks_art_mdl=4_title

နောက်ပြီး အင်တာဗျူးတဲ့အခါမှာ အခွင့်အရေးရှိရင် အဲ့ဒီလူရှာတဲ့သူက နာမည်ကြီးမင်းသမီနဲ့ တီဗီအစီအစဥ်တွေမှာပါ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ဘယ်လို ? ဒီလူကတော့ မိုက်တယ်ကွာလို့ အထင်ခံရမယ် ဗျူဟာတွေရှိပါတယ်။

ဒါတွေအားလုံးက အစီအစဥ်တကျ ဆက်လုပ်နေတာဖြစ်ပါတယ်။

နောက်ပြီး ဒီကောင်မလေးက မိုက်တယ်လို့ အထင်ခံရတဲ့အချိန်မှာတော့ စာချုပ်ချက်ချင်းချုပ်၊ အဆင့်မြင့်တိုက်ခန်းကိုပြောင်း၊ ပြီးရင် အားကစားပစ္စည်းတွေနဲ့ အလှပြင်ပစ္စည်းတွေ အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။

နာမည်ကြီး Brand အိတ်တွေနဲ့ လက်ဆောင်တွေကိုလည်းပေးထားတာကြောင့် မိန်းကလေးငယ်ငယ်လေးတွေတော်တော်များများက ပိုက်ဆံဘက်ကိုပဲ စိတ်ယိုင်လာကြပါတယ်။

ရှက်စရာကောင်းတယ်လို့ထင်ပေမယ့် သည်းခံနိုင်ရင် ဘဝကြီးကိုရှေ့ဆက်နိုင်မယ်…

ဒီလိုအတွေးတွေဝင်ရောက်လာပြီး ဘာမဆိုအကုန်လက်ခံလိုက်ကြတာဖြစ်ပါတယ်။

သဘာဝကျကျလှည့်စားခံနေရမှာမျိုးလည်းမဟုတ်ဘဲ စာချုပ်ချုပ်ထားမယ်ဆိုရင် တိုက်ခန်းကနေလည်း မောင်းထုတ်ခံရမှာမဟုတ်ပါဘူး။

ဒီမိန်းကလေးဟာ နာမည်ကြီးနေတဲ့အချိန်အတွင်းမှာ ခံစားခွင့်တွေနဲ့ လစာတွေကတော့ ဒီအတိုင်းပြောင်းလဲမှာမရှိပါဘူး။

ဒါပေမယ့် နာမည်ကြီးနေတဲ့ အချိန်အတောအတွင်းမှာပါပဲ။

လိမ်တာမျိုးလည်းမဟုတ်ပေမယ့် ငွေတစ်ခုထဲကိုပဲကြည့်ပြီး ဒီလိုခဏအတွင်းသာပျော်ရွှင်ရမယ့် အလုပ်မျိုးကို စိတ်မယိုင်မိကြဖို့ သတိပေးလိုက်ပါတယ်။

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: