Kabukicho က ၁၉ နှစ်အရွယ် ဆင်းရဲနွမ်းပါးတဲ့ကောင်မလေး

ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုအရ ၂၀၁၈ ခုနှစ် တိုကျိုမြို့မှာ အိမ်ကထွက်ပြေးလာခဲ့တဲ့ အရွယ်မရောက်သေးသူ အမျိုးသမီး ၅၁၇ ယောက်ကို ထိန်းသိမ်းခဲ့ရပါတယ်။

ထိန်းသိမ်းထားခဲ့တဲ့အရေအတွက်ပဲဆိုပေမယ့် တကယ်တန်းအိမ်ကနေ ထွက်ပြေးလာတဲ့ကလေးတွေက ပိုပြီးတော့တောင်များပါသေးတယ်။

ဘာအတွေ့အကြုံမှလည်းမရှိ၊ အသိပညာကလည်းမရှိတဲ့အပြင် ပိုက်ဆွတစ်ပြားမှမရှိတဲ့လူငယ်လေးတွေက အိမ်ကနေထွက်ပြီး ပုံမှန်နေထိုင်စားသောက်မှုဘဝမှာ နေထိုင်ဖို့က ခက်ခဲပါတယ်။

ဒါတွေကို အကြောင်းပြပြီး ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့သူတွေလည်းရှိပါတယ်။

ဒီတစ်ခေါက်ပြောပြပေးမှာက Kanagawa ခရိုင်ကနေ ထွက်ပြေးလာခဲ့တဲ့ကောင်မလေးဖြစ်ပါတယ်။

https://nikkan-spa.jp/1605707?cx_clicks_sldbox=1_slidemdl

 

အသက်ကတော့ ၁၉ နှစ်ရှိပြီဖြစ်ပြီး Shinjuku နဲ့ Kabukicho မြို့တွေကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်အကိုင်အပေါများဆုံးနိုင်ငံဖြစ်တဲ့အလျောက် ရာဇဝတ်တွေလည်း ပေါများတဲ့ အန္တရာယ်အရှိဆုံးနေရာတွေဖြစ်ပါတယ်။

သူက အဲ့ဒီမြို့မှာ ဘယ်လိုဘဝမျိုးနဲ့ နေထိုင်စားသောက်နေတာလဲ ?

 

အရင်ဆုံးမနက်အစောပိုင်းမှာ ကော်ဖီဆိုင်တစ်ဆိုင်ကိုသွားပါတယ်။

အဲ့ဒီမှာ ကော်ဖီရောင်းတာတော့မဟုတ်ပါဘူး။ ကော်ဖီဆိုင်ကိုလာတဲ့ ကောင်လေးတွေက အဲ့ဒီဆိုင်မှာရှိတဲ့ ကောင်မလေးတွေကို အပြင်ထွက်ဖို့လာခေါ်ကြတာဖြစ်ပါတယ်။

အတူတူထမင်းသွားစားတာတို့ ကာရာအိုကေဆိုင်သွားတာတို့ ဒါလေးတွေလုပ်ရုံနဲ့ပဲ ဝင်ငွေတွေရတာဖြစ်ပါတယ်။

တစ်ရက်မှာ အကြမ်းဖျဉ်း ယန်း ၅၀၀၀ လောက်ရပါတယ်။

ဒါပေမယ့် နှစ်ယောက်တည်းဖြစ်သွားတဲ့အခါမျိုးမှာတော့ အရမ်းကိုအန္တရာယ်များပါတယ်။

 

အဲ့ဒီကော်ဖီဆိုင်၊ လက်သည်းနှင့်မိတ်ကပ်ပြင်ဆိုင်တွေဟာ အလကားသုံးလို့ရပြီး စောင့်နေတဲ့အချိန်တွေမှာ အလကာားစားလို့တောင်ရပြီး ကာတွန်းတွေတောင်ဖတ်လို့ရပါတယ်။

 

နောက်ပြီး ညဘက်တွေမှာဆိုရင်တော့ 相席居酒屋(あいせき いざかや)အအိဆဲခိ ဆိုတဲ့အရက်ဆိုင်ကို သွားပါတယ်။

အဲ့ဒီအရက်ဆိုင်က ကော်ဖီဆိုင်လိုမျိုးပါပဲ။

သူစိမ်းကောင်လေးနဲ့အတူတူထမင်းစားရတယ်တာကြောင့် ကောင်မလေးတွေကတော့ ပိုက်ဆံထုတ်စရာမလိုပါဘူး။

ကောင်လေးကပဲ အကုန်လုံးကိုရှင်းရပါတယ်။

https://nikkan-spa.jp/1605707?cx_clicks_sldbox=1_slidemdl

 

ထမင်းစားရင်းစကားစမြည်ပြောရုံနဲ့ တင်းတိမ်နိုင်တဲ့ယောကျ်ားလေးတွေရှိသလို နောက်တစ်ခေါက်ထပ်တွေ့ဖို့ပြောတဲ့ ယောကျ်ားလေးတွေလည်းရှိပါတယ်။

စကားပြောကောင်းတယ်ဆိုရင်တော့ ဟော်တယ်တောင်ရောက်သွားတတ်ပါတယ်။

ပြီးရင် နောက်မနက်မှာတော့ ကော်ဖီဆိုင်လေးကိုပဲ ထပ်သွားပါတယ်။

၂၄ နာရီဖွင့်တဲ့ဆိုင်တွေလည်းရှိလို့ အဲ့ဒီမှာပဲအိပ်ကြပါတယ်။

 

ကောင်မလေးတွေကိုတွေ့ဖို့ ကော်ဖီဆိုင်နဲ့ အရက်ဆိုင်ကို လာတဲ့လူတွေက အသက်ကြီးအရွယ်ရောက်နေတဲ့ ယောကျ်ားကြီးတွေဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကောင်မလေးဟာ ဘယ်လိုပဲကြည့်ကြည့် အရမ်းငယ်ငယ်လေးနဲ့ အိမ်ကနေထွက်ပြေးလာတယ်ဆိုတာ ဘယ်သူမဆိုသိကိုသိနိုင်ပါတယ်။

ပိုက်ဆံပေးထားလို့ ဘာမှမဖြစ်ဘူးဆိုတာမျိုးမဟုတ်ဘဲ ကောင်မလေးတွေကို လူကြီးတွေကပဲ ကယ်တင်ပေးနိုင်တာမဟုတ်ဘူးလား?

 

၁၉ နှစ်ကတည်းကနေ ဒီလိုဘဝမျိုးကို ဖြတ်သန်းနေရတာ အဆင်ပြေပေမယ့် နောက် ၁၀ နှစ်လောက်ဆိုရင် အသက်ကြီးလာမှာ အသေအချာပါပဲ။

ပတ်ဝန်ကျင်က လူကြီးတွေကြားထဲမှာလည်း ပြဿနာကြီးတစ်ခုပါပဲ။ နောက်ပြီး ကိုယ့်ရဲ့အနာဂတ်အတွက် အားလုံးကို သေသေချာချာမတွေးတဲ့ မိန်းကလေးတွေကိုယ်တိုင်ကလည်း ပြဿနာကြီးတစ်ခုပါပဲ။

ဂျပန်နိုင်ငံကြီး အဆင်ပြေရဲ့လား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: